ရှမ်းပြည်နယ်တောင်ပိုင်းရှိ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော် (DPLA) လှုပ်ရှားရာဒေသဖြစ်တဲ့ ရပ်စောက်မြို့နယ်၊ ကျောက်ဂူတိုက်နယ်ကျေးရွာအတွင်းရှိ လွယ်ဟောင်ရွာနဲ့ ဖက်ရင်းကုန်းရွာကြားမှာ စစ်ကောင်စီဘက်က အဆိပ်ငွေ့ဗုံးတွေ၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ DPLA က မနေ့ ထုတ်ပြန်ပါတယ်။

မေလ ၂၀ ရက် နေ့လည်ပိုင်းက အကြမ်းဖက်စစ်ကောင်စီတပ်ဟာ အဆိပ်ငွေ့ဗုံး (၅)လုံး ကြဲချခဲ့ပြီး မွန်းလွဲကျော်ချိန်မှာတော့ DPLA တပ်တွေ ရှိရာကို လက်နက်ကြီး (၂) လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

ကျောက်ဂူတိုက်နယ် ကျေးရွာအနီးတစ်ဝိုက် အကြမ်းဖက်စစ်ကောင်စီတပ်က လက်နက်ကြီးတွေ၊ ရမ်းသမ်းပစ်ခတ်ပြီး ထိုးစစ်ဆင်တိုက်ခိုက်မှုတွေ ပြုလုပ်နေတယ်လို့ DPLA က ထုတ်ပြန်ထားပါတယ်။

အကြမ်းဖက်စစ်ကောင်စီတပ်က နိုင်ငံတကာက တားမြစ်ကန့်သတ်ထားတဲ့ အဆိပ်ငွေ့ဗုံးတွေ အသုံးပြုပြီး စစ်ရာဇဝတ်မှုဥပဒေချိုးဖောက်မှုတွေ မကြာခဏပြုလုပ်နေသလို DPLA ရဲ့မဟာမိတ် TNLA တပ်တွေ ထိန်းချုပ်ထားတဲ့ နယ်မြေမှာလည်း ပြည်သူလူထုကို ပစ်မှတ်ထားကာ လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်နေတာကြောင့် ပြည်သူတွေ လေကြောင်းအန္တရာယ်ကို အထူးဂရုပြုဖို့နဲ့ စစ်ရေးသတင်းတွေ နေ့စဥ်နဲ့အမျှ နားစွင့်ထားဖို့ အထူးသတိပေးကြောင်း ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

ရေဖြူတံတားထိပ်က စစ်တပ်ဂိတ်ကို တော်လှန်ရေးအင်အားစုတွေ တိုက်ခိုက်လို့ စစ်ကောင်စီတပ်သား ၄ ဦး သေ အောက်တိုဘာ ၁၃၊ ၂၀၂၄

ရေဖြူမြို့နယ်၊ ရေဖြူတံတားထိပ်တွင် စစ်ဆေးရေး လုပ်နေတဲ့စစ်တပ်ဂိတ် ကိုပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၄ ဦးသေဆုံးပြီး သေနတ် ၁ လက် သိမ်းဆည်းရရှိ မိခဲ့ကြောင်း ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော် (DNLA) ထံက သိရပါတယ်။
Read More

စစ်ကိုင်းတိုင်းအတွင်းရှိ ပြည်သူများကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော်က လေကြောင်းအန္တရာယ် အသိပညာပေးခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းများ ပြုလုပ်… (ဓာတ်ပုံသတင်း)

ပြည်သူ့လွတ်မြောက်ရေးတပ်မတော် - PLA ရဲ့ ကျန်းမာရေးဌာနနဲ့ နိုင်ငံရေးဌာနက အမှတ် (၁) စစ်ဒေသ၊ စစ်ကိုင်းတိုင်းရှိ ဒေသတစ်ခုမှာ ဒေသခံပြည်သူတွေနဲ့ ကလေးငယ်တွေကို အခမဲ့ ကျန်းမာရေးစစ်ဆေးပေးခြင်း၊ ကုသပေးခြင်းနဲ့ လေကြောင်းအန္တရာယ်ကာကွယ်ရေး အသိပညာပေးခြင်းတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ပြည်သူများ ငလျင်ကပ်ဘေးအန္တရာယ် ကျရောက်နေချိန် နောင်ချိုကို စစ်ကောင်စီတပ် ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်

မြန်မာနိုင်ငံမှာ ပြည်သူတွေ ငလျင်ကပ်ဘေးအန္တရာယ်ရဲ့ နောက်ဆက်တွဲတွေ ခံစားနေရချိန်မှာ ရှမ်းပြည်နယ်မြောက်ပိုင်းက နောင်ချိုမြို့နယ်ကို အကြမ်းဖက်စစ်ကောင်စီတပ်က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

တောင်ငူမြို့နယ်တွင် စစ်ကြောင်းထိုးလာသည့် အကြမ်းဖက်စစ်ကြောင်းကို တော်လှန်ရေးတပ်များ ကြားဖြတ်တိုက်ခိုက်၊ စစ်သား ၃ ဦး သေဆုံး

ပဲခူးတိုင်း၊ တောင်ငူမြို့နယ်မှာ စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ အကြမ်းဖက်စစ်ကြောင်းကို တော်လှန်ရေးပူးပေါင်းတပ်က ကြားဖြတ်တိုက်ခိုက်ရာ စစ်သား ၃ ယောက် သေဆုံးခဲ့တယ်လို့ ဝရဇိန်တပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ရန်ကုန်မြို့ ထိုင်းသံရုံးမှာ ကျင်းပဖို့ ရည်ရွယ်ထားသည့် သင်္ကြန်ပွဲတော်ကို ဖျက်သိမ်း

ရန်ကုန်မြို့က ထိုင်းသံရုံးမှာ ကျင်းပဖို့ရည်ရွယ်ထားတဲ့ သင်္ကြန်ပွဲကို ဖျက်သိမ်းလိုက်ပြီလို့  ထိုင်းသံရုံးက မနေ့က မတ်လ ၃၁ ရက်နေ့မှာ အသိပေးထုတ်ပြန်ကြေညာလိုက်ပါတယ်။  
Read More

ဖလမ်း နောက်ဆုံးခံစစ်ဖြစ်သည့် ခလရ ၂၆၈ မှ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး သေဆုံး

စစ်ကောင်စီတပ်တွေနဲ့ ချင်းညီနောင်တပ်ဖွဲ့တို့ကြား တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ဖလမ်းမြို့မှာ စစ်ကောင်စီရဲ့ နောက်ဆုံးခံစစ်ဖြစ်တဲ့ အမှတ် ၂၆၈ ခြေလျင်တပ်ရင်း (ခလရ ၂၆၈) က တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး ဝေလင်းထွန်း ဆိုသူဟာ တိုက်ပွဲအတွင်း သေဆုံးသွားတယ်လို့ တပ်တွင်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။