ချင်းပြည်နယ်ရှိ မတူပီ-မင်းတပ် လမ်းပိုင်းက မိုင်တိုင် ၉၁ မိုင်မှာ လမ်းပြုပြင်နေတာကြောင့် လမ်းပိတ်ထားတယ်လို့ Chin Defense Force-Matupi က ဒီနေ့မှာ ထုတ်ပြန်ကြေညာပါတယ်။

မတူပီမြို့နယ် ပြည်သူလူထုရဲ့ ကုန်စည်စီးဆင်းရာ အဓိကလမ်းပိုင်းဖြစ်တဲ့ မတူပီ-မင်းတပ် လမ်းပိုင်းက မိုင်တိုင် ၉၁ မိုင်နေရာမှာ ယိုယွင်းပျက်စီးနေတာကြောင့် ပြန်လည် ပြုပြင်နေတယ်လို့ ဆိုပါတယ်။

လမ်းပြုပြင်ဆဲ ကာလမှာ ဖြတ်သန်းသွားလာနေတဲ့ ယာဥ်တွေရဲ့ အလေးချိန်နဲ့ တုန်ခါမှုတွေကြောင့် လမ်းပြုပြင်ရေး အခက်အခဲများစွာ ကြုံတွေ့နေရတဲ့အတွက် အခုလို လမ်းပိတ်လိုက်တာဖြစ်တယ်လို့ ဆိုပါတယ်။

အဆိုပါလမ်းပိုင်းကို မေလ ၂၂ ရက်ကနေ ဇွန်လ ၅ ရက်အထိ လမ်းပြုပြင်ဆဲကာလ နှစ်ပတ်တာအတွင်း လုံးဝ ဖြတ်သန်းသွားလာတာမပြုလုပ်ဖို့ CDF-Matupi က အသိပေးထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

ဂန့်ဂေါမှာ စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် စာသင်ကျောင်းဆောင် ပျက်စီး၊ ညသန်းခေါင်ယံအချိန်မို့ လူထိခိုက်မှု မရှိခဲ့

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ် လာပို့ကျေးရွာကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ရာ ကျေးရွာအတွင်းရှိ စာသင်ကျောင်းကို ထိမှန်သွားတာကြောင့် စာသင်ကျောင်း လုံးဝပျက်စီးသွားတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

စဉ့်ကူးမြို့ကို စစ်ကောင်စီ ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်

အာဏာသိမ်း စစ်တပ်က စဉ့်ကူးမြို့ပေါ် ကို ဒီနေ့ ဧပြီလ ၂၇ ရက်နေ့ မနက်ပိုင်းမှာ လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဒေသခံ စစ်ရေးသတင်းအရင်းအမြစ်က မောင်းကိုအတည်ပြုပြောကြားပါတယ်။
Read More

ရန်ကုန်-မန္တလေး လမ်းပိုင်းမှာ PDF တပ်ဖွဲ့ဝင်များ လမ်းပိုင်း စစ်ဆေးရေးဆောင်ရွက်ခဲ့ (ဓာတ်ပုံသတင်း)

ပဲခူးတိုင်းအတွင်းရှိ ရန်ကုန်-မန္တလေး လမ်းပိုင်းမှာ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ဗျူဟာ(၂၃) တပ်ဖွဲ့ဝင်တွေက မတ်လ ၂၇ ရက် ဒီနေ့မှာ စစ်ဆေးရေးဆောင်ရွက်နေတဲ့ ပုံရိပ်တွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ စစ်ရုံးချုပ်က ထုတ်ပြန်ထားပါတယ်။
Read More

စစ်ကောင်စီနဲ့ ပူးပေါင်းပြီး လုံခြုံရေးကုမ္ပဏီ လုပ်ဆောင်တာဟာ တရုတ် အကျိုးစီးပွားနဲ့ လုံခြုံရေးကို ကာကွယ် ပေးနိုင်မှာမဟုတ်၊ တရုတ်အပါ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအားလုံးကို NUG ကာကွယ်ပေးမယ်လို့ ကတိပေး…

အကြမ်းဖက်စစ်ကောင်စီနဲ့ လုံခြုံရေးကုမ္ပဏီ လုပ်ဆောင်တာဟာ တရုတ်အကျိုးစီးပွားနဲ့ လုံခြုံရေးကို အကာအကွယ် ပေးနိုင်မှာမဟုတ်ဘူးလို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ သမ္မတရုံး ပြောခွင့်ရ ဦးကျော်ဇောက ပြည်သူလူထုနဲ့ နိုင်ငံတကာကို သတင်းစကားပြောကြားခြင်းအစီအစဥ်မှာ ပြောဆိုလိုက်ပါတယ်။
Read More

ချီဗွေမြို့ကို KIA က အလုံးစုံ သိမ်းပိုက်ထိန်းချုပ်

ကချင်ပြည်နယ်၊ ချီဗွေမြို့ကို  KIA က အပြီးသတ်သိမ်းပိုက်လိုက်ပြီး စစ်ကောင်စီ လုံး၀ကင်းစင်သွားတဲ့နယ်မြေ ဖြစ်သွားကြောင်း ကချင်စစ်ရေးသတင်းအရင်းအမြစ် တချို့မှာ ဖော်ပြလာပါတယ်။ စက်တင်ဘာ ၂၉ရက်နေ့မှာ KIA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေဟာ ချီဗွေမြို့က ဗျူဟာကုန်းအပါအဝင် တပ်စခန်း လေးခုကိုသိမ်းပိုက်နိုင်ခဲ့ပြီး မြို့ကို စတင်ထိန်းချုပ်လိုက်ပြီ ဖြစ်ပါတယ်။
Read More

ပခုက္ကူတွင် စစ်ကြောင်းထိုး အကြမ်းဖက်စစ်တပ်က ကမ္မတပ်ပေါင်းစု၏ KMDF စခန်းကို မီးရှို့ဖျက်ဆီး၊ လက်နက်ခဲယမ်း ကျပ်သိန်း ၄၀၀ ဖိုးခန့် ပျက်စီးဆုံးရှုံးခဲ့

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်မှာ စစ်ကြောင်းဝင်ရောက်လာတဲ့ အကြမ်းဖက်စစ်တပ်က ကမ္မတပ်ပေါင်းစုရဲ့ Kamma Defence Force (KMDF) စခန်းကို မီးရှို့ဖျက်ဆီးခဲ့သလို လက်ရှိအချိန်အထိ ဆက်လက်စစ်ကြောင်းထိုးနေကြောင်း မြေပြင်​တော်လှန်ရေး တပ်ဖွဲ့ဝင် ၁ ယောက်က မောင်းကို ပြောပါတယ်။