ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ မူးမြို့နယ်နဲ့ ရွှေကျင်မြို့နယ်တို့မှာ စစ်ကောင်စီတပ် လက်နက်ကြီး၊ လက်နက်ငယ် ပစ်ခတ်မှုတွေကြောင့် အရပ်သားပြည်သူ (၄) ယောက် သေဆုံးပြီး (၁) ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က ဒီနေ့ ထုတ်ပြန်ပါတယ်။

ရွှေကျင်မြို့နယ်အတွင်း မေလ (၂၁) ရက်က သံဆိပ်စခန်းရှိ အကြမ်းဖက်စစ်ကောင်စီတပ်က ထင်ကျော်ရော်ဘာခြံ နတ်စင်တံတားမှာ ခရီးသွားလာ နေတဲ့ ပြည်သူတွေကို K3သေနတ်နဲ့ ပစ်ခတ်သတ်ဖြတ်ခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ် ပစ်ခတ်မှုကြောင့် ဝိုင်ကျွန်း ကျေးရွာက (၅၄) နှစ်အရွယ် အမျိုးသား ၁ ယောက်နဲ့ တပင်ချောင်းကျေးရွာမှ (၆၂) နှစ်အရွယ် အမျိုးသမီး ၁ ယောက် သေဆုံးခဲ့ပြီး တပင်ချောင်း ကျေးရွာက (၂၁) နှစ်အရွယ်  အမျိုးသား ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ KNU က ဆိုပါတယ်။

ကျောက်ကြီးမြို့နယ်၊ မတောကုန်း ကျေးရွာကိုလည်း မေလ (၂၃) ရက်မှာ အကြမ်းဖက် စစ်ကောင်စီတပ်ရဲ့ ခမရ-၃၀၇ တပ်စခန်းက ဟောင်ဝစ်ဇာလက်နက်ကြီး ၁၅၅မမ (၂)လုံး ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ် ပစ်ခတ်မှုကြောင့် မတောကုန်းကျေးရွာရှိ နေအိမ်တစ်လုံးပေါ် ကျရောက်ပေါက်ကွဲပြီး နေအိမ်ပိုင်ရှင် (၄၃) နှစ်အရွယ် အမျိုးသမီးနဲ့ စစ်ဘေးရှောင်လာတဲ့ (၇၅) နှစ်အရွယ် အမျိုးသမီး ထိမှန်သေဆုံးခဲ့တယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။

အကြမ်းဖက် စစ်ကောင်စီတပ် အကြမ်းဖက်လုပ်ရပ်တွေကြောင့် ထိခိုက်သေဆုံးမှုများ (ဓာတ်ပုံ KNU)

0 Shares:
You May Also Like
Read More

မတ္တရာရှိ စစ်ရှောင်ပြည်သူတွေကို စားနပ်ရိက္ခာတွေ အားဖြည့်ကူညီ (ဓာတ်ပုံသတင်း)

မန္တလေးတိုင်း ၊ မတ္တရာမြို့နယ်အတွင်း ကျေးရွာပေါင်း ၅၀ ကျော်က စစ်ဘေးရှောင်ဒေသခံပြည်သူတွေဆီ သပိတ်ကျင်းပကဖက စားနပ်ရိက္ခာတွေ ကူညီအားဖြည့်ခဲ့တယ်လို့ ပကဖ အသံက သတင်းဖော်ပြထားပါတယ်။
Read More

မြင်းမူတွင် စစ်ကောင်စီက ရွာ၂ ရွာကို အင်အားအလုံးအရင်းဖြင့် မီးဝင်ရှို့ရင်း အရပ်သား ၉ ဦးကိုပါ လူသားဒိုင်းလုပ် ဖမ်းဆီးသွား

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီက ခြေရာတော်ရွာနဲ့ ကြော့မင်းရွာတို့ကိုစစ်ကြောင်းဝင်မီးရှို့ကာ အရပ်သား ၉ ယောက်ကို လူသားဒိုင်းလုပ် ဖမ်းဆီးသွားကြောင်း မြင်းမူမြို့နယ် သတင်းမှန်ပြန်ကြားရေး တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

ငှက်သားပေါက်ရာသီအတွင်း ငှက်ပစ်အမဲလိုက်တာတွေမလုပ်ဖို့ မင်းတပ် ပအဖ သတိပေး

ရှားပါးငှက်မျိုးစိတ်တွေရဲ့ သားပေါက်ရာသီ ဖြစ်တာကြောင့် မင်းတပ်မြို့နယ်အတွင်း ငှက်ပစ်အမဲလိုက်တာတွေ ၂ လကြာ ပိတ်ပင်တားမြစ်ကြောင်း မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က သတိပေးထုတ်ပြန်ထားပါတယ်။
Read More

ဘောလခဲ မြို့မရဲစခန်းက ရဲတပ်ကြပ်ကြီးနဲ့ ရဲတပ်ကြပ်တို့ လက်နက်ခဲယမ်းတွေနဲ့အတူ ဘောလခဲ PDF ထံ အလင်းဝင်လာ

ကရင်နီပြည်နယ်၊ ဘောလခဲမြို့မရဲစခန်းက ရဲတပ်ကြပ်ကြီး ၁ ယောက်နဲ့ ရဲတပ်ကြပ် ၁ ယောက်ဟာ ဘောလခဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (BPDF) ဆီ ဒီဇင်ဘာလအတွင်း အလင်းဝင်ရောက် ခိုလှုံခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
Read More

မင်းအောင်လှိုင် တရုတ် သွားမည်ဟု ထုတ်ပြန်၊ ကမ္ဘာ့ဖက်ဆစ်ဆန့်ကျင်ရေးစစ်ပွဲ အောင်နိုင်ခြင်း နှစ် (၈၀) ပြည့်ပွဲကိုလည်း အကြမ်းဖက်စစ်ခေါင်းဆောင် တက်ရောက်ဦးမည်ဟု ဆို

တရုတ်နိုင်ငံကို အကြမ်းဖက် စစ်ကော်မရှင်ခေါင်းဆောင် မင်းအောင်လှိုင်က အလုပ်သဘောနဲ့ ခရီးသွားရောက်မယ်လို့ စစ်တပ်အားပေး မီဒီယာတွေနဲ့ စစ်တပ်လော်ဘီတွေက သတင်းဖော်ပြထားပါတယ်။
Read More

၇ ယောက် သေဆုံးခဲ့တဲ့ အကြမ်းဖက်စစ်အုပ်စု ဥက္ကံကျေးရွာကို လေကြောင်းကနေ တိုက်ခိုက်ခဲ့တဲ့ဖြစ်ရပ်ကို NUG လူ့အခွင့်အရေးဝန်ကြီးဌာန ထုတ်ပြန်

စစ်ကိုင်းတိုင်း၊ ကောလင်းခရိုင်၊ ကောလင်းမြို့နယ် ဥက္ကံကျေးရွာကို အကြမ်းဖက်စစ်အုပ်စုက စက်တင်ဘာလ (၃၀)ရက် နေ့လယ်ပိုင်းမှာ လေကြောင်း တိုက်ခိုက်မှု ပြုလုပ်ခဲ့တဲ့ ဖြစ်ရပ်ကို အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။