ကချင်ပြည်နယ် ဗန်းမော်မြို့ကို စစ်ကူလာတဲ့ စစ်ကောင်စီရဲ့ Mi-17 ရဟတ်ယာဉ်ကို ဒရုန်းနဲ့ ဝင် တိုက်ပြီး ဖျက်ဆီးခဲ့တဲ့ ရုပ်သံဖိုင်တစ်ခု ဒီနေ့မှာ ထွက်ပေါ်လာပါတယ်။

မြန်မာနိုင်ငံအတွင်းက လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ စစ်ရာဇဝတ်မှုတွေကို စုံစမ်းထောက်လှမ်းနေတဲ့ TNISO အဖွဲ့က အဆိုပါ ရုပ်သံဖိုင်ကို ထုတ်ဖော်ပြသလိုက်တာဖြစ်ပြီး စစ်ကောင်စီရဲ့ Mi-17 ရဟတ်ယာဉ်ကို ဦးတည်ကာ ဒရုန်းနဲ့ ဝင်တိုက်လိုက်တာကို ဗီဒီယိုထဲမှာ ရှင်းရှင်းလင်းလင်း တွေ့မြင်ရပါတယ်။

မေလ ၂၀ ရက်က စစ်ကောင်စီရဲ့ Mi-17 ရဟတ်ယာဉ် ၃ စီးကို KIA ပူးပေါင်းတပ်တွေက တိုက်ခိုက်ခဲ့ရာ ၂ စီးထိမှန်ပြီး ၁ စီးဟာ ရွှေကူမြို့နယ် မြို့လှမြို့နယ်ခွဲ စည်ငန်းရွာအနောက်ဘက်ရှိ တောထဲ ပျက်ကျသွားခဲ့ပါတယ်။

စစ်ကောင်စီတပ်ရဲ့ ထုတ်ပြန်ချက်မှာတော့ Mi-17 ရဟတ်ယာဉ်ဟာ စက်ချို့ယွင်းမှုဖြစ်ပေါ် ပြီး ပျက်သွားခဲ့တယ်လို့ လိမ်လည်သတင်းထုတ်ပြန်ခဲ့ပါတယ်။

ပျက်သွားခဲ့တဲ့ ရဟတ်ယာဉ်ကို KIA ပူးပေါင်းတပ်တွေက ရှာဖွေတွေ့ရှိခဲ့ရာ စစ်ကောင်စီတပ်သား အလောင်း ၁၆ လောင်းနဲ့ မီးလောင်ပျက်စီးနေတဲ့ လက်နက် ၁၄ လက် သိမ်းဆည်းရရှိခဲ့ပါတယ်။

0 Shares:
You May Also Like
Read More

အခြေခံစစ်ပညာသင်တန်းတက်ရောက်နေကြတဲ့ Northwest Plains Revolutionary Forces ရဲဘော်တွေ ရုပ်သံထုတ်ပြန် (ရုပ်/သံ)

Northwest Plains Revolutionary Forces ရဲ့ အပတ်စဉ်(၅) အခြေခံစစ်ပညာသင်တန်းတက် ရောက်နေတဲ့ ရဲဘော်တွေကို စစ်ရေးလေ့ကျင့်နေတဲ့ ပုံရိပ်ရုပ်သံမှတ်တမ်းဖိုင်ကို ထုတ်ပြန်လိုက်ပါတယ်။
Read More

ငလျင်ဒဏ်သင့်ဒေသများသို့ ထောက်ပံ့နိုင်ရန် အထူးဒေသ ၄ အစိုးရ အလှူငွေများ ကောက်ခံ (ရုပ်/သံ)

ငလျင်ဒဏ်ခံစားနေရတဲ့ ပြည်သူလူထုကို ထောက်ပံ့နိုင်ဖို့ ရှမ်းပြည်အရှေ့ပိုင်း အထူးဒေသအစိုးရနဲ့ ပြည်သူလူထုက အလှူငွေတွေထည့်ဝင်ပြီး လိုအပ်နေတဲ့ နေရာတွေကို ပို့ဆောင်ဖို့ ဆောင်ရွက်လျက်ရှိတယ်လို့ ရှမ်းပြည်အရှေ့ပိုင်းအထူးဒေသ ၄ အစိုးရက သတင်းထုတ်ပြန်ထားပါတယ်။
Read More

မြို့သာစက်မှုဇုန်မှ အင်အား ၇၀ ဖြင့် ထွက်လာသည့် စစ်ကောင်စီစစ်ကြောင်းကို တော်လှန်ရေးတပ်များ ကြားဖြတ်တိုက်ခိုက် (ရုပ်/သံ)

မန္တလေးတိုင်း၊ မြို့သာစက်မှုဇုန်ကနေ အနောက်ဘက်သို့ ထွက်လာတဲ့ အင်အား ၇၀ ခန့်ရှိ အကြမ်းဖက် စစ်ကောင်စီစစ်ကြောင်းကို ဇန်နဝါရီ ၃ ရက် နေ့လယ်ပိုင်းက တော်လှန်ရေးတပ်တွေ ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ TGYR-​​ပြောက်ကျားတပ်ဖွဲ့ထံက သိရပါတယ်။
Read More

အဓမ္မစစ်မှုထမ်းရသူတွေကို ဘက်ပြောင်းဖို့ ကရင်နီရဲဘော်တွေ ရှေ့တန်းစစ်မြေပြင်မှာ အနီးကပ် ခေါ်ယူညှိနှိုင်း၊ “မတိုက်ဘဲနဲ့ လျော့သွားတဲ့ ရန်သူကို လိုချင်တယ်”(ရုပ်/သံ)

ရှေ့တန်းစစ်မြေပြင်တစ်နေရာမှာ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း စစ်ကောင်စီတပ်တွေနဲ့ ကရင်နီရဲဘော်တွေ မီတာ ၁၀၀ ခန့်အကွာ ထိတွေ့မှုတွေ ပုံမှန်ရှိနေတယ်လို့ သိရပါတယ်။ 
Read More

ငဖဲက စစ်ဘေးရှောင်ကလေးငယ်တွေရဲ့ စာသင်ခန်း (ရုပ်/သံ)

မကွေးတိုင်း၊ ငဖဲမြို့နယ်အတွင်းမှာ အရှိုချင်းကာကွယ်ရေးတပ် (ACDF) ဖွင့်လှစ်ထားတဲ့ စစ်ဘေးရှောင် ကလေးငယ်တွေရဲ့ စာသင်ခန်းမြင်ကွင်းတွေကို ACDF က ထုတ်ပြန်လိုက်ပါတယ်။
Read More

MBT ၏ ၁ နှစ်တာ စစ်ရေးလှုပ်ရှားမှုအတွင်း စစ်ကောင်စီတပ်သား ၂၀၀ ကျော်သေ၊ လက်နက် ၂၄ လက်သိမ်းဆည်းရရှိကာ ပြည်သူ့ရဲဘော် ၂ ယောက် ကျဆုံး (ရုပ်/သံ)

Myingyan Black Tiger (MBT) တပ်ဖွဲ့အနေနဲ့ တော်လှန်ရေးမဟာမိတ်တွေနဲ့ ပူးပေါင်းပြီး ၂၀၂၄ ခုနှစ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကို ၄၂ ကြိမ်တိုက်ခိုက်ခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။