ရတနာပုံတော်လှန်ရေးတပ်ဖွဲ့(YRF) အနေနဲ့ တပ်ဖွဲ့ကနေ ပထမဆုံး ကျဆုံးခဲ့ရတဲ့ ရဲဘော်ကိုဖိုးပြည့် ကျဆုံးခြင်း‌ ၄ နှစ်ပြည့်အဖြစ် ကျန်ရစ်သူ ရဲဘော်ရဲဘက်တွေ ဦးညွှတ်အလေးပြုခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

အခမ်းအနားကို ရဲဘော်ကိုဖိုးပြည့်ရဲ့အထိမ်းအမှတ်အုတ်ဂူမှာပဲ ရတနာပုံ တော်လှန်ရေးတပ်ဖွဲ့(YRF) က ကျန်ရစ်သူ ရဲဘော်ရဲဘက်တွေဟာ ဦးညွှတ်အလေးပြုခဲ့တယ်လို့ ဆိုပါတယ်။

အဖိနှိပ်ခံပြည်သူလူထုဘက်က မားမားမတ်မတ်ရပ်တည်ပြီး လက်နက်ကိုင်တော်လှန်ရေးဆင်နွှဲကာ အသက်ပေးဆပ်တိုက်ပွဲဝင်ခဲ့သူ ရဲဘော်ကိုဖိုးပြည့်အတွက် ဝမ်းနည်းကြေကွဲရင်း ဂုဏ်ယူဝမ်းမြောက်ရသလို စစ်အာဏာရှင်အမြစ်ပြတ်ပြုတ်ကျရေး ဆက်လက်တိုက်ပွဲနေကြောင်း ရတနာပုံတော်လှန်ရေးတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

စက်တပ်လေထီးဖြင့် ဗုံးကြဲမှုကြောင့် ဝါးရုံပင်အတွင်း ပုန်းခိုနေသည့် အရပ်သား ၁ဦး သေဆုံး ကမ္မ -ရေပြာလမ်းပိုင်းတစ်ဝိုက်ကိုလည်း Y12 လေယာဥ်ဖြင့် ဗုံးအလုံးရေ ၇၀ ကျော်ကြဲ

“လေထီးက လာတော့ သူက ကြောက်လန့်ပြီး ဝါးရုံပင်ကြားထဲသွားပုန်းတာ။ ဗုံးက သူ့အနောက်နားကျပြီး ဗုံးစက သူ့ကျောကိုပေါက်သွားတာပါ။ လေထီး ၂စီးနဲ့ ၃လုံးချတာ၊ အဲ့ ၁လုံးအပြင် နောက်အခြားဘက်ကျတဲ့ အလုံးတွေက မြင်းတွေရော ဆိတ်တွေရော သေတယ်လို့သိရတယ်။" လို့ အညာမြေ အရပ်ဖက်လူမှုအဖွဲ့အစည်း-မြိုင် တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

ဟိုပန်ခရိုင်မှူး တာ့ညီလင်းကို အသက်မပြည့်သည့် ကလေးငယ်အပါ အမျိုးသမီး (၄) ဦးအား အဓမ္မ ပြုကျင့်မှုဖြင့် UWSA ရာထူးဆိုင်းငံ့၊ လျော်ကြေးငွေယွမ် (၃) သိန်း ပေးဆောင်စေပြီး ထောင်ဒဏ် (၁၀) နှစ် ချမှတ်

"ဝ" ပြည်သွေးစည်း ညီညွှတ်ရေး တပ်မတော် - UWSA ထိန်းချုပ်နယ်မြေဖြစ်တဲ့ ဟိုပန်ခရိုင်က ခရိုင်မှူးဖြစ်သူ တာ့ညီလင်းဟာ အမျိုးသမီးငယ် (၄) ယောက်ကို အဓမ္မပြုကျင့် စော်ကားခဲ့မှုနဲ့ UWSA - တရားစီရင်ရေးဌာနက သြဂုတ် ၁၆ ရက် မနေ့က လူထုရှေ့မှာ ထောင်ဒဏ် ၁၀ နှစ်နဲ့ ငွေဒဏ် တရားစီရင်ချက် ချမှတ်ခဲ့တယ်လို့ "ဝ" လူငယ့်အသံက သတင်းဖော်ပြထားပါတယ်။
Read More

မိုးဗြဲမြို့မှာ ၄ ရက်ဆက် တိုက်ပွဲပြင်းထန်နေ၊ စစ်ကောင်စီတပ်က လေကြောင်းပါ အသုံးပြုတိုက်ခိုက်နေ

ရှမ်း-ကရင်နီနယ်စပ် မိုးဗြဲမြို့မှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တို့ ဇန်နဝါရီ ၁၉ ရက်ကစလို့ ဒီနေ့အထိ ၄ ရက်ဆက် တိုက်ပွဲပြင်းထန်နေတယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ဗျူဟာအမှတ်-၂ က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

ကျောင်းသားလက်ရုံးတပ်တော် (၄)နှစ်ပြည့်အခမ်းအနားနှင့် လက်နက်တပ်ဆင်ခြင်း (ဓာတ်ပုံသတင်း)

ကျောင်းသားတပ်ဦး/ ကျောင်းသားလက်ရုံးတပ်တော် (SF/SAF) ရဲ့(၄) နှစ်ပြည့် တပ်တော်နေ့ အထိမ်းအမှတ် အခမ်းအနားနဲ့ လက်နက်တပ်ဆင်ခြင်းကို တပ်တော်ရဲ့ ဗဟိုဌာနချုပ်နယ်မြေမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။
Read More

KNDF တပ်ရင်း (၂၅) က ရဲဘော်တွေရဲ့ ရှေ့တန်းလှုပ်ရှားမှု မှတ်တမ်းများ… (ဓာတ်ပုံသတင်း)

ကရင်နီပြည်အခြေစိုက် ကရင်နီအမျိုးသားများကာကွယ်ရေးတပ် - KNDF တပ်ရင်းအမှတ် ၂၅ က ရဲဘော်တွေရဲ့ ရှေ့တန်းမှာ စစ်ကောင်စီတပ်ကို တော်လှန်တိုက်ခိုက်နေတဲ့ မှတ်တမ်းပုံရိပ်တွေကို အဆိုပါတပ်ရင်းက ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

ရခိုင့်တပ်တော် (AA) နှင့် ချင်းညီနောင် (CB) အကြား လူမျိုးရေး မှိုင်းတိုက်မှုများ ရှိနေသည်ဟု CB ပြော

“ပလက်ဝမှာ ဖြစ်ခဲ့တဲ့ မုဒိန်းကျင့် ဖြစ်စဥ်တွေကို ULA/AA ကနေ ဝန်ခံထားတယ်။ AA ရဲဘော်တွေ ကျူးလွန်သွားတာပေါ့နော်။ ဝန်ခံပြီးမှ လိုအပ်တဲ့ ဆောင်ရွက်မှုတွေ လုပ်နေတယ်ပေါ့။ ဒါပေမယ့် လူမျိုးရေး မှိုင်းတိုက်တဲ့သဘောကို ဒီမှာ ပြန်တွေ့ရပါတယ်။ ကျနော်တို့ကလည်း ညီနောင်အနေနဲ့ ဒီကိစ္စအပေါ် စုံစမ်းတဲ့အခါမှာ တကယ့်မြေပြင်က အရှိတရားက ULA/AA အနေနဲ့ ဒီကိစ္စကို အမြင့်ဆုံးသော ပြစ်ဒဏ်နဲ့ အရေးယူထားတယ်.. ကျူးလွန်သူတွေကို” လို့ ဆလိုင်းယောမာန်က ဆိုပါတယ်။