ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်အတွင်းက စစ်ကောင်စီ ဘလယ်ဒိုတပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်ရာမှာ ဒရုန်းတွေ အသုံးပြုပြီး သိမ်းဆည်းရမိထားတဲ့ စစ်ကောင်စီတပ်ရဲ့ ၁၂၀ မမ ဗုံးသီးတွေ ကြဲချတိုက်ခိုက်ခဲ့တယ်လို့ Federal Wings (FW) ဒရုန်းတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

တိုက်ပွဲအတွေ့အကြုံပြည့်ဝပြီး ပျံသန်းမှုကျွမ်းကျင်နေကြတဲ့ Cobra Column လက်အောက်ရှိ FW တပ်ဖွဲ့ဟာ အရင်က ဒရုန်းတွေထက် စွမ်းအား ၃ ဆခန့် ပိုမိုအားကောင်းတဲ့ FW Hercules – 3 ဒရုန်းအသစ်တွေနဲ့ စစ်ကောင်စီတပ်ဆီက သိမ်းဆည်းရမိထားတဲ့ ၁၂၀ မမ ဗုံးသီးတွေကို ဘလယ်ဒိုစခန်းသိမ်းတိုက်ပွဲမှာ အသုံးပြုခဲ့တယ်လို့ ဆိုပါတယ်။

Federal Wings ဒရုန်းတပ်ဖွဲ့ရဲ့ FW H3 ဒရုန်းအမျိုးအစားအသစ်ဟာ နှစ်နဲ့ချီ တစိုက်မတ်မတ်ကြိုးစားအားထုတ်မှုဆီကနေ ထွက်ပေါ်လာတဲ့ အကျိုးရလဒ် နည်းပညာထုတ်ကုန်တစ်ခုလည်း ဖြစ်တယ်လို့ ဆိုပါတယ်။
Federal Wings ဒရုန်းတပ်ဖွဲ့အနေနဲ့ တော်လှန်ရေးထဲမှာ ပါဝင်နေတာဟာ လက်နက်စွဲကိုင်တော်လှန်နေတဲ့ ရဲဘော်တွေရဲ့အသက်ကို အတတ်နိုင်ဆုံး ခြွေတာပေးနိုင်ဖို့သာ ဖြစ်ပြီး တော်လှန်ခြင်းအရောင်အဆင်းသာရှိတာဖြစ်လို့ တော်လှန်ရေးဖက်ခြမ်းမှာ ရပ်တည်နေကြသူမှန်သမျှဟာ မိတ်ဆွေတွေ ဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

ဘလယ်ဒိုကျေးရွာအနီး အင်အား ၁၀၀ နီးပါ ဝင်ရောက်ကျူးကျော်တပ်စွဲထားတဲ့ ဘလယ်ဒို စစ်ကောင်စီတပ်စခန်းကို မေလ ၂၃ ရက် မနေ့ ညနေပိုင်းအချိန်မှာ တော်လှန်ရေးတပ်ဖွဲ့တွေ တိုက်ခိုက်သိမ်းပိုက်ခဲ့ရာမှာ စစ်သား ၆၀ ကျော် လက်နက်ချအညံ့ခံခဲ့တာဖြစ်ပါတယ်။

စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်က သေဆုံးသူ များပြားပြီး စစ်သား အယောက် ၃၀ နီးပါးက ထိုင်းနိုင်ငံဘက် ထွက်ပြေးသွားတယ်လို့လည်း စစ်ရေးသတင်းရင်းမြစ်နဲ့ ထိုင်းသတင်းတွေအရ သိရပါတယ်။
0 Shares:
You May Also Like
Read More

သီပေါမှာ စစ်ကောင်စီထောင်ခဲ့တဲ့ မြေမြှုပ်မိုင်းကြောင့် ပြည်သူတစ်ဦး ဒဏ်ရာရ

TNLA ထိန်းချုပ်ထားတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့မှာ စစ်ကောင်စီထောင်ထားခဲ့တဲ့ မြေမြှုပ်မိုင်း နင်းမိတာကြောင့် ပြည်သူတစ်ယောက် ခြေထောက်တစ်ဖက် ပြတ်ထွက်ဒဏ်ရာရရှိခဲ့ကြောင်း တအာင်းတပ်မတော် TNLA က ထုတ်ပြန်ပါတယ်။ 
Read More

အင်းတော်၊ ဂျပန်လှိုဏ်ဂူစခန်းမှ ထွက်ပြေးသွားသည့် တပ်မ ၇၇ တပ်မမှူးကို အရှင်ဖမ်းမိ

အင်းတော်မြို့သိမ်းတိုက်ပွဲအတွင်း နောက်ဆုံးလက်ကျန် ဂျပန်လှိုဏ်ဂူစခန်းကနေ စခန်းစွန့်ခွာ ထွက်ပြေးသွားတဲ့ စစ်ကောင်စီရဲ့ တပ်မမှူး အောင်သက်ဦးနဲ့အဖွဲ့ကို တော်လှန်ရေးတပ်ဖွဲ့တွေက ကသာမြို့မှာ ဖမ်းဆီးရမိခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

ဖားကန့်တွင် KIA တပ်သားသစ် စုဆောင်းမှုကို ထွက်ပြေးရင်း ဒေသခံ ၁ဦး မြေစာပုံပေါ်မှ ပြုတ်ကျသေဆုံး

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ် (KIA) ရဲ့ တပ်သားသစ်စုဆောင်းမှုကနေ ထွက်ပြေးကြရင်း ဒေသခံတစ်ယောက် မြေစာပုံပေါ်ကနေ ပြုတ်ကျသေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
Read More

အရက်မူးကာ သွေးသစ္စာသီချင်း မြို့ပတ် အော်ဆိုခဲ့သည့် ကျောင်းအုပ်ဆရာကြီးအပါ ၃ ဦးကို စစ်တပ် ဖမ်းဆီးထား

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့ပေါ်မှာ အရက်မူးပြီး သွေးသစ္စာသီချင်းအော်ဆိုခဲ့တဲ့ ကျောင်းအုပ်ဆရာ ကြီး ၁ယောက် အပါအဝင် ပညာရေးဝန်ထမ်း ၃ယောက်ကို နိုင်ငံတော်အကြည်ညိုပျက်စေမှုနဲ့ စစ်ကောင်စီ ဖမ်းဆီးထားကြောင်း ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့-ကန့်ဘလူခရိုင် တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

ဖာပွန်ကနေ တပ်စခန်းစွန့် ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့၀င်တွေ ကြားဖြတ်တိုက်ခိုက်ခံရလို့ ၁၀ယောက်သေ

ဖာပွန်မြို့နယ်၊ မထောစခန်းကနေ ထွက်ပြေးလာတဲ့ စစ်တပ်စစ်ကြောင်းကို လိုက်လံတိုက်ခိုက်မှုမှာ စစ်သား ၁၀ ယောက် သေဆုံးပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိမိခဲ့ကြောင်း KNU တပ်မဟာ ၅၊ မူတြော်သတင်းစဉ်က ထုတ်ပြန်ပါတယ်။
Read More

ပခုက္ကူမြို့နယ်တွင် ဘုန်းကြီးကျောင်းမှာ အထိုင်ချထားသည့် စစ်အုပ်စုကို လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်၊ စစ်အုပ်စုမှ ၁ ဦးသေပြီး ၂ ဦးဒဏ်ရာရ…

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်ရှိ ဘုန်းကြီးကျောင်းတစ်ကျောင်းမှာ အထိုင်ချထားတဲ့ စစ်ကောင်စီတပ်သားတွေကို လက်နက်ကြီး နဲ့ ပစ်ခတ်တိုက်ခိုက်ရာ ထိခိုက်သေဆုံးသူတွေရှိတယ်လို့ ဒေါင်းညီနောင် (PKU) တပ်ဖွဲ့ဆီက သိရပါတယ်။