မန္တလေးဒေသနဲ့ တမူးဒေသရှိ စစ်ဆင်ရေးတာဝန်တွေ ပြီးဆုံးခဲ့တဲ့ တိုက်ပွဲပြန် ဗမာလွတ်မြောက်ရေး ဒီမိုကရက်တစ်တပ်ဦး – BLDF ရဲဘော်တွေကို ဒေသခံပြည်သူတွေက ဂုဏ်ပြုကြိုဆိုခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။
BLDF ရဲဘော်တွေဟာ ပြည်သူ့ကာကွယ်ရေးတပ်မတော် – မန္တလေးရဲ့ ကွပ်ကဲမှုနဲ့အတူ မန္တလေး ဒေသမှာ ရှမ်း-မန်း စစ်ဆင်ရေးအဖြစ် စစ်ဆင်ရေး တာဝန်တွေကို (၆) လနီးပါး တာဝန်ထမ်းဆောင်ခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် BLDF ရဲဘော်တွေဟာ တမူးဒေသမှာလည်း အမျိုးသားညီညွတ်ရေးအစိုးရ၊ အမှတ်(၁) စစ်ဒေသ ကွပ်ကဲမှုနဲ့အတူ စစ်ဆင်ရေးတာဝန်တွေ ထမ်းဆောင်ခဲ့တယ်လို့ သိရပါတယ်။
BLDF အနေနဲ့ မန္တလေးဒေသနဲ့ တမူးဒေသတို့မှာ စစ်ဆင်ရေးတာဝန်တွေ ထမ်းဆောင်ခဲ့ရာမှာ တန်ဖိုးမဖြတ်နိုင်တဲ့ စစ်ရေးအတွေ့အကြုံတွေ၊ လက်တွေ့ စစ်ရေးတိုက်ပွဲသင်ခန်းစာတွေနဲ့အတူ အညာဒေသရှိ မိခင်အခြေစိုက်နယ်မြေတွေဆီ ပြန်လည်ရောက်ရှိလာခဲ့ပြီ ဖြစ်တယ်လို့ သိရပါတယ်။
အဆိုပါ စစ်ဆင်ရေးတွေအတွင်း BLDF ရဲဘော် (၄) ယောက် အကြမ်းဖက် စစ်ကောင်စီတပ်ကို ရွပ်ရွပ်ချွံချွံ တိုက်ပွဲဝင်ရင်း ကျဆုံးခဲ့ပြီး ရဲဘော် (၁၂) ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။