တနင်္သာရီတိုင်း၊ ထားဝယ်မြို့ပေါ်ရှိ အိမ်ရှေ့ပြင်ရပ်ကွက်လမ်းဆုံမှာ ဧည့်စာရင်းလိုက်စစ်နေတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ကို ​မိုင်းဖောက်ခွဲပြီး ခြိမ်းခြောက်တိုက်ခိုက်ခဲ့တယ်လို့ ထားဝယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (Dawei Defense Team-DDT) က ဒီနေ့ ထုတ်ပြန်ပါတယ်။

မေလ ၂၃ ရက် ညပိုင်းက အိမ်ရှေ့ပြင်ရပ်ကွက်လမ်းဆုံမှာ ပြည်သူ့နေအိမ်တွေကို ဧည့်စာရင်းလိုက်စစ်နေတဲ့ စစ်ကောင်စီတပ်ကို ထားဝယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ က မိုင်း ၁ လုံး ဖောက်ခွဲကာ ခြိမ်းခြောက်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါဖောက်ခွဲတိုက်ခိုက်မှုဟာ မြို့နေပြည်သူလူထုကို နေ့စဥ်နဲ့အမျှ စိတ်ဒုက္ခမျိုးစုံပေးနေတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ကို စိတ်ဓာတ်စစ်ဆင်ရေး ခြိမ်းခြောက်မှုတစ်ခုအဖြစ် ပြုလုပ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် နောက်နောင် ပိုမိုထိရောက်တဲ့ မြို့ပြစစ်ဆင်ရေးတွေ ဆက်လက်ဖော်ဆောင်သွားနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ DDT တပ်ဖွဲ့က ဆိုပါတယ်။

အဲ့ဒီပေါက်ကွဲမှုဟာ ထားဝယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – (DDT) ရဲဘော်တွေ လုပ်ဆောင်ခဲ့တာဖြစ်ပြီး မြို့ခံပြည်သူလူထုနဲ့ လုံးဝ (လုံးဝ) သက်ဆိုင်မှုမရှိကြောင်း DDT က အသိပေး ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

ငလျင်ဒဏ်သင့် ပြည်သူတွေထံ အမြန်ဆုံး ထောက်ပံ့ကူညီမှုတွေ ပေးအပ်မည်ဟု ညီနောင်မဟာမိတ် ၃ ဖွဲ့ ထုတ်ပြန်

ငလျင်ဘေးဒဏ်သင့် ပြည်သူတွေအပေါ် လူသားချင်း စာနာထောက်ထားစွာဖြင့် တတ်နိုင်တဲ့ဘက်က အမြန်ဆုံး ထောက်ပံ့ကူညီပေးအပ်မှုတွေ လုပ်ဆောင်သွားမယ်လို့ ညီနောင် မဟာမိတ် ၃ ဖွဲ့က ထုတ်ပြန်ကြေညာပါတယ်။
Read More

တီးတိန်မှာ စစ်ကောင်စီတပ်သား ၂ ဦး လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်လာ…

ချင်းပြည်နယ်၊ တီးတိန်မြို့မှာ တာဝန်ကျနေတဲ့ အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ စစ်သား ၂ ယောက် လက်နက်ခဲယမ်းများနဲ့ အလင်းဝင်လာတယ်လို့ PDF Zoland က ဒီနေ့ ထုတ်ပြန်ပါတယ်။ တီးတိန်မြို့ရှိ ခလရ ၂၆၉ ကာကွယ်ရေးတပ်က ၂၃ နှစ်အရွယ်ရှိ စစ်ကောင်စီတပ်သား ၂ ယောက်က ဧပြီ ၇ ရက် မနေ့က လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာတာဖြစ်တယ်လို့ PDF Zoland က မှတ်တမ်းဓာတ်ပုံနဲ့အတူ ထုတ်ပြန်ထားပါတယ်။
Read More

မုံရွာ-မန္တလေး လမ်းပိုင်းရှိ စစ်တပ်စခန်းမှ ဒုတပ်ကြပ် ၁ ဦး သေနတ် ၁ လက်နှင့်အတူ အလင်းဝင်လာ

စစ်ကိုင်းတိုင်း၊ မုံရွာ- မန္တလေး လမ်းပိုင်းမှာ တာဝန်ကျနေတဲ့ အကြမ်းဖက်စစ်ကောင်စီစခန်းမှ ဒုတပ်ကြပ် ၁ ယောက် သေနတ် ၁ လက်နဲ့အတူ အလင်းဝင်ရောက်လာတယ်လို့ Urban Hunter Force - UHF က ထုတ်ပြန်ထားပါတယ်။
Read More

ထောက်ကြန့်မြို့နယ်ရှိ အမှတ် ၃လမ်းနှင့် အမှတ် ၇ လမ်းဆုံမှ စစ်ကောင်စီတပ် ဘန်ကာကင်းကို မိုင်းခွဲတိုက်ခိုက်…

"အဝေးထိန်း ၂ လုံးသုံးခဲ့ပေမယ့် ၁ လုံးပဲ ကောင်းကောင်း အောင်တယ်။ နောက် ၁ လုံးက ပေါက်ကွဲအား နည်းသွားတယ်။ သိရသလောက် စစ်ခွေးအစောင့် ၃ ကောင်အပြင်ထွက်ချိန် ဆွဲလိုက်တာမှာ ၁ ကောင်ပဲ ထိပြီး လဲကျသွားတယ်ပေါ့။ နောက်ဆက်တွဲထိခိုက်မှုတွေကိုတော့ မြေပြင်ထောက်လှမ်းနေဆဲပါ။"လို့ Operation Flame (OF) ရဲ့ သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံက မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

မန္တလေးတိုင်းစစ်ဌာနအော​က်မှ တိုက်ပွဲတွင်း ဆေးပညာနှင့် အခြေခံကျန်းမာရေး စောင့်ရှောက်မှု့ စစ်/ဆေးသင်တန်း (M1) အောင်မြင်စွာ ပြီးစီး

အမျိုးသားညီညွှတ်ရေးအစိုးရ ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ စစ်ရုံးချုပ်၊ စစ်ရေးဌာန၊ ဆေးဝန်ထမ်းဌာနခွဲ ၊ မန္တလေးတိုင်းစစ်ဌာနက တိုက်ပွဲတွင်း ဆေးပညာနဲ့ အခြေခံကျန်းမာရေးစောင့်ရှောက်မှု့ စစ်/ဆေး (M1) သင်တန်းဆင်းပွဲ​ကို ပြီးခဲ့တဲ့ သြဂုတ်လ (၈) ရက်က အောင်မြင်စွာ ကျင်းပပြီးစီးခဲ့တယ်လို့ ဒီနေ့မှာ ထုတ်ပြန်လာပါတယ်။
Read More

လေးနှစ်တိုင် CDM ဝန်ထမ်းများ တိုက်ပွဲဝင်နေမှုအပေါ် အပြည့်အ၀မကူညီနိုင်ခဲ့ဟု NUG ပြော

CDM လှုပ်ရှားမှုတွေထဲက ပြည်သူ့ဘက်တော်သားတွေရဲ့ ကိုယ်ကျိုးစွန့် အနစ်နာခံမှုတွေဟာ ကြီးမားတဲ့ကဏ္ဍက ပါဝင်နေလို့ CDM သူရဲကောင်းအားလုံးကို ဦးညွတ်အ‌လေးပြုကြောင်း NUG ရဲ့ ယာယီသမ္မတ ဒူဝါလရှီးလက ပြောပါတယ်။