မန္တလေးမြို့မှာ ပြုလုပ်ခဲ့တဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုလှုပ်ရှားမှု မှတ်တမ်းရုပ်သံတစ်ခုကို ဒေါက်တာ တေဇာဆန်းက ၎င်းရဲ့ လူမှုကွန်ရက်ကနေ ထုတ်ပြန်ခဲ့ပါတယ်။

”မန္တလေးမြို့တော်ကြီးနဲ့တကွ တနိုင်ငံလုံး လွတ်မြောက်ဖို့ ကျနော်တို့ ပြည်သူအားလုံးမှာ တာဝန်ရှိကြပါတယ်။ ပြည်သူအားလုံး ကျရာကဏ္ဍ၊ နိုင်ရာ တာဝန် တိုက်ပွဲမျက်နှာစာအသီးသီးကနေ တော်လှန်ရေးမှာ အစွမ်းကုန် ဆက်လက် ပါဝင်ကြဖို့ နှိုးဆော်လိုက်ပါတယ်ဗျို့”လို့ ဒေါက်တာ တေဇာဆန်းက ဆိုပါတယ်။

အဲဒီမှတ်တမ်းရုပ်သံဟာ ငလျင်ကြီး မတိုင်ခင်က လုပ်ဆောင်ခဲ့တာဖြစ်ပြီး တိုက်ပွဲဝင်ရဲဘော်တွေနဲ့ ဝန်းရံပြည်သူတွေရဲ့ လုံခြုံရေး၊ ငလျင်ဘေးကြီးကြောင့် ဒုက္ခကြုံတွေ့နေကြရတဲ့ ပြည်သူတွေကို ထောက်ရှုပြီး ယခုအချိန်မှာ ထုတ်ပြန်ခဲ့တာဖြစ်တယ်လို့ ဒေါက်တာ တေဇာဆန်းက ထုတ်ပြန်ခဲ့ပါ တယ်။

Video-Tayzar San

0 Shares:
You May Also Like
Read More

ဘောလခဲခရိုင်အတွင်း စစ်ကောင်စီတပ်စခန်းတွေကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက် (ရုပ်/သံ)

ကရင်နီပြည်နယ် ဘောလခဲခရိုင်အတွင်း တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ရဲ့ ၁၂ မိုင်စခန်းကုန်း၊ ဝမ်းမလန်းစခန်းကုန်း၊ ထူးချောင်းစခန်းကုန်းနဲ့ ဖားဆောင်းမြို့အတွင်းစခန်းတွေကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တဲ့ မှတ်တမ်းရုပ်သံဖိုင်ကို ဘောလခဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ တပ်ရင်း အမှတ်-၁၁၀၅ တပ်ရင်းက ထုတ်ပြန်လိုက်ပါတယ်။
Read More

တောင်တန်း၊ မြေပြန့်မှ တိုင်းရင်းသားတပ်ဖွဲ့များနှင့် ပူးပေါင်းကာ အကြမ်းဖက်စစ်တပ်ကို တိုက်ခိုက်နေသည့် Myingyan Black Tiger (ရုပ်/သံ)

တောင်တန်း၊ မြေပြန့်က တိုင်းရင်းသား EROs တပ်ဖွဲ့တွေနဲ့ ပူးပေါင်းကာ အကြမ်းဖက်စစ်တပ်ကို စစ်မျက်နှာပြင်များစွာ ဖြန့်ကျက်ပြီး တိုက်ခိုက်လျက်ရှိတယ်လို့ Myingyan Black Tiger က ဒီနေ့ ထုတ်ပြန်ထားပါတယ်။
Read More

ကပစထုတ် ရှေ့ထွက်မိုင်းများဖြင့် စစ်သားများ မိုင်းဆွဲခံရပြီး ၄ ဦး သေ (ရုပ်/သံ)

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်၊ ရန်တောင်ရွာနဲ့ ညောင်ဇင်ရွာအကြားမှာ အကြမ်းဖက်စစ်တပ်ထံက သိမ်းဆည်းရရှိထားတဲ့ ကပစထုတ် ရှေ့ထွက်မိုင်းတွေနဲ့ စစ်သားတွေကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ၄ ယောက် သေဆုံးခဲ့တယ်လို့ ထားဝယ်လူငယ်လက်ရုံးတပ် - DYAF က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ဘုံတိုရွာ ဆီမီးသပိတ် လေကြောင်းတိုက်ခိုက်ခံရမှုအတွင်း သေဆုံးခဲ့သူ တစ်ဦး၏ နာရေး (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ဘုံတိုရွာ လေကြောင်းတိုက်ခိုက်ခံရမှုဖြစ်စဥ်မှာ သေဆုံးသူ အရေအတွက် ၄၀ ကျော် အထိရှိလာပြီဖြစ်ပြီး ကလေးငယ်နဲ့ အမျိုးသမီးတွေအပါ အရပ်သားတွေ၊ သပိတ်ခေါင်းဆောင်တွေနဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေပါဝင်ကြောင်း ဒေသခံတော်လှန်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။
Read More

မြင်းခြံ-တောင်သာကားလမ်းပိုင်းမှာ ခရီးသည်တင်ယာဉ် ၁ စီး ရေစီးနှင့် မျောပါ (ရုပ်/သံ)

ဒီနေ့ မေလ ၂၆ ရက် မနက်ပိုင်းက မြင်းခြံ-တောင်သာကားလမ်းပိုင်းမှာ လမ်းရေကျော်နေချိန် ဖြတ်မောင်းတဲ့ ခရီးသည်တင်ယာဉ် ၁ စီး ရေစီးနဲ့မျောပါသွားတဲ့အတွက် ဒေသခံပြည်သူတွေက လိုက်လံကယ်ဆယ်ပေးခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

မနေ့ညက မန္တလေးအပါအဝင် မြို့ကြီးအချို့မှာ အင်အားအသင့်အတင့်ရှိ ငလျင်ထပ်မံလှုပ်ခတ် (ရုပ်/သံ)

မန္တလေးမြို့အပါအဝင် မြို့ကြီးအချို့မှာ ဧပြီ ၁၇ ရက် မနေ့ညပိုင်းက အင်အားအသင့်အတင့်ရှိ ငလျင် တစ်ခု လှုပ်ခတ်ခဲ့တယ်လို့ ဒေသခံပြည်သူတွေဆီက သိရပါတယ်။