ရန်ကုန်အဝင်လမ်းဖြစ်တဲ့ ပဲခူးရိုးမထဲမှာ ရန်ကုန်တိုင်း မြောက်ပိုင်းခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ တိုက်ခိုက်ရေးတပ်ဖွဲ့ (၃) (တပ်ခွဲ(၂)စခန်းမှာ ပြည်သူ့ကာကွယ်ရေးအလံတော်လွှင့်တင်ခြင်းအခမ်း အနားကို မေလ ၁၃ ရက်က ကျင်းပပြုလုပ်ခဲ့တယ်လို့ ရန်ကုန်တိုင်းပကဖ တိုက်ခိုက်ရေးတပ်ဖွဲ့-၃ မှ ယနေ့ သတင်းထုတ်ပြန်ထားပါတယ်။

အခမ်းအနားမှာ တပ်ခွဲ (၂) တပ်ခွဲမှူး ရဲဘော်ငှက်ကြီးနဲ့ ဒုတပ်ခွဲမှူး ရဲဘော် ဝတုတ်တို့မှ ရှေ့ဆက်ရ မယ့် လုပ်ငန်းစဉ်များနဲ့ ရဲဘော်တွေကို အားပေးစကားပြောကြားခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ဗန်းမောက်မြို့ ဌာနဆိုင်ရာရုံးနှင့် အဆောက်အအုံများကို အကြမ်းဖက်စစ်တပ်နှင့် လက်အောက်ခံ SNA ပြည်သူ့စစ်များ မီးရှို့ဖျက်ဆီး (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့ရှိ ဌာနဆိုင်ရုံးနဲ့ အဆောက်အအုံတွေကို အကြမ်းဖက်စစ်တပ်နဲ့ လက်အောက်ခံ SNA ပြည်သူ့စစ်တွေက ပူးပေါင်းမီးရှို့ဖျက်ဆီးလျက်ရှိတယ်လို့ ကသာခရိုင်၊ အမှတ် - ၄ တပ်ရင်းက သတင်းထုတ်ပြန်ထားပါတယ်။
Read More

ကရင်နီပြည်နယ် ရှေ့တန်းစစ်မြေပြင်ရှိ စစ်ကောင်စီတပ်စခန်းတွေကို စနိုက်ဘာနဲ့ သွားရောက်ပစ်ခတ်တိုက်ခိုက်မှု စစ်သား ၁၉ ယောက် သေ (ရုပ်/သံ)

ကရင်နီပြည်နယ်အတွင်း ရှေ့တန်းစစ်မြေပြင်ရှိ စစ်ကောင်စီတပ်စခန်းတွေကို စနိုက်ဘာနဲ့ သွား ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၁၉ ယောက်သေဆုံးခဲ့တယ်လို့ အလယ်ပိုင်းတိုင်း အထူးစစ်ဆင်ရေးတပ်ဖွဲ့မှ သတင်းထုတ်ပြန်ထားပါတယ်။
Read More

နေပြည်တော်တပ်ရင်း ၈၀၄၊ နေပြည်တော်ဒရုန်းအဖွဲ့၊ တော်ဝင်လျှပ်စီးစစ်ကြောင်း ရဲဘော်တွေရဲ့ အသက်ကို ကာကွယ်ပေးနိုင်ဖို့ Shield For Three ကမ်ပိန်းပြုလုပ် (ရုပ်/သံ)

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ရှိ နေပြည်တော်တပ်ရင်း ၈၀၄၊ နေပြည်‌တော်ဒရုန်းအဖွဲ့၊ တော်ဝင်လျှပ်စီးစစ်ကြောင်း ရဲဘော်တွေရဲ့ အသက်ကို ကာကွယ်နိုင်ဖို့ ကျည်ကာဦးထုပ်၊ ကျည်ကာပြားနဲ့ Vest တွေကို ဝယ်ပြုနိုင်ဖို့ Shield For Three ကမ်ပိန်းပြုလုပ်ထားတယ်လို့ သိရပါတယ်။
Read More

မြိုင်မြို့နယ်အတွင်း စစ်တပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ ၂ ဦးထက်မနည်း သေဆုံးကာ ၄ ဦး ဒဏ်ရာရ (ရုပ်/သံ)

မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်း အကြမ်းဖက်စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ ၂ ယောက်ထက်မနည်း သေဆုံးကာ ၄ ယောက် ဒဏ်ရာရခဲ့တယ်လို့ အညာမြေတပ်ပေါင်းစုက ဒီနေ့သတင်းထုတ်ပြန်ထားပါတယ်။
Read More

ချောင်းဦးမြို့နယ် မြပုလဲစစ်ဆေးရေးဂိတ်ကို ၆၀ မမ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ မြပုလဲစစ်ဆေးရေးဂိတ်ကို ဖေဖော်ဝါရီ ၁၈ ရက် မနေ့ညနေပိုင်းက ၆၀ မမ လက်နက်ကြီး ၃ လုံး ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Snipe Rangers Force (Local - PDF) အဖွဲ့ထံက သိရပါတယ်။
Read More

ချောက်မြို့နယ်မှာ တော်လှန်ရေးရဲဘော်များ၏ စစ်ဆေးမှု မခံဘဲ ကားမောင်းပြေးသည့် ရဲစခန်းမှူးနှင့်အဖွဲ့ကို ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

မကွေးတိုင်း၊ ချောက်မြို့နယ်၊ အမှတ် ၃ ပြည်ထောင်စုလမ်းမကြီးမှာ ဖေဖော်ဝါရီ ၂၇ ရက်က တော်လှန်ရေးရဲဘော်တွေ ဗျူဟာမြောက် စစ်ဆင်ရေးအဖြစ် လမ်းပိုင်လုံခြုံရေးစစ်ဆေးမှုပြုလုပ်နေချိနိ ရဲစခန်းမှူး မောင်မောင်စိုး လိုက်ပါလာတဲ့ အိမ်စီးကားဟာ အစစ်အဆေးမခံဘဲ မောင်းပြေးတဲ့အတွက် ပစ်ခတ်မှုဖြစ်ပွားခဲ့တယ်လို့ Chauk Guerrilla Force အဖွဲ့ထံက သိရပါတယ်။