ရန်ကုန်အဝင်လမ်းဖြစ်တဲ့ ပဲခူးရိုးမထဲမှာ ရန်ကုန်တိုင်း မြောက်ပိုင်းခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ တိုက်ခိုက်ရေးတပ်ဖွဲ့ (၃) (တပ်ခွဲ(၂)စခန်းမှာ ပြည်သူ့ကာကွယ်ရေးအလံတော်လွှင့်တင်ခြင်းအခမ်း အနားကို မေလ ၁၃ ရက်က ကျင်းပပြုလုပ်ခဲ့တယ်လို့ ရန်ကုန်တိုင်းပကဖ တိုက်ခိုက်ရေးတပ်ဖွဲ့-၃ မှ ယနေ့ သတင်းထုတ်ပြန်ထားပါတယ်။
အခမ်းအနားမှာ တပ်ခွဲ (၂) တပ်ခွဲမှူး ရဲဘော်ငှက်ကြီးနဲ့ ဒုတပ်ခွဲမှူး ရဲဘော် ဝတုတ်တို့မှ ရှေ့ဆက်ရ မယ့် လုပ်ငန်းစဉ်များနဲ့ ရဲဘော်တွေကို အားပေးစကားပြောကြားခဲ့တယ်လို့ သိရပါတယ်။