တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံ စစ်ဘက်ဆိုင်ရာလုံခြုံရေးတပ်ဖွဲ့ရုံးကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၂ ယောက် သေဆုံးခဲ့တယ်လို့ ထားဝယ်ခရိုင် တပ်ပေါင်းစုက ဒီနေ့ ထုတ်ပြန်ပါတယ်။

လောင်းလုံမြို့ပေါ်က စရဖရုံးကို မေ ၂၁ ရက် မနက်ပိုင်းမှာ ဝင်ရောက်တိုက်ခိုက်ခဲ့ တာဖြစ်ပြီး တိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်သား ၂ ယောက် သေဆုံးကာ ၄ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။
တိုက်ပွဲအတွင်း တော်လှန်ရေးမဟာမိတ်တပ်တွေ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့တယ်လို့ ထားဝယ်ခရိုင်တပ်ပေါင်းစုက ဆိုပါတယ်။

အဲ့ဒီတိုက်ခိုက်မှုကို ထားဝယ်ခရိုင်တပ်ပေါင်းစု၊ နွေဦးပြောက်ကျား တပ်ဖွဲ့၊ ဖက်ဒရယ်ဓူဝံကြယ်အဖွဲ့၊ ကျောင်းသားတော်လှန်ရေးအဖွဲ့ ဒေါနတပ်ခွဲ (၇)တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။
0 Shares:
You May Also Like
Read More

လုံခြုံရေးအလွန်တင်းကျပ်ထားတဲ့ မန္တလေးမြို့ပေါ်မှာ ဒေါက်တာတေဇာစန်းနှင့်အဖွဲ့ ထပ်မံဆန္ဒပြ

စစ်ကောင်စီက လုံခြုံရေးအလွန်တင်းကျပ်ထားတဲ့ မန္တလေးတိုင်း၊ မန္တလေးမြို့ပေါ်မှာ ဒေါက်တာတေဇာစန်း ဦးဆောင်ပြီး "ဘူး" သပိတ်လှုပ်ရှားမှု အရှိန်မြှင့်လုပ်ဆောင်ဖို့အတွက် ဆန္ဒပြခဲ့တယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့လပိုင်းအတွင်းကလည်း မန္တလေးမြို့မှာ ဆန္ဒပြခဲ့တဲ့ ဒေါက်တာတေဇာဆန်းအနေနဲ့ တိုက်ပွဲများ နီးကပ်လာပြီး လုံခြုံရေးအထူးတင်းကျပ်နေတဲ့ မန္တလေးမြို့မှာ ယခုရက်ပိုင်းအတွင်း အခုလိုထပ်မံ ဆန္ဒပြခဲ့ခြင်းလည်း ဖြစ်ပါတယ်။
Read More

မုံရွာ-ပုသိမ် ကားလမ်းပေါ်မှာ အကြမ်းဖက်စစ်တပ် ကြားဖြတ်တိုက်ခိုက်ခံရလို့ ကားတွေပြန်လာသယ်တဲ့ စစ်အုပ်စု ထပ်မံတိုက်ခိုက်ခံရပြီး ၄ ယောက်သေ

စစ်ကိုင်းတိုင်း၊ မင်းဘူးမြို့နယ် ပုသိမ်-မုံရွာကားလမ်းပေါ်မှာ အကြမ်းဖက်စစ်တပ်စစ်ယာဥ်တန်း ကြားဖြတ်တိုက်ခိုက်ခံရပြီးနောက် ကျန်နေခဲ့တဲ့ ကားတွေလာသယ်တဲ့ စစ်အုပ်စုကို ထပ်မံတိုက်ခိုက်ခဲ့တယ်လို့  တော်လှန်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။
Read More

Sagaing People Defence Force Battalion 3 က ရဲဘော်များ၏ စစ်ရေးလေ့ကျင့်မှု ပုံရိပ်များ (ဓာတ်ပုံသတင်း)

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ စစ်ကိုင်းတိုင်းအခြေစိုက် Sagaing People Defence Force Battalion 3 က ရဲဘော်တွေရဲ့ စစ်ရေးလေ့ကျင့်မှု ပုံရိပ်တွေကို အဆိုပါတပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

စစ်အာဏာရှင်လက်အောက် အနှစ်သာရ ကင်းမဲ့နေတဲ့ မြန်မာသင်္ကြန် ယူနက်စကို စာရင်းဝင်ခဲ့ပြီ

မြန်မာ့ရိုးရာအတာသင်္ကြန်ဟာ မြန်မာပြည်သူပြည်သားတွေ အားလုံးမျှော်လင့်နေတဲ့ ယူနက်စကိုရဲ့ ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှုစာရင်းဝင်အဖြစ် အသိအမှတ်ပြု စာရင်းဝင်ခဲ့ပါပြီ။
Read More

Justice Soldier PDF တပ်ဖွဲ့မှ သင်တန်းသားသစ်များ စိစစ်ခေါ်ယူနေ

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ Justice Soldier PDF တပ်ဖွဲ့က သင်တန်းသားသစ်တွေကို စိစစ်ခေါ်ယူနေတယ်လို့ အဆိုပါတပ်ဖွဲ့က ဒီနေ့မှာ ထုတ်ပြန်ကြေညာထားပါတယ်။
Read More

သိမ်းငှက်စစ်ဆင်ရေးအတွင်းနှင့် ရပ်နားထားချိန်အတွင်း မော်လိုက်ခရိုင် တပ်ရင်း (၂ ၊ ၄) ထံ စစ်အုပ်စုအဖွဲ့ဝင် ၅ဦး လက်နက်များနှင့် အလင်းဝင်ခဲ့

စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်က ပျူစောထီး ၁ယောက် လက်နက်ခဲယမ်းတွေ ယူဆောင်ကာ အလင်းဝင်ရောက်လာပြီးတဲ့နောက် "သိမ်းငှက်စစ်ဆင်ရေး" အပြီး မော်လိုက်တပ်ရင်းတွေထံ အလင်းဝင်ရောက်လာတဲ့ စစ်အုပ်စုတပ်ဖွဲ့ဝင် ၅ယောက်အထိ ရှိလာကြောင်း မော်လိုက်တော်လှန်ရေးအင်အားစုများ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။