”ရွှေတောင်မြို့နယ် သမန်ကုန်းကျေးရွာမှာ အုပ်ကြီးကို သတ်ပြီး ရှောင်ပြေးခဲ့ပါတယ်။ သတ်ရတဲ့ အကြောင်းအရင်းက အုပ်ကြီးက တစ်အိမ်တက်ဆင်း စစ်ကောင်စီထဲမဝင်ချင်ရင် ၂ သောင်းခွဲ ၃ သောင်း လိုက်ကောက်နေတဲ့အတွက် လုံးဝအဆင်မပြေတဲ့အချိန်မှာ သူ့ကို သတ်ပစ်ခဲ့ရတာပါ။ ရန်ကုန်တိုင်းဒေသကြီး အောင်မင်္ဂလာအဝေးပြေးမှာ ဖမ်းခံရတာပါ။ ပြီးတော့ နေပြည်တော်ပို့ခဲ့ပါတယ်။ ပြီးတော့ မကွေးကို ပို့ပါတယ်။ မကွေးကနေတစ်ဆင့် ဟိုပုံးသင်တန်းကျောင်းကို ပို့ခဲ့ပါတယ်”

Video-KNLA GHQ

0 Shares:
You May Also Like
Read More

ဘီးလင်းမြို့နယ် ပျဉ်းမပင်ဆိပ်ရွာကို စစ်ကော်မရှင်က လေကြောင်းတိုက်ခိုက်၊ အသက် (၆)နှစ်အရွယ်မှ အသက် (၁၂) အရွယ် ကလေး ၅ ‌ဦးသေဆုံး (ရုပ်/သံ)

မွန်ပြည်နယ် ဘီးလင်းမြို့နယ် ပျဉ်းမပင်ဆိပ်ရွာကို စစ်ကော်မရှင်က လေကြောင်းကနေ ဗုံးကြဲတိုက် ခိုက်ခဲ့ရာ အသက် (၆)နှစ်အရွယ်မှ အသက် (၁၂) အရွယ် ကလေး ၅ ‌ဦးသေဆုံးခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာ ၉ ရက် ညပိုင်းက တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ ပျဉ်းမပင်ဆိပ်ရွာကို စစ်ကော် မရှင်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
Read More

အရေးပေါ်လိုအပ်နေသည့် ယာဉ် ၁ စီး ဖြည့်တင်းနိုင်ဖို့ “Project Buffalo” သိန်း(၅၀၀) “ကား” ကမ်ပိန်း (ရုပ်/သံ)

စစ်ရေးပြင်းထန်နေတဲ့ ရှမ်းပြည်နယ်(‌တောင်ပိုင်း)-ကယား(ကရင်နီ)အစပ်က မိုးဗြဲမြို့အတွင်း ရဲဘော်တွေအတွက် လျင်မြန်စွာ စစ်ဆင်ရေးတွေ လက်ဦးမှုရယူနိုင်ဖို့၊ သတ်မှတ်ပွိုင့်တွေဆီ အချိန်မှီရောက်ရှိဖို့၊ စစ်ရိက္ခာတွေသယ်ယူဖို့၊ ကင်းချိန်းတဲ့ ရဲဘော်တွေနဲ့ အသက်လု‌နေရတဲ့ ထိခိုက်ရဲဘော်တွေကို အချိန်မှီဆေးရုံပို့ဆောင်နိုင်ဖို့ ယာဉ် ၁ စီးအရေးပေါ်လိုအပ်နေတယ်လို့ မိုးဗြဲ ပြည်သူ့ကာကွယ်ရေးတပ်ထံက သိရပါတယ်။
Read More

ဗမာ့တပ်တော် အမှတ် (၃) စစ်ဦးစီးကွပ်ကဲရေးဒေသ အမှတ်စဉ် (၅/၂၀၂၅) အခြေခံစစ်ပညာသင်တန်းဆင်းပွဲ (ရုပ်/သံ)

ဗမာ့တပ်တော်၊ အမှတ် (၃) စစ်ဦးစီးကွပ်ကဲရေးဒေသ၊ အခြေခံစစ်ညာသင်တန်း အမှတ်စဉ် (၅/၂၀၂၅) သင်တန်းဆင်းပွဲအခမ်းအနားကို သြဂုတ် ၅ ရက်မှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ ဗမာ့တပ်တော် - Bamar Army က  ရုပ်သံမှတ်တမ်းနဲ့တကွ ထုတ်ပြန်ခဲ့ပါတယ်။
Read More

ရေပူရွာအနီး စစ်ကြောင်းထိုးလာသည့် စစ်တပ်လက်အောက်ခံ PNO ပြည်သူ့စစ်များအား တိုက်ခိုက်ခဲ့မှု (ရုပ်/သံ)

ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်၊ ရေပူရွာအနီး ဖေဖော်ဝါရီ ၁၆ ရက်က အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံ PNO ပြည်သူ့စစ်တွေကို တိုက်ခိုက်ခဲ့တဲ့ ရုပ်သံမှတ်တမ်းကို အင်းလေးပြည်သူ့ကာကွယ်ရေးတပ်က ထုတ်ပြန်လိုက်ပါတယ်။
Read More

မြို့သိမ်းတိုက်ပွဲတွေဆင်နွှဲပြီး ပြန်လာတဲ့ PLA ရဲဘော်တွေကို အညာမြေလူထု အကအလှတွေနဲ့ သောင်းသောင်းဖြဖြကြိုဆို (ရုပ်/သံ)

၁၀၂၇ စစ်ဆင်ရေးမှာ မြို့သိမ်းတိုက်ပွဲတွေဆင်နွှဲပြီး အညာမြေ ပြန်လာတဲ့ ပြည်သူ့လွတ်မြောက်ရေး တပ်မတော် PLA ရဲဘော်တွေကို အမှတ် ၁ စစ်ဒေသ တစ်နေရာမှာ ပြည်သူတွေက အကအလှတွေနဲ့ သောင်းသောင်းသောင်းဖြဖြ ကြိုဆိုခဲ့ကြတယ်လို့ သိရပါတယ်။
Read More

အင်အား ၇၇ ယောက်ပါ စစ်ကောင်စီစစ်ကြောင်း တစ်ခုလုံးနီးပါး အပြုတ်တိုက်ခံရ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့ လေ့ကျင့်ရေး ၈ ထောက်ပံ့နဲ့ ပို့ဆောင်ဆက်သွယ်ရေးတပ်က ထွက်လာတဲ့ အင်အား ၇၇ ယောက်ပါ အကြမ်းဖက်စစ်သားတွေကို ဇန်နဝါရီ ၅ ရက် မနေ့က ဝက်လက်မြို့နယ် မှတ်ထိရွာနဲ့ မင်းကုန်းရွာကြား တော်လှန်ရေးတပ်တွေက တိုက်ခိုက်ခဲ့တယ်လို့ ရွှေဘိုခရိုင်အမှတ် ၁၅ တပ်ရင်း - Eagle Guerilla Force အဖွဲ့ထံက သိရပါတယ်။