ရှမ်းပြည်နယ်မြောက်ပိုင်းက တအာင်းတပ်မတော် TNLA ထိန်းချုပ်ထားတဲ့ နောင်ချိုမြို့နယ်၊ အုမ္မတီးကျေးရွာကို အပစ်ရပ်ထားတဲ့ စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ပေါင် (၂၅၀)ဗုံး (၄)လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့တယ်လို့ TNLA က ဒီနေ့ ညပိုင်းမှာ ထုတ်ပြန်ပါတယ်။

စစ်ကောင်စီတပ်က TNLA ထိန်းချုပ်ထားတဲ့ နောင်ချိုမြို့နယ်၊ အုမ္မတီးကျေးရွာကို တိုက်ပွဲမဖြစ်ပွားဘဲ ဒီနေ့ မွန်းတည့်ခါနီးအချိန်မှာ (၄) ကြိမ် ဗုံးကြဲချခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါကျေးရွာကို မနေ့ကလည်း စစ်ကောင်စီတပ်က ဒရုန်းနဲ့ လက်နက်ကြီး (၁၅) လုံး၊ အဆိပ်ငွေ့ဗုံး (၁) လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့ပြီး ဒေသခံ (၁) ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ TNLA က ဆိုပါတယ်။

ပြီးခဲ့တဲ့ မေလ (၂၀) ရက်ကလည်း တိုက်ပွဲမဖြစ်ပွားဘဲ စစ်ကောင်စီတပ်က TNLA ထိန်းချုပ်ရာ နောင်ချိုမြို့နယ်၊ ဟိုခိုကျေးရွာကို ဂျက်ဖိုက်တာနဲ့ ပေါင် (၂၅ဝ) ဗုံး (၁) လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံပြည်သူရဲ့ နေအိမ် (၁) လုံး ထိမှန်ပျက်စီးဆုံးရှုံးသွားခဲ့တယ်လို့ ဆိုပါတယ်။

မေလ (၆) ရက်ကနေ (၃၁) ရက်ထိ အပစ်ခတ်ရပ်စဲရေးကာလ ထပ်မံတိုးထားတဲ့ စစ်ကောင်စီတပ်ဟာ TNLA အုပ်ချုပ်တဲ့ မြို့နယ်တွေကို မြေပြင်ထိုးစစ်ဆင်ခြင်း၊ ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးတွေ ပစ်ခတ်ခြင်း၊ ဒရုန်း၊ လေကြောင်းနဲ့ နေ့စဉ်အသုံးပြုတိုက်ခိုက်နေတာကြောင့် ပြည်သူတွေအနေနဲ့ စစ်ရေးသတိအမြဲရှိဖို့ လိုအပ်ကြောင်း TNLA က အသိပေးထုတ်ပြန်ထားပါတယ်။

 

0 Shares:
You May Also Like
Read More

ကလေးငယ်များ၏ပညာရေး မဆုံးရှုံးစေရန်နှင့် ပညာရေးနောက်ကျခြင်း မရှိစေရေး ဆောင်ရွက်ပေးရမည်ဟု စာသင်ကျောင်းများကို ဗုံးကြဲနေသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ပြောဆိုပြန်

နိုင်ငံတဝန်း စာသင်ကျောင်းတွေကိုပါ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေတဲ့ အကြမ်းဖက်စစ်အုပ်စုခေါင်းဆောင် မင်းအောင်လှိုင်က ကလေးငယ်တွေရဲ့ ပညာရေး မဆုံးရှုံးစေဖို့နဲ့ ပညာရေးနောက်ကျခြင်း မရှိစေရေး ဆောင်ရွက်ပေးရမယ်လို့ ပြောဆိုလိုက်ပြန်ပါတယ်။
Read More

ပွင့်ဖြူနဲ့ စလင်းမှာ စစ်ကောင်စီရဲ့ အတုအယောင် ရွေးကောက်ပွဲ အားပေးအားမြှောက်လုပ်သူတွေကို ပြင်းပြင်းထန်ထန် အရေးယူသွားဖို့ရှိနေ

ပွင့်ဖြူမြို့နယ်အပြင် မင်းဘူးခရိုင်ထဲက စလင်းမြို့နယ်မှာလည်း အရပ်သားတွေကို သတ်ဖြတ်နေတဲ့ စစ်ကောင်စီရဲ့အတုအယောက်ရွေးကောက်ပွဲအတွက် အားပေးအားမြှောက်မပြုလုပ်ကြဖို့နဲ့ သန်းခေါင်စာရင်းကောက်ခံမယ့် ထောက်တိုင်တွေကိုလည်း ထိထိရောက်ရောက်အရေးယူသွားမယ်လို့ မင်းဘူးခရိုင်အမှတ် ၁၊ ၅ တပ်ရင်းတွေနဲ့ ပကဖ၊ ပအဖအဖွဲ့တွေက သတိပေးထုတ်ပြန်ထားပါတယ်။
Read More

အကြမ်းဖက် မင်းအောင်လှိုင်တို့ စစ်အုပ်စုရဲ့ စစ်ရာဇဝတ်မှုတွေကို ပိုမို ပီပြင်ထင်ရှားစေတဲ့ အာဂျင်တီးနား တရားရုံး ဖမ်းဝရမ်း

စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်တဲ့ မြန်မာစစ်တပ် ထိပ်တန်းအရာရှိ​တွေကို ရိုဟင်ဂျာလူမျိုးတုန်းသတ်ဖြတ်မှုအတွက် အာဂျင်တီးနားနိုင်ငံတရားရုံးက ဖမ်း၀ရမ်းထုတ်ပြန်လိုက်မှုဟာ အာဏာသိမ်း စစ်ခေါင်းဆောင်အတွက် နိုင်ငံရေးဖိအားသက်ရောက်ကြောင်းနဲ့ အလျင်အမြန်ဖမ်းဆီးနိုင်ဖို့ လိုအပ်ကြောင်း နိုင်ငံရေးအင်အားစုတွေကပြောပါတယ်။
Read More

စစ်ကောင်စီရဲ့ ဟန်ပြရွေးကောက်ပွဲကို တော်လှန်ရေးအင်အားစုတွေ လက်မခံ၊ အတုအယောင် ရွေးကောက်ပွဲအတွက် ဝိုင်းဝန်းကူညီသူတွေကိုလည်း ပြင်းပြင်းထန်ထန် အရေးယူမယ်လို့ သတိပေးထား

လာမယ့် ၂၀၂၅ ခုနှစ်မှာ အာဏာသိမ်းစစ်ကောင်စီက ကျင်းပပြုလုပ်မယ့် အတုအယောင် ရွေးကောက်ပွဲကို နိုင်ငံရေးအဖွဲ့အစည်းတွေနဲ့ တိုင်းရင်းသားအဖွဲ့တွေ၊ လက်နက်ကိုင်တော်လှန်ရေး အင်အားစုတွေကပါ လက်မခံ ဆန့်ကျင်ကြောင်း အသီးသီး စာတွေ ထုတ်ပြန်နေကြပါတယ်။ 
Read More

စစ်ကောင်စီတပ်နှင့် မြိတ်ခရိုင် PDF တပ်ရင်း ၃ တို့၏ ဇွန်လတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်က ၃ ဦး သေပြီး ၂ ဦး ဒဏ်ရာရ

တနင်္သာရီတိုင်းအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင် အမှတ် ၃ တပ်ရင်းနဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တို့ ဇွန်လအတွင်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်က ၃ ယောက်သေဆုံးပြီး ၂ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ​မြိတ်ခရိုင် အမှတ် ၃ တပ်ရင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ကျွန်းလှအပါ မြို့နယ် ၃ ခုက ရွာတွေကို စစ်ကြောင်းဝင်နေတဲ့ အကြမ်းဖက်စစ်အုပ်စုတွေ အရပ်သားပိုင်ပစ္စည်းတွေ ခိုးယူပြီး ကြီးပွားနေ

စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင်အတွင်းက ​ကျွန်းလှမြို့နယ်အပါအဝင် မြို့နယ်၃ခုက ကျေးရွာတွေမှာ စစ်ကြောင်းဝင်ရောက်နေတဲ့ အကြမ်းဖက်စစ်အုပ်စုတွေဟာ အရပ်သားပိုင် တန်ဖိုးကြီးပစ္စည်းတွေ ခိုးယူသယ်ဆောင်ရင်း ကြီးပွားနေကြကြောင်း ကျွန်းလှ- ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့က ပြောပါတယ်။