ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်အတွင်းက စစ်ကောင်စီ ဘလယ်ဒိုတပ်စခန်းကို KNLA၊ KNDO နဲ့ PDF ပူးပေါင်းတပ်များက ဒီကနေ့ညနေမှာ တိုက်ခိုက်သိမ်းပိုက်လိုက်တယ်လို့ KNU ဗဟိုက ထုတ်ပြန်ပါတယ်။

ဒီကနေ့ မေလ ၂၃ ရက်နေ့ ညနေ ၅ နာရီခန့်အချိန်မှာ ကော့ကရိတ်မြို့နယ် ဘလယ်ဒိုကျေးရွာအနီး အကြမ်းဖက် စစ်ကောင်စီတပ်များ ဝင်ရောက်ကျူးကျော်တပ်စွဲထားတဲ့ ဘလယ်ဒို စစ်ကောင်စီတပ်စခန်းကို တော်လှန်ရေးတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရတာပါ။

အဆိုပါစခန်းသိမ်းတိုက်ပွဲကို တပ်မဟာ ၆ ဦးဆောင်တဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A)၊ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (K.N.D.O) နဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (P.D.F) တို့က ပူးပေါင်းတိုက်ခိုက် သိမ်းပိုက်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်မှာ‌ ဖော်ပြပါရှိပါတယ်။

ဘလယ်ဒို စစ်ကောင်စီတပ်စခန်းမှ သိမ်းပိုက်ရရှိသောလက်နက်ခဲယမ်းများ

 

0 Shares:
You May Also Like
Read More

သီတင်းကျွတ်လပြည့်နေ့မှာ မြေပြင်တော်လှန်ရေးရဲဘော်တွေဆီ NUG ပြည်ထောင်စုဝန်ကြီးချုပ် သွားရောက်တွေ့ဆုံ (ဓာတ်ပုံသတင်း)

အောက်တိုဘာ ၁၇ ရက် မနေ့က ကျရောက်တဲ့ သီတင်းကျွတ်လပြည့်နေ့ (အဘိဓမ္မာအခါတော်နေ့) မှာ မြေပြင်တော်လှန်ရေးရဲဘော်တွေဆီကို အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက သွားရောက်တွေ့ဆုံခဲ့ပြီး ရဲဘော်တွေကလည်း ပြည်ထောင်စုဝန်ကြီးချုပ်ကို အလေးပြုခြင်းနဲ့ ဂါရဝပြုကန်တော့ခြင်းတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

စဉ့်ကူးမြို့နယ်မှာ ကျေးရွာဆေးရုံဝင်းအတွင်း စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၁ ဦး သေဆုံး၊ ၃ ဦး ဒဏ်ရာရရှိ

မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်၊ ကျည်တောက်ပေါက်ကျေးရွာ ဆေးရုံဝင်းအတွင်း စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ရာ အရပ်သားပြည်သူ ၁ ယောက် သေဆုံးပြီး ၃ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ပြင်ဦးလွင်ခရိုင်က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အသက်(၈၀)ပြည့် မွေးနေ့အတွက် MDY-PDF ၏ ဆုတောင်းဓာတ်ပုံများ (ဓာတ်ပုံသတင်း)

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) ၊ နောက်တန်းဌာနတွေမှာရှိတဲ့ စစ်သည် စစ်မေတွေက “Happy Birthday Suu” ဆိုပြီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက်(၈၀)ပြည့် မွေးနေ့အမှတ်တရ ဓာတ်ပုံရိုက်ကူးမှုပုံရိပ်တွေကို MDY-PDF က ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

ကလလတ အမှတ် (၉၄၂၀) တပ်ရင်းအနေနဲ့ ၂၀၂၄ က အားနည်းချက်တွေ ပြင်ဆင်ပြီး တိုက်ပွဲတွေမှာ ပိုမိုအားစိုက်မယ်

ကရင်နီပြည် ပြည်သူ့လွတ်မြောက်ရေးတပ်မတော် - ကလလတ အမှတ် (၉၄၂၀) တပ်ရင်းက (၂) လ တစ်ကြိမ် ပြုလုပ်နေတဲ့ တပ်ရင်းအစည်းအဝေးကို တပ်ရင်းမှူး၊ ဒုတပ်ရင်းမှူးနဲ့တကွ တပ်စု၊ တပ်ခွဲ အသီးသီးက တပ်မှူးတွေနဲ့ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

စစ်မှုထမ်းသင်တန်းဆင်း စစ်သား ၂ယောက် Loikaw Local PDF ထံ အလင်းဝင်

လွိုင်ကော်မြို့နယ် ဒေသခံပြည်သူ့ကာကွယ်ရေးတပ် (Loikaw Local PDF) ထံကို စစ်မှုထမ်းသင်တန်းဆင်း စစ်ကောင်စီတပ်သား ၂ယောက် လက်နက်မဲ့ အလင်းဝင်လာတယ်လို့ အဆိုပါ တပ်ဖွဲ့ထံက သိရပါတယ်။