ကျိုင်းတုံမြို့မှာ အကြမ်းဖက်ခေါင်းဆောင် မင်းအောင်လှိုင်တို့ လင်မယားက သူတို့ ကိုးကွယ်တဲ့ ၀စီပိတ်ဘုန်းကြီးရဲ့ လောကသရဖူစေတီ ဘုရားဌာပနာ ယတြာချေပွဲနဲ့ ဆေးရုံဖွင့်ပွဲ တက်ရောက်ခဲ့တယ်လို့ စစ်ကောင်စီ မီဒီယာနဲ့ ဝါဒဖြန့်လော်ဘီတွေရဲ့ သတင်းဖော်ပြမှုအရ သိရပါတယ်။

ကျိုင်းတုံကို ရောက်ရှိခဲ့တဲ့ မင်းအောင်လှိုင်တို့လင်မယားက ၀စီပိတ်ဘုန်းကြီးရဲ့ ခေါ်ယူမှုကြောင့် ဘုန်းကြီးကို အဓိက သွားရောက် တွေ့ဆုံတာဖြစ်ပြီး ၀စီပိတ်ဘုန်းကြီး ဦးဆောင် တည်ဆောက်နေတဲ့ ပန်းကွဲဗုဒ္ဓဥယျာဉ်တော်အတွင်း လောကသရဖူစေတီ ဘုရားဌာပနာ ယတြာချေရာမှာ အကြမ်းဖက်မင်းအောင်လှိုင်က အစီအရင် အင်းပြား မြှုပ်နှံတာတွေ လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ၀စီပိတ်ဘုန်းကြီးနဲ့ အကြမ်းဖက် မင်းအောင်လှိုင်တို့ ပူးပေါင်းတည်ဆောက်နေတဲ့ ဗုဒ္ဓဥယျာဉ်တော်မှာ ၀စီပိတ်ဘုန်းကြီးက မြေနေရာ ရွေးချယ်ကာ အစီအရင်တွေနဲ့ တည်ဆောက်ခိုင်းခဲ့တဲ့ သီလဓမ္မဆေးရုံကိုလည်း မနေ့က ဖွင့်လှစ်ခဲ့တယ်လို့ သိရပါတယ်။

မင်းအောင်လှိုင် တြိဂံဒေသတိုင်းစစ်တိုင်းမှူး ဗိုလ်ချုပ်ဘ၀ကတည်းက ကိုးကွယ်ခဲ့ပြီး ၀စီပိတ်ဘုန်းကြီးလို့ လူသိများတဲ့ ကျိုင်းတုံမြို့ရှိ အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တကောဝိဒဟာ မင်းအောင်လှိုင်အတွက် ယတြာတွေ အမြဲချေပေးခဲ့တဲ့ ဘုန်းကြီးဖြစ်တယ်လို့ သိရပါတယ်။

၂၀၂၁ ခုနှစ်က စစ်အာဏာမသိမ်းခင်မှာလည်း အကြမ်းဖက်မင်းအောင်လှိုင်နဲ့ ကြူကြူလှက အင်း၊ အိုင်၊ ယတြာကိစ္စရပ်တွေ ပြုလုပ်ပေးရာမှာ နာမည်ကျော်တဲ့ ၀စီပိတ်ဘုန်းကြီးဆီကို သွားရောက်ပြီး အာဏာသိမ်းဖို့ တိုင်ပင် ယတြာစီစဉ်ခိုင်းတာတွေ လုပ်ဆောင်ခဲ့တယ်လို့ တပ်တွင်းသတင်းရင်းမြစ်တွေဆီက သိရပါတယ်။

0 Shares:
You May Also Like
Read More

ချက်သမ္မတနိုင်ငံက Peace Foundation တစ်ခုရဲ့ ၁၀ နှစ်မြောက် နှစ်ပတ်လည် အခမ်းအနားကို NUG ကိုယ်စားလှယ် တက်ရောက်ခဲ့

အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ချက်သမ္မတနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် ဦးလင်းသန့်ဟာ စက်တင်ဘာလ ၂၁ ရက်က ချက်သမ္မတနိုင်ငံ ပရာဟာမြို့မှာ Heavenly Culture, World Peace, Restoration of Light (HWPL) -Czech Republic က ကြီးမှူးကျင်းပတဲ့ Peace Foundation ၁၀ နှစ်မြောက် နှစ်ပတ်လည် အခမ်းအနားကို တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။
Read More

ရေနံချောင်းရှိ ရှေးဟောင်းဘုရားပေါ် စစ်အုပ်စု စက်တပ်လေထီးဖြင့် ပစ်ခတ်၊ စေတီများပျက်စီးပြီး ပြည်သူတစ်ဦး ဒဏ်ရာရ

“ဘုန်းကြီးကျောင်းထက်စာရင် ရှေးဟောင်းစေတီ ၂ဆူ ပျက်စီးသွားတာရှိတယ်၊ ဒေသခံက ဘယ်လိုထိခိုက်သွားလဲဆိုတော့ သူက အဲ့နားဝန်းကျင်မှာ နွားကျောင်းနေတာ၊ နွားကျောင်းရင်းထိသွားတာ” လို့ ရေနံချောင်း PDF တာဝန်ခံ စံရှားက မောင်းကို ပြောပါတယ်။
Read More

ဝမ်းတွင်းမြို့အနီး ဗဟိုပြုပြီး ရစ်ချက်တာစကေး ၄.၂ အဆင့်ရှိ အင်အားအသင့်အတင့်ရှိတဲ့ မြေငလျင်တစ်ခု ထပ်မံလှုပ်ခတ်ခဲ့

မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့အနီး မြေအောက်အနက် ၁၀ ကီလိုမီတာကို ဗဟိုပြုပြီး ရစ်ချက်တာစကေး ၄.၂ အဆင့်ရှိ အင်အားအသင့်အတင့်ရှိတဲ့ မြေငလျင်တစ်ခု ဧပြီလ ၁၉ ရက် ဒီနေ့ မနက် ၇နာရီ ၅၀ မိနစ်အချိန်မှာ ထပ်မံလှုပ်ခတ်ခဲ့တယ်လို့ NUG လူသားချင်း စာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာနက သတိပေးထုတ်ပြန်ပါတယ်။
Read More

မိုးဗြဲမြို့တွင် စစ်ကောင်စီတပ် လက်နက်ကြီး ပစ်ခတ်မှုကြောင့် အသက် ၂၀ ကျော်အရွယ် အရပ်သားတစ်ဦး သေဆုံး

ကရင်နီပြည်နယ်၊ မိုးဗြဲမြို့မှာ စစ်ကောင်စီတပ် လက်နက်ကြီး ​ပစ်ခတ်တိုက်ခိုက်မှုကြောင့် ဒေသခံ ၁ ယောက် ထိမှန်သေဆုံးခဲ့တယ်လို့ Mobye Local PDF က မနေ့က ထုတ်ပြန်ပါတယ်။
Read More

သီတင်းကျွတ်လပြည့်နေ့ မနက်ပိုင်းတွင် အကြမ်းဖက်စစ်တပ်မှ နမ္မတူမြို့ထဲကို လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ္မတူမြို့ထဲကို ဗုဒ္ဓဘာသာဝင်တို့ အထွဋ်အမြတ်ထားရာနေ့ဖြစ်တဲ့ သီတင်းကျွတ်လပြည့်နေ့မှာ အကြမ်းဖက်စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် နေအိမ်(၆) လုံး ထိမှန်ပျက်စီးခဲ့တယ်လို့ တအာင်းတပ်မတော် (TNLA) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ကူမင်းဆွေးနွေးပွဲမှာ စစ်ကောင်စီ အပေါ်စီးက ဆွေးနွေးနိုင်ကြောင်း TNLA ခေါင်းဆောင် ပြော

စစ်ကောင်စီနဲ့ တအာင်းတပ်မတော် (TNLA) တို့ တွေ့ဆုံမယ့် ကူမင်းဆွေးနွေးပွဲမှာ စစ်တပ်ဘက်ကအပေါ်စီးကနေ ဆွေးနွေးနိုင်ကြောင်းကို TNLA အထွေထွေအတွင်းရေးမှူးချုပ် ဗိုလ်ချုပ်တားဘုန်းကျော်က ပြောပါတယ်။