ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်အပိုင် ပဲခူးရိုးမထဲက ခါချဥ်တောင်ပေါ်ကို ခြေလျင်တက်လာတဲ့ စစ်ကောင်စီတပ်သားတွေကို စောင့်ကြိုတိုက်ခိုက်ရာ စစ်ကောင်စီဘက်က စစ်သား ၁၀ ယောက်ထက်မနည်း သေဆုံးခဲ့တယ်လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၅⁩ က သတင်းထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ မေလ ၂၂ ရက်နေ့၊ ညသန်းခေါင်အချိန်မှာ စိန်ကန့်လန့်−မြို့ချောင်း ရိုးမဖြတ်ကျော်လမ်းအတိုင်း ခြေလျင်တက်လာတဲ့ အင်အား ၁၀၀ ကျော်ပါ စစ်ကောင်စီ စစ်ကြောင်းကို ဟိုင်းယုလမ်းဆုံနဲ့ ပျဥ်ကတိုးခင်းရွာကြားက တရုတ်ပေါက် ကျောက်ကုန်းအနီးမှာ သာယာဝတီခရိုင် တပ်ရင်း (၃၈၀၂) တပ်ခွဲ (၅) ဗျူဟာစစ်ကြောင်းက ရှောင်တခင် စောင့်ကြိုတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲအတွင်း လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ၁ နာရီခန့်ကြာ အပြန်အလှန် ပစ်ခတ်ကြပြီး စစ်ကောင်စီတပ်က ၁၀ ယောက်ထက်မနည်း သေဆုံးကာ အများအပြား ဒဏ်ရာရ အထိနာသွားတာကြောင့် ဘန့်ဘွေးကုန်းရွာဘက်ကို ဖရိုဖရဲ တပ်ဆုတ် ထွက်ပြေးသွားတယ်လို့ သိရပါတယ်။
“တကယ်တော့ သူတို့က တပ်ကျိုးသွားတယ် ပြောရမယ် စစ်ကြောင်းစတက်လာကတည်းက မုက္ခာဆည်မှာ ရေဆင်းကူ;တဲ့ စခ ၁ကောင် မြွေကိုက်သေပြီး ၁ကောင်က ရေနစ်သေထားတာ အဲ့တာကို အင်အားထပ်ဖြည့်ပြီး တက်လာတာ… အဲ့တာကို စောင့်ကြိုတိုက်ပါ” လို့ သာယာဝတီခရိုင် တပ်ရင်း (၃၈၀၂) တပ်ခွဲ (၅) ရဲ့ ပြန်ကြားရေးတာဝန်ခံ ရဲဘော် ရိုးမမြေက မောင်းသတင်းဌာနကို ပြောပါတယ်။

မေလ ၂၃ ရက် မနက်အစောပိုင်းမှာတော့ သေဆုံးသွားတဲ့ စစ်ကောင်စီတပ်သား အလောင်းတွေ လာကောက်တဲ့ စစ်သားတွေကို ထပ်မံတိုက်ခိုက်ရာ ၁၅ မိနစ်ကြာ တိုက်ပွဲ ထပ်မံ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲဖြစ်စဉ်မှာ လက်နက်ကြီး ပစ်ခတ်မှုကြောင့် တော်လှန်ရေးရဲဘော်တွေ ဆုတ်ခွာခဲ့ရပြီး နောက်တရက် မေလ ၂၄ ရက် မနက် ၈ နာရီမှာ နယ်မြေရှင်းလင်းရေး လုပ်ရာ စစ်သုံးပစ္စည်းတွေ သိမ်းဆည်းရခဲ့သလို ချောက်ကမ်းပါးထဲ ပစ်ချထားတဲ့ စစ်ကောင်စီ အလောင်း ၁လောင်း၊ မြေကြီးထဲမှာ မြုပ်ထားတဲ့ အလောင်း ၃လောင်းကို တွေ့ရပြီး စစ်ကောင်စီတပ်သား အလောင်းတွေကို မြေမြုပ်သဂြိုလ်ပေးလိုက်တယ်လို့ သိရပါတယ်။
0 Shares:
You May Also Like
Read More

နတ်တလင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ အခြေခံ စစ်ပညာ သင်တန်းအမှတ်စဉ် (၁၂) သင်တန်းဆင်းပွဲ

ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ် ပြည်သူကာကွယ်ရေးတပ်ဖွဲ့ (နတ်စစ်သည် တပ်ဖွဲ့) က အခြေခံ စစ်ပညာ သင်တန်းအမှတ်စဉ် (၁၂) သင်တန်းဆင်းပွဲ ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ဂန့်ဂေါတွင် ရွာ ၅ ရွာမှ အရပ်သားများကို မြို့ဝင်ထွက်သွားလာခွင့် စစ်ကောင်စီ တားမြစ်ပိတ်ပင်

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့နယ်မှာ စစ်တပ်လက်အောက်ခံ အခြေခံပညာကျောင်းတွေဆီ ကလေးမိဘတွေ ကျောင်းမအပ်ကြဖို့ တော်လှန်ရေးအင်အားစုတွေက လုပ်ဆောင်နေတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ စစ်ကောင်စီက ကျေးရွာ ၅ ရွာကို မြို့အဝင်အထွက် ပိတ်ပင်လိုက်တယ်လို့ သိရပါတယ်။
Read More

ကြာအင်းဆိပ်ကြီးမှာ စစ်ကောင်စီတပ် လေကြောင်း တိုက်ခိုက်မှုကြောင့် ပြည်သူ ၁ ဦးသေဆုံး ၊ သံဃာတော်များနှင့် ကလေးငယ်များ ဒဏ်ရာရ…

ကရင်ပြည်နယ်၊ ကရင်အမျိုးသားအစည်အရုံး - KNU တပ်မဟာ (၆) နယ်မြေ၊ ကြာအင်းဆိပ်ကြီးမြို့နယ်ကို အကြမ်းဖက်စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၁ ယောက် သေဆုံးပြီး သံဃာတော်တွေနဲ့ ကလေးငယ်တွေ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ KNU ဒူးပလာယာခရိုင် သတင်းပြန်ကြားရေးက ထုတ်ပြန်ပါတယ်။
Read More

သီပေါမြို့နယ်ရှိ ဟိုတယ်တစ်ခုကို အကြမ်းဖက်စစ်တပ် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့နယ်မှာ အကြမ်းဖက်စစ်တပ်က လေကြောင်းကနေ ထပ်မံလာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ တအာင်းတပ်မတော် (TNLA) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

TNLA ထိန်းချုပ်ရာဒေသတွေက အမျိုးသမီးတွေရဲ့ လူမှုဘဝဖွံ့ဖြိုးတိုးတက်ဖို့ ကွင်းဆင်း အသိပညာပေး

TNLA အမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေးဌာနက တစ်လတာအတွင်း ကျေးရွာပေါင်း ၃၀ကျော်မှာ လူမှုဘ၀ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကွင်းဆင်းအသိပညာပေးမှုတွေပြုလုပ်ခဲ့ကြောင်း TNLA က အသိပေးထုတ်ပြန်ပါတယ်။
Read More

ကရင်နီမှာ စစ်ကောင်စီရဲ့ တိုက်ခိုက်မှုကြောင့် ၃ လအတွင်း အရပ်သားပြည်သူ ၂၀ ကျော် သေဆုံးခဲ့ရ

ကရင်နီပြည်နယ်မှာ ၃ လတာအတွင်း စစ်ကောင်စီရဲ့ တိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ၂၃ ယောက် သေဆုံးခဲ့ရကြောင်း ကရင်နီလူ့အခွင့်အရေးအဖွဲ့ (KnHRG) က အသိပေးထုတ်ပြန်လိုက်ပါတယ်။