ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ မူးမြို့နယ်အတွင်း အကြမ်းဖက် စစ်ကောင်စီတပ်က ပြည်သူလူထုကို ပစ်မှတ်ထားပြီး ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးတွေ ပစ်ခတ်မှုကြောင့် (၉) နှစ်အရွယ် ယောကျ်ားလေး (၁) ယောက် သေဆုံးပြီး (၁၁) နှစ်အရွယ် မိန်းကလေး (၂) ယောက် အပါအဝင် ပြည်သူ (၅) ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က မနေ့က ထုတ်ပြန်ပါတယ်။

မေလ(၁၉)ရက်က စစ်ကောင်စီရဲ့ ခမရ-၃၅၁နဲ့ ခလရ-၆၀ က ငထွေစုတ်ကျေးရွာကို လက်နက်ကြီး (၂)လုံး ပစ်ခတ်ခဲ့တာကြောင့် (၁၁)နှစ်အရွယ် မိန်းကလေးငယ် လက်နက်ကြီးစထိမှန်ဒဏ်ရာရပြီး နေအိမ် (၂)လုံး ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

မေလ(၂၀)ရက်မှာလည်း နတ်သံကွင်းမှာ အခြေချထားတဲ့ စစ်ကောင်စီတပ်က ငနွားဆိပ်ကျေးရွာ၊ အညာစုကျေးရွာ၊ ရင်းတိုက်ကုန်းကျေးရွာနဲ့ နောင်ကုန်းကျေးရွာကို လက်နက်ကြီး(၆)လုံး၊ ရေလဲကျေးရွာနဲ့ မရမ်းစိန်းလေးကျေးရွာကြားရှိ လယ်ကွင်းကို ဟောင်ဝစ်ဇာလက်နက်ကြီး(၁)လုံး၊ ဇလုပ်နဲ့ စောဘောကုန်းကြားရှိ လယ်ကွင်းကို ဟောင်ဝစ်ဇာလက်နက်ကြီး (၁)လုံး၊ တောင်စုကျေးရွာကို လက်နက်ကြီး (၃)လုံး၊ အုတ်ဖြတ်တံတားမှာ အခြေချထားတဲ့ စစ်ကောင်စီတပ်က ကြက်တက်ညောင်ပင် ကျေးရွာကို လက်နက်ကြီး (၁)လုံး ပစ်ခတ်ခဲ့တယ်လို့ KNU က ဆိုပါတယ်။

စစ်ကောင်စီတပ် လက်နက်ကြီး ပစ်ခတ်မှုတွေ ကြောင့် ကြက်တက်ညောင်ပင် ကျေးရွာက (၅၃)နှစ်နဲ့ (၃၈)နှစ်အရွယ် အမျိုးသမီး ၂ ယောက် လက်နက်ကြီး ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ခလရ-၆၀ ကနေလည်း မရမ်းစိန်လေးကျေးရွာကို လက်နက်ကြီး ၁၂၀ မမ (၁) လုံး၊ အရှေ့တောင်စု၊ အနောက်တောင်စုနဲ့ ကျွန်းကုန်းကျေးရွာကို လက်နက်ကြီး ၁၂၀ မမ (၆) လုံး ပစ်ခတ်ခဲ့ရာ မရမ်းစိန်လေး ကျေးရွာက နေအိမ် ၁ လုံး ပျက်စီးသွားပြီး (၉) နှစ်အရွယ် ကလေးငယ် သေဆုံးကာ (၁၁) နှစ်အရွယ်ကလေးငယ်အပါ ၂ ယောက် ထိခိုက် ဒဏ်ရာရရှိခဲ့တယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။

အကြမ်းဖက်စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် ထိခိုက်ပျက်စီးသေဆုံးမှုများ (ဓာတ်ပုံ KNU)

0 Shares:
You May Also Like
Read More

တိုက်ပွဲအသစ်တွေ ဆက်လက်ဖော်ဆောင်ပြီး စစ်အာဏာရှင်ကို ဖြုတ်ချဖို့ MDY-PDF တပ်သားသစ်တွေခေါ်ယူနေ

မန္တလေးဒေသမှာ နယ်မြေအများစုကို သိမ်းပိုက်ထိန်းချုပ်ထားတဲ့ MDY-PDF က တပ်သားအသစ်တွေ လက်ခံခေါ်ယူနေပြီလို့ ဒီနေ့ နို၀င်ဘာ ၂၂ရက်နေ့မှာ အသိပေး ထုတ်ပြန်ပါတယ်။
Read More

ဟွန်ဒီလုပ်ကိုင်သူတွေကို ဆက်တိုက်ဖမ်းဆီးမှုတွေ ရှိလာလို့ ဒေါ်လာစျေးပြန်ကျ

တရားမဝင်ငွေလွှဲပြောင်းခြင်း (ဟွန်ဒီ) လုပ်ငန်း လုပ်ကိုင်ကြောင်း ကျော်ဇောသူတွေရဲ့ ဘဏ်စာရင်းတွေကို စိစစ်မယ်လို့ စစ်ကောင်စီက ခြိမ်းခြောက်ပြီးတဲ့နောက် ပြည်တွင်းစျေးကွက်မှာ ဒေါ်လာ စျေး အနည်းငယ် ကျဆင်းလာတယ်လို့ စျေးကွက်ထဲကနေ စုံစမ်းသိရှိရပါတယ်။
Read More

လားရှိုးနဲ့ သိန္နီက စစ်ရှောင်တွေအတွက် ရိက္ခာ နဲ့ အသုံးအဆောင်တွေ ထောက်ပံ့ (ဓာတ်ပုံသတင်း)

လားရှိုးမြို့နယ်နဲ့ သိန္နီမြို့နယ်တို့က စစ်ရှောင်ပြည်သူတွေအတွက် Lashio F.Y.O ပရဟိတအဖွဲ့က စားနပ်ရိက္ခာနဲ့ အသုံးဆောင်ပစ္စည်းတွေ ထောက်ပံ့ပေးခဲ့တယ်လို့ လားရှိုးမြို့ ပြန်လည်ထူထောင်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။
Read More

မတ်လ ၃ ပတ်တာကာလအတွင်း အကြမ်းဖက်စစ်အုပ်စုကြောင့် အရပ်သား ၄၅ ဦး သေဆုံးခဲ့..

မြန်မာနိုင်ငံတစ်ဝန်း ၂၀၂၅ ခုနှစ်၊ မတ်လ ၃ ပတ်တာကာလအတွင်း အကြမ်းဖက်စစ်အုပ်စုကြောင့် အရပ်သား ၄၅ ယောက် သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က မနေ့က ညနေပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

မင်းတပ်နဲ့ ဖလမ်း မြို့သိမ်းစစ်ဆင်ရေးမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၆၈ ယောက်နဲ့ မိသားစုဝင်တွေ အညံ့ခံ၊ တပ်စခန်းတွေနဲ့ လက်နက်ခဲယမ်း အများအပြား သိမ်းဆည်းရရှိ

ချင်းပြည်နယ်မှာ ချင်းညီနောင်စစ်ဆင်ရေးအဖြစ် ဖော်ဆောင်နေတဲ့ မင်းတပ်မြို့နဲ့ ဖလမ်းမြို့ မြို့သိမ်းစစ်ဆင်ရေးမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၆၈ ယောက်နဲ့ မိသားစုဝင်တွေ လက်နက်ချအညံ့ခံပြီး စစ်တပ်စခန်းတွေနဲ့ လက်နက်ခဲယမ်း အများအပြား သိမ်းဆည်းရရှိခဲ့တယ်လို့ ချင်းညီနောင်အဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ရေဦးမှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အောက်တိုဘာလအတွင်း ၃ ကြိမ်မြောက် လေကြောင်းတိုက်ခိုက်ခံရ

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်မှာ တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ လေကြောင်းတိုက်ခိုက်ခံရတာ ၃ ကြိမ် ရှိနေပြီလို့ ဒေသခံတွေထံက သိရပါတယ်။