မကွေးတိုင်း၊ ယောဒေသ၊ ဂန့်ဂေါမြို့မှာ ခလရ ၅၀ တပ်က ဒုတပ်ကြပ်ဂျူလိုင်ထွန်းဆိုသူ မူးယစ်ဆေးကြောင်ပြီး ကိုယ့်ကိုကိုယ် သေနတ်နဲ့ပစ်ခတ် အဆုံးစီရင်သွားကြောင်း ယောအလင်းတန်းအဖွဲ့ ထံက သိရပါတယ်။

မေလ ၂၁ရက် ညပိုင်းမှာ အဆိုပါဖြစ်စဥ် ဖြစ်ပွားခဲ့တာဖြစ်ပြီး အိမ်ထောင်ရေးပြဿနာနဲ့ မူးယစ်ဆေးဝါး အလွန်အကျွံသုံးစွဲမှုတွေကြောင့် အခုလိုလုပ်ရတာဖြစ်တယ်လို့လည်း သိရပါတယ်။

ဒုတပ်ကြပ် ဂျူလိုင်ထွန်းအနေနဲ့ အကြမ်းဖက်စစ်ကောင်စီ အာဏာသိမ်းကာလအစ ဂန့်ဂေါမြို့အတွင်း နာမည်ဆိုးနဲ့ကျော်ကြားတဲ့ ပျူစောထီးခေါင်းဆောင် P2ဖိုးဇော်၊ တပ်တွင်းကျည်ဆန်ခိုးရောင်းသူ ဗိုလ်ကြီး မျိုးဝင်းသူ၊ ပင်လည်ဘူးတိုက်ပွဲအတွင်း သေဆုံးသွားတဲ့ ဒုတပ်ရင်းမှူး ရဲရန်ပိုင်ဆိုသူတို့နဲ့ ပူးပေါင်းကာ ၂လုံး၃လုံး လောင်းကစားဒိုင်

အဖြစ်လုပ်ဆောင်ခဲ့ကြောင်း၊ လောင်း​​ကြေးရှုံးသူတွေရဲ့နေအိမ်တွေကို အာဏာပြဖယ်ရှားရာမှာ ဦးဆောင်ခဲ့ကြောင်း ယောအလင်းတန်းအဖွဲ့ဝင် ကိုဘကောင်းက ပြောပါတယ်။

ဒါ့အပြင်၂၀၂၃ခုနှစ် နှစ်ကုန်ပိုင်းတုန်းကလည်း ပျူစောထီးခေါင်းဆောင် P2ဖိုးဇော်နဲ့ အပေါင်းအပါတွေရဲ့ လောင်းကစားကြက်ဝိုင်းကို ဝင်ရောက်ဖမ်းဆီးတဲ့ ရဲတပ်ဖွဲ့ဝင်တွေအပေါ် အာဏာပြ​ခြိမ်းခြောက်တာမျိုးတွေရှိခဲ့ကြောင်း သိရပါတယ်။

“ဂျူလိုင်ထွန်းက ပင်လည်ဘူးမှာကျသွားတဲ့ 2ic ရဲရန်ပိုင်ရဲ့ ကားကိုလိုက်မောင်းပေးရတဲ့သူ။ သူတို့ချင်း အဆင်ပြေချိန်ကဆို မြို့ပေါ်မှာ လောင်းကစားတွေ မူးယစ်ဆေးတွေကို သူတို့ပဲ ဦးဆောင်လုပ်တာ။ နောက်မှ အပြောင်းလဲတွေဖြစ်ပြီး ဗိုလ်ကြီး မျိုးဝင်းသူတို့ မရှိတော့မှ သူတို့လောင်းကစားလုပ်တာတွေငြိမ်သွားတာ။ သူ့မိန်းနဲ့ကကွဲနေတာ။ သူကိုယ်တိုင်က ဆေးစွဲနေတာရော အရင်လို အာဏာပြမရတော့တာရောကြောင့်ဖြစ်မယ်ထင်တယ်။” လို့ ဒေသခံ ၁ယောက်ကလည်း ပြောပါတယ်။

ဒုတပ်ကြပ်ဂျူလိုင်ထွန်းရဲ့အလောင်းကို အခင်းဖြစ်ပြီး ညတွင်းချင်းမှာပဲ ဂန့်ဂေါမြို့ပေါ်၊ ရေပုတ်သုဿာန်မှာ သဂြိုလ်ခဲ့ကြောင်း၊ တိုက်ပွဲအတွင်းကျဆုံးတာ မဟုတ်တာကြောင့် ပင်စင်ခံစားခွင့် ရရှိဖို့ဖြစ်နိုင်မှာမဟုတ်ဘူးလို့လည်း ယောအလင်းတန်းက ဖော်ပြထားပါတယ်။

0 Shares:
You May Also Like
Read More

မြဝတီမြို့ အမှတ် ၅ ရပ်ကွက်က စစ်ကောင်စီ အုပ်ချုပ်ရေးအဖွဲ့အချင်းချင်း စကားများရာက ပစ်ခတ်မှုဖြစ်ပြီး တစ်ယောက် သေကာ တစ်ယောက် အပြင်းအထန် ဒဏ်ရာရရှိ…

ကရင်ပြည်နယ်၊ မြဝတီမြို့၊ အမှတ် (၅) ရပ်ကွက်မှာ အုပ်ချုပ်ရေးအဖွဲ့ အချင်းချင်း စကားများရာက သေနတ်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ရာအိမ်မှူး မြင့်စိုး (ခ) စိုးငယ်ဆိုသူမှာ နေရာမှာပဲ ပွဲချင်းပြီးသေဆုံးကာ ရာအိမ်မှူး ဝင်းကိုဆိုသူ အပြင်းထန်ဒဏ်ရာရရှိကာ အရေးပေါ်ဆေးကုသမှု ပြုလုပ်နေရတယ်လို့ မြဝ​တီမြို့ခံတွေဆီက သိရပါတယ်။
Read More

စစ်မှုထမ်းသင်တန်းဆင်း စစ်သား ၂ယောက် Loikaw Local PDF ထံ အလင်းဝင်

လွိုင်ကော်မြို့နယ် ဒေသခံပြည်သူ့ကာကွယ်ရေးတပ် (Loikaw Local PDF) ထံကို စစ်မှုထမ်းသင်တန်းဆင်း စစ်ကောင်စီတပ်သား ၂ယောက် လက်နက်မဲ့ အလင်းဝင်လာတယ်လို့ အဆိုပါ တပ်ဖွဲ့ထံက သိရပါတယ်။
Read More

တော်လှန်အနုပညာရှင် ဖြူဖြူကျော်သိန်း၏ Phyu Phyu in Melbourne ဂီတဖျော်ဖြေပွဲ အောင်မြင်စွာ ပြီးဆုံး

တော်လှန်အနုပညာရှင် ဖြူဖြူကျော်သိန်းရဲ့ သြစတြေးလျ ခရီးစဉ်အဆုံးသတ် Phyu Phyu in Melbourne ဂီတဖျော်ဖြေပွဲ အောင်မြင်စွာ ပြီးဆုံးခဲ့တယ်လို့ ဖြူဖြူကျော်သိန်းက သူ့ရဲ့လူမှုကွန်ရက်ကတဆင့် အသိပေးပါတယ်။
Read More

မတ်လတစ်လတာအတွင်း စစ်ကောင်စီတပ်က အလင်းဝင် (၆၈) ဦးနှင့် စစ်သုံ့ပန်း (၅၉) ဦးရှိဟု ပြည်သူ့ပန်းတိုင် ထုတ်ပြန်

မြန်မာနိုင်ငံတစ်ဝန်း မတ်လတစ်လတာအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်က အလင်းဝင်လာသူ (၆၈) ယောက်နဲ့ ဖမ်းဆီးရမိသူ (၅၉) ယောက် ရှိတယ်လို့ ပြည်သူ့ပန်းတိုင်အဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

CDF-မတူပီ၊ တပ်မဟာ ၂ ၊ တပ်ရင်း ၂ က ၄ ကြိမ်မြောက် ညီလာခံကျင်းပ

ချင်းပြည်နယ် ကာကွယ်ရေးတပ်ဖွဲ့(မတူပီ)၊ တပ်မဟာ ၂ ၊ တပ်ရင်း၂ (အောက်ချင်းတပ်ရင်း) က လေးကြိမ်မြောက်ညီလာခံကို ဖေဖော်ဝါရီလ ၁၈ ရက်ကနေ ၂၄ ရက်အထိ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

စစ်ရှောင်အမျိုးသားတစ်ယောက်ကို အကြမ်းဖက်စစ်တပ်က လည်လှီးသတ်ဖြတ်သွား

မကွေးတိုင်း၊ မြိုင်မြို့နယ်ထဲမှာ စစ်ရှောင်နေတဲ့ ဒေသခံအမျိုးသားတစ်ယောက်ကို အကြမ်းဖက်စစ်တပ်က လည်လှီးသတ်ဖြတ်သွားတယ်လို့ အညာမြေ အရပ်ဖက်လူမှုအဖွဲ့အစည်း − မြိုင်ထံမှ သိရပါတယ်။ နိုဝင်ဘာ ၂၇ ရက်နေ့မှာ မြိုင်မြို့နယ် စက်မှု (၂) ကနေ စစ်ကြောင်း ထွက်ခွာလာတဲ့ စစ်ကော်မရှင်တပ်သားတွေဟာ ၄င်းတို့နဲ့ ပက်ပင်းတိုးတဲ့ တောတိုက်မှာစစ်ရှောင်နေတဲ့ ညောင်ရွာကျေးရွာက အမျိုးသားတစ်ယောက်ကို သရက်ကန်ပျူရွာထဲကို ဖမ်းဆီးခေါ်ဆောင်လာတယ်လို့ ဆိုပါတယ်။