အခုရက်ပိုင်း ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ကနေ ပစ်ချနိုင်ခဲ့တဲ့ စစ်ကောင်စီရဲ့ ရဟတ်ယာဉ်မှာ အိန္ဒိယနိုင်ငံထုတ် စစ်လက်နက်ပစ္စည်းတွေ တပ်ဆင်ထားတာကို တွေ့ရတယ်လို့ စစ်ကောင်စီထံကနေ သိမ်းပိုက်ရရှိခဲ့တဲ့ လက်နက်တွေအကြောင်း မျှဝေလေ့ရှိတဲ့ Tactical Raptor 2.0 ကနေ ဖော်ပြလာပါတယ်။

KIA နဲ့ ပူးပေါင်းတပ်ဖွဲ့ဝင်‌တွေရဲ့ ပစ်ခတ်မှုကြောင့် ရွှေကူမြို့နယ်မှာ ပျက်ကျခဲ့တဲ့ လေတပ် Mi-17 ရဟတ်ယာဉ်မှာ အိန္ဒိယကုမ္ပဏီ MKU ထုတ် ကျည်ကာတွေ ထပ်ပိုး တပ်ဆင်ထားတယ်လို့ သိရပါတယ်။

အိန္ဒိယကုမ္ပဏီ MKU ဟာ KAVRO နာမည်နဲ့ ကျည်ကာ / ballistic protection solutions တွေ ထုတ်လုပ်ပြီး Night vision လိုမျိုး ပစ္စည်းတွေကိုလည်း NETRO ဆိုတဲ့ နာမည်နဲ့ ထုတ်လုပ်တဲ့ ကုမ္ပဏီ ဖြစ်တယ်လို့ သိရပါတယ်။

KAVRO က စစ်သည်သုံး ဦးထုပ်၊ ကျည်ကာပြားတွေကစလို့ ကြည်း၊ရေ၊လေ စစ်သုံးယာဉ် အမျိုးမျိုးအတွက် armor plates၊ ballistic protection solutions တွေအထိ ထုတ်လုပ်ကာ ကုမ္ပဏီရဲ့ website မှာလည်း ‌UH-60 Black Hawk, CH-47 Chinook, Mi-17, Mi-8 အပါအဝင် ရဟတ်ယာဉ် အမျိုးမျိုး အတွက် ballistic protection solutions/ armor plates တွေ ရနိုင်ကြောင်း ဖော်ပြထားပါတယ်။
ဒီပစ္စည်းတွေကို လူတိုင်းဝယ်ယူလို့ မရနိုင်ဘဲ အိန္ဒိယအစိုးရထံကနေ ခွင့်ပြုချက်ရမှသာ ဝယ်ယူလို့ ရနိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။

“ဝယ်သူအနေနဲ့ အိန္ဒိယအစိုးရထံကနေ ခွင့်ပြုချက် စာရွက်စာတမ်းတွေ ပြသဖို့လိုတယ်လို့ MKU website မှာ ရေးသားထားပါတယ်” လို့ Tactical Raptor 2.0 တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

ထူးခြားတာချက်အနေနဲ့ ရဟတ်ယာဉ်မှာ တပ်ဆင်ထားတဲ့ ပစ္စည်းတွေရဲ့ ထုတ်လုပ်တဲ့ ခုနှစ်ဟာ ဖေဖော်ဝါရီလ ၂၀၂၅ လို့ ရေးသားထားတာကြောင့် ပျက်ကျတဲ့ Mi-17 မှာ ထိုပစ္စည်းတွေ တပ်ဆင်ထားတာဟာ မကြာသေးဘူးလို့ သိရပါတယ်။

Tactical Raptor 2.0 က “စစ်ကောင်စီနဲ့ အိန္ဒိယ defense industry ကြား ထဲထဲဝင်ဝင် ပတ်သက်နေတယ်ဆိုတာကို ထပ်မံ မီးမောင်းထိုးပြတဲ့ ဥပမာ တစ်ခုလည်း ဖြစ်ပါတယ်” လို့‌ ဖော်ပြထားပါတယ်။

အိန္ဒိယအစိုးရဟာ တရုတ်နည်းတူ မြန်မာ့နိုင်ငံရေးမှာ သိသိသာသာ ဝင်ရောက်စွက်ဖက်လာနေတာကိုလည်း တစတစနဲ့ တွေ့မြင်လာနေရပါတယ်။

ရခိုင်-အိန္ဒိယ နယ်စပ်က ကုန်သွယ်ရေးလမ်းကြောင်းကို အိန္ဒိယနိုင်ငံဘက်ကနေ အကန့်အသတ်မရှိ ပိတ်ပင်ထားသလို ပြီးခဲ့တဲ့ မေလ ၁၄ ရက်နေ့မှာလည်း တမူး ပကဖ အဖွဲ့က တော်လှန်ရေးရဲဘော် ၁၀ ဦးကိုလည်း အိန္ဒိယနယ်ခြားစောင့်တပ်တွေကနေ ပစ်ခတ် သတ်ဖြတ်ခဲ့တဲ့ ဖြစ်စဉ်တွေလည်း ရှိခဲ့ပါတယ်။

ကျဆုံးရဲဘော်တွေရဲ့ အလောင်းတွေ ပြန်လည်တောင်းခံယူရာမှာလည်း ပကဖ ရဲဘော်တွေ အိန္ဒိယနယ်နိမိတ်အတွင်း ဝင်ရောက်ကာ စတင်တိုက်ခိုက်တာကြောင့် နှိမ်နင်းခံရတာဖြစ်သလို နိုင်ငံနယ်နိမိတ် ခြံစည်းရိုးခတ်မှုကို မကန့်ကွက်ဖို့ သဘောတူကြောင်း အချက်တွေပါတဲ့ ခံဝန်ကို NUG ရဲ့ မြန်မာဘက်က တာဝန်ခံတွေကို ခေါ်ယူထားကာ ဖိအားပေးလက်မှတ်ထိုးစေပြီးမှ လွှဲပြောင်းပေးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG က ထုတ်ပြန်ထားပါတယ်။

KA

0 Shares:
You May Also Like
Read More

ညောင်လေးပင်မှာ စစ်ကောင်စီဂိတ်စခန်းနဲ့ ပျူခေါင်းဆောင်နေအိမ်တို့ကို ဝင်ရောက်စီးနင်းတိုက်ခိုက်ရာ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိ

ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီဂိတ်စခန်းနဲ့ ပျူခေါင်းဆောင်နေအိမ်တို့ကို ဝင်ရောက်စီးနင်းတိုက်ခိုက်ရာ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ ပဲခူးခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က ထုတ်ပြန်ထားပါတယ်။
Read More

အာဏာသိမ်း ဒုစစ်ခေါင်းဆောင် စိုးဝင်း ဘုရားပေါ်ဖိနပ်စီးတက်ရောက်ခဲ့ဟု တပ်ချုပ်ရုံး ဝက်ဘ်ဆိုက်မှာ ဖော်ပြ

စစ်ကောင်စီရဲ့ ဒုစစ်ခေါင်းဆောင် စိုးဝင်းဟာ ဘုရားပေါ်ကို ဖိနပ်စီးတက်ရောက်ခဲ့တဲ့အပေါ်  တပ်ချုပ်ရုံးရဲ့ ဝက်ဆိုက်မှာ ဖော်ပြရာကတဆင့် ပြည်သူတွေ သိရှိခဲ့ရပါတယ်။
Read More

နှစ်သစ်လက်ဆောင်အဖြစ် မီးဘေးသင့် အိမ်ထောင်စု (၇၀) ကျော်ကို စောင်များလှူဒါန်း (ဓာတ်ပုံသတင်း)

ရေဦးမြို့က မီးဘေးသင့်ခဲ့ရတဲ့ အိမ်ထောင်စု (၇၀) ကျော်ကို နှစ်သစ်လက်ဆောင်အဖြစ် ပြည်ပရောက် ကက်သလစ်ဘုန်းတော်ကြီးတစ်ပါးရဲ့ ကူညီထောက်ပံ့မှုနဲ့အတူ တခြားအလှူရှင်တွေကိုယ်စား ရေဦးမြို့နယ် စစ်ရှောင်ပြည်သူ ထောက်ပံ့ရေးအဖွဲ့က သွားရောက်လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။
Read More

ရွှေတောင်မှာ သန်းခေါင်စာရင်းကောက်ပြီး ပြန်လာတဲ့အဖွဲ့ မိုင်းဆွဲခံရ

ဧရာဝတီတိုင်း၊ မအူပင်မြို့နယ်၊ မလက်တိုကျေးရွာအုပ်စုမှာ ပြည်သူ့စစ်သင်တန်းပြုလုပ်ဖို့ အကြမ်းဖက်စစ်တပ်နဲ့ ရဲက စီစဥ်နေပြီး ပြည်သူ့စစ်ခေါ်ယူဖို့ အစည်းဝေးလုပ်ချိန်မှာ လူမစုံတာနဲ့အစည်းအဝေး ပျက်သွားခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

အမှတ် (၈) ပြည်ထောင်စုလမ်းမကြီးပေါ် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ ရှောင်တခင် လမ်းပိုင်းစစ်ဆေး

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ဒေါနတပ်ရင်းနဲ့ မွန်မဟာမိတ်ပူးပေါင်းတပ်တွေက အမှတ် (၈) ပြည်ထောင်စုလမ်းမကြီးပေါ်မှာ ရှောင်တခင် လမ်းပိုင်းစစ်ဆေးရေး ပြုလုပ်ခဲ့တယ်လို့ ဒေါနစစ်ကြောင်းက ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

ကျိုက်ထိုမှာ စစ်ကောင်စီ တပ်မ ၄၄ လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သား ၁ ယောက် ဒဏ်ရာရ၊ ငွေကျပ် ၆၅ သိန်း၊ ရွှေ ၇ ပဲနဲ့ အိမ်အသုံးအဆောင်တွေ မီးလောင်ပျက်စီး

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီရဲ့ အမှတ် ၄၄ ခြေမြန်တပ်မဌာနချုပ်က လက်နက်ကြီး ပစ်ခတ်မှုကြောင့် ငွေကျပ် ၆၅ သိန်း၊ ရွှေ ၇ ပဲနဲ့ အိမ်အသုံးအဆောင်တွေ မီးလောင်ပျက်စီးခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး - KNU (ဗဟို) က ဒီနေ့ ထုတ်ပြန်ပါတယ်။