ရှမ်းပြည်နယ် အရှေ့ပိုင်းက သတ္တုတူးဖော်ရေးလုပ်ငန်းတွေကြောင့် ထိုင်းနိုင်ငံမြောက်ပိုင်းက မြစ်တွေထဲ ပျော်ဝင်နေတဲ့ အန္တရာယ်ရှိပစ္စည်းတွေကို စစ်ထုတ်ဖို့အတွက် ထိုင်းအစိုးရအနေနဲ့ ရေတားဆည်တွေ တည်ဆောက်ဖို့ ပြင်ဆင်နေကြောင်း ထိုင်းဒုဝန်ကြီးချုပ် Phumtham Wechayachai က မေလ ၂၁ ရက်မှာ ပြောပါတယ်။

ချင်းမိုင်နဲ့ ချင်းရိုင် ပြည်နယ်တွေက ကော့၊ စိုင်နဲ့ မဲခေါင်မြစ်တွေရဲ့ ရေနမူနာတွေအရ အာဆင်းနစ်နဲ့ ခဲတို့လို အန္တရာယ်များတဲ့ သတ္တုတွေ ‌ပျော်ဝင်နေကြောင်း သိရပါတယ်။

အဆိုပါ အညစ်အကြေးတွေဟာ မြန်မာပြည်ရဲ့ ရေဆင်းနေရာတွေအနီး မိုင်းတွင်းတွေကနေ ထွက်လာတာဖြစ်တယ်လို့ Phumtham က ဆိုပါတယ်။

အဆိုပါ ရေဆင်းနေရာတွေဟာ လူမျိုးစုသူပုန်အဖွဲ့တွေရဲ့ ထိန်းချုပ်မှုအောက်မှာဖြစ်နိုင်ကြောင်း၊ အဲဒါကြောင့် ထိုင်းအနေနဲ့ ကိုယ့်ကိုကိုယ်ကာကွယ်ဖို့ အရေးယူဆောင်ရွက်မှုတွေ လုပ်ဖို့လိုကြောင်း စစ်ကောင်စီအရာရှိတွေက ပြောဆိုတယ်လို့ ဘန်ကောက်ပို့စ်မှာ ဖော်ပြပါတယ်။

အဆိုပါ ရေတွေထဲက အန္တရာယ်ရှိပစ္စည်းတွေကို နောက်ပိုင်းမှာ စစ်ထုတ်နိုင်ဖို့အတွက် ထိုင်းရေအရင်းအမြစ် ဦးစီးဌာနက ဆည်ဒီဇိုင်းတွေ ရေးဆွဲနေကြောင်း သတင်းမှာ ဖော်ပြပါတယ်။

ထိုင်းနိုင်ငံ ကော့မြစ်မှ ညစ်ညမ်းမှုဆိုင်ရာ စမ်းသပ်ချက်များ ရယူနေစဉ် (ဓာတ်ပုံ Panumet Tanraksa)



“ဆည်တွေက ဒီဇိုင်းဆွဲနေတုန်းပဲ။ ပြဿနာရဲ့ မူလဇစ်မြစ်က ထိုင်းနိုင်ငံမှာ မဟုတ်ဘူးဆိုတော့ (ညစ်ညမ်းမှု လျှော့ချဖို့ရာ) ညှိနှိုင်းမှုတွေအတွက် ပြဿနာရှိပါမယ်။ အကောင်းဆုံးလုပ်နိုင်တာကတော့ ကိုယ့်ကိုကိုယ်ကာကွယ်တာပဲ” လို့ Phumtham က ပြောပါသေးတယ်။

နေရာအတော်များများက မျက်နှာပြင် ရေနမူနာတွေ စမ်းသပ်ရာမှာ ညစ်ညမ်းမှုအဆင့်က အန္တရာယ်မကင်းကြောင်း သူက ဝန်ခံခဲ့ပေမယ့် “ချက်ချင်းလက်ငင်း အန္တရာယ်ဖြစ်နိုင်တာမျိုးတော့ မဟုတ်ဘူး” လို့ သူက ဆက်ပြောပါတယ်။

ညစ်ညမ်းမှု ထိန်းချုပ်ရေးဌာနနဲ့ ကျန်းမာရေးဌာနတို့ကလည်း ဒီကိစ္စဟာ ချက်ချင်းဖြေရှင်းနိုင်မယ့်ကိစ္စ မဟုတ်ဘဲ ရေရှည်ပြဿနာဖြစ်တယ်လို့ ဆိုပါတယ်။

“ဘာမှ မလုပ်ရင် အနာဂတ်မှာ ပြဿနာတွေ ရှိလာမယ်။ ဒါပေမယ့် လက်ရှိမှာ အန္တရာယ်မရှိဘူးလို့ ကျနော် အတည်ပြုပါတယ်” “ဒေသခံတွေဟာ ထိုင်းနိုင်ငံသားတွေဖြစ်ပြီး အရေးကြီးတဲ့ အရင်းအမြစ်တွေ ဖြစ်တယ်။ အစိုးရအနေနဲ့ ပြည်သူတွေကို ဒီလိုဘေးအန္တရာယ်မျိုး ပေးမခံစားခိုင်းဘူး။ သူတို့ကို ကာကွယ်ဖို့ တာဝန်ရှိပါတယ်” လို့ Phumtham က ပြောခဲ့ပါတယ်။

မူရင်းသတင်း – Govt plans dams to cleanse contaminated water from Myanmar

0 Shares:
You May Also Like
Read More

BGF မှ စောချစ်သူနှင့် သူ၏တပ်ဖွဲ့ဝင်အချို့ကို  အမြန်ဆုံး ဖမ်း၀ရမ်းထုတ် အရေးယူပေးဖို့ ထိုင်းကို JFM တောင်းဆို

ကျားဖြန့်လုပ်ငန်းတွေနဲ့ ပတ်သက်ဆက်စပ်ပြီး နာမည်ကြီးနေတဲ့ ကရင်နယ်ခြားစောင့်တပ်ဖွဲ့ (BGF) ခေါင်းဆောင် စောချစ်သူ အပါအဝင် သူ့ရဲ့ တပ်ဖွဲ့ဝင်တချို့ကို ထိုင်းနိုင်ငံက ဖမ်း၀ရမ်းထုတ်ဖို့ လုပ်ဆောင်နေမှုအပေါ်  ကြိုဆိုကြောင်း Justice For Myanmar (JFM) က ထုတ်ပြန်လိုက်ပါတယ်။
Read More

လက်နက်များရောင်းချပေးနေသည့် ဘီလာရုစ်နိုင်ငံသို့ မင်းအောင်လှိုင်ရဲ့ ခရီးစဉ်အတွင်း ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအချို့ လက်မှတ်ရေးထိုး

စစ်ကောင်စီကို စစ်လက်နက်တွေ ရောင်းချနေတဲ့ ဘီလာရုစ်နိုင်ငံက မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုတွေပြုလုပ်ဖို့ သဘောတူစာချုပ်တချို့ လက်မှတ်ရေးထိုးသွားမယ်လို့ အာဏာသိမ်းစစ်တပ်ရဲ့  ဝါဒဖြန့်မီဒီယာတွေမှာ ဖော်ပြလာပါတယ်။
Read More

ထိုင်းရဲ့ ဒေသတွင်း အလွတ်သဘောဆွေးနွေးပွဲမှာ စစ်ကောင်စီရွေးကောက်ပွဲကိစ္စ ဆွေးနွေးဖွယ်ရှိ

ဘန်ကောက်မှာ ပြုလုပ်တဲ့ ဒီဇင်ဘာ ၁၉ ရက်ဆွေးနွေးပွဲမှာ စစ်ကောင်စီရွေးကောက်ပွဲအကြောင်း ဆွေးနွေးနိုင်တယ်လို့ Reuters သတင်းဌာနက ဖော်ပြထားပါတယ်။
Read More

ထိုင်းလူမျိုးများအား ရိုက်နှက်ခဲ့သည့် မြန်မာအလုပ်သမား ၆ ဦး ရဲစခန်းသို့ သွားရောက် အဖမ်းခံခဲ့ပြီး ဒဏ်ငွေနှင့် ပြေလည်

ထိုင်းလူမျိုး ပို့ဆောင်ရေးဝန်ထမ်းတွေကို စိန်ခေါ်ရိုက်နှက်ခဲ့တဲ့ မြန်မာအလုပ်သမားတွေဟာ ဒီနေ့ဇန်နဝါရီ ၁၃ ရက်နေ့မှာ ရဲစခန်းကို သွားရောက်အဖမ်းခံ တောင်းပန်ခဲ့တယ်လို့သိရပြီး အာဏာပိုင်တွေက ဒဏ်ငွေအဆင့်နဲ့ အရေးယူခဲ့တယ်လို့ ထိုင်းသတင်းတွေက ဖော်ပြကြပါတယ်။
Read More

နယူးယောက်မြို့ရှိ ကုလသမဂ္ဂဆိုင်ရာ တရုတ်သံရုံးတွင် မြန်မာ့အရေး တရုတ်အစိုးရ ဝင်ရောက်စွက်ဖက်မှု ဆန့်ကျင်ကြောင်း ဆန္ဒပြ

အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့ရှိ ကုလသမဂ္ဂဆိုင်ရာ တရုတ်သံရုံးရှေ့မှာ တရုတ်အစိုးရက စစ်ကောင်စီဘက်က ပေါ်ပေါ်ထင်ထင်ရပ်တည်ပြီး မြန်မာ့အရေးမှာ ဝင်ရောက်စွက်ဖက်နေတာတွေကို ရပ်တန့်ဖို့ ဇွန်လ ၆ ရက် မနေ့ကညနေပိုင်းမှာ ဆန္ဒပြခဲ့တယ်လို့ သိရပါတယ်။
Read More

အတုအယောင် ရွေးကောက်ပွဲအကြို စစ်အုပ်စု တိုက်ခိုက်မှုများ လုပ်လာတာကြောင့် ပြည်သူလူထုအား ကာကွယ်ရန် အရေးပေါ် ဆောင်ရွက်မှုများ လုပ်ဆောင်ကြရန် နိုင်ငံတကာကို SAC-M တိုက်တွန်း

အကြမ်းဖက် စစ်ကော်မရှင်ဟာ မကြာခင် အတုအယောင်ရွေးကောက်ပွဲ ကျင်းပတော့မှာဖြစ်တဲ့အတွက် နေ့စဥ်နဲ့အမျှ တိုက်ခိုက်မှုတွေ ပိုမိုလုပ်ဆောင်လာတာကြောင့် မြန်မာပြည်သူတွေကို ကာကွယ်ဖို့ အာဆီယံနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းကနေ အရေးပေါ်ဆောင်ရွက်မှုတွေ လုပ်ဆောင်ကြရမယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ (SAC-M) က ပြောကြားလိုက်ပါတယ်။