ကျောင်းသားတပ်ဦး/ကျောင်းသားလက်ရုံးတပ်တော်၏ ပထမအကြိမ် ညီလာခံကို မေလ ၁၅ရက်ကနေ ၂၀ ရက်အထိ ဗဟိုဌာနချုပ်နယ်မြေမှာ ပြုလုပ်ကျင်းပခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က မနေ့က ထုတ်ပြန်ပါတယ်။
ညီလာခံအတွင်း ကျောင်းသားတပ်ဦး/ကျောင်းသားလက်ရုံးတပ်တော်ရဲ့ အခြေခံမူ၊ မျှော်ရည်ချက်၊ တာဝန်ကြီး ၆ ရပ် နဲ့ ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းကို အတည်ပြု ပြဋ္ဌာန်းခဲ့တယ်လို့ သိရပါတယ်။
အဲ့ဒီနောက် ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းအရ တပ်ဦး/တပ်တော်ရဲ့ ဗဟိုဦးဆောင်ကော်မတီ(စစ်ကော်မရှင်)ကို ရွေးကောက်တင်မြှောက်ခြင်းနဲ့ တပ်ဦး/တပ်တော်ရဲ့ နိုင်ငံရေး၊ စစ်ရေး လမ်းပြမြေပုံအတည်ပြုခြင်းတွေ ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။
ညီလာခံမှာ အတည်ပြုပြဋ္ဌာန်းခဲ့တဲ့ ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းအရ ဗဟိုဦီးဆောင်ကော်မတီ (စစ်ကော်မရှင်) မှာ ဥက္ကဋ္ဌ၊ ဒုတိယ ဥက္ကဋ္ဌ (၁)၊ ဒုတိယ ဥက္ကဋ္ဌ (၂)၊ အထွေထွေ အတွင်းရေးမှူး (၁)၊ အထွေထွေ အတွင်းရေးမှူး (၂)၊ အထွေထွေ အတွင်းရေးမှူး (၃) တို့ကို ရွေးကောက်တင်မြှောက် ဖွဲ့စည်းခဲ့တယ်လို့ ကျောင်းသားလက်ရုံးတပ်တော်က ထုတ်ပြန်ထားပါတယ်။