တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်အခြေစိုက် စစ်ကောင်စီရဲ့ ခြေမြန်တပ်ရင်း (ခမရ) ၄၀၁ က စစ်ကောင်စီတပ်သား ၁ ယောက် လက်နက်နဲ့ အလင်း၀င်ရောက်လာ တယ်လို့ လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) က ဒီနေ့ ထုတ်ပြန်ပါတယ်။
မေလ ၁၁ ရက်နေ့က ထား၀ယ်မြို့နယ်အခြေစိုက် ခမရ ၄၀၁ က စစ်ကောင်စီတပ်သားဟာ လောင်းလုံး(ပကဖ) ဆီ ချိတ်ဆက်ပြီး လက်နက်နဲ့ အလင်း၀င်ရောက်လာခဲ့တယ်လို့ သိရပါတယ်။
လောင်းလုံး ပကဖ အနေနဲ့ အလင်းဝင်လာတဲ့ စစ်ကောင်စီတပ်သားကို လက်ခံကြိုဆိုပြီး ကနဦးအနေနဲ့ ဆုကြေးငွေ ကျပ်သိန်းသုံးဆယ် ချီးမြှင့်ပေးအပ်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။