ကော်သူးလေထိန်းချုပ်နယ်မြေ၊ ဖားအံခရိုင်၊ တပ်မဟာ (၇)အတွင်းရှိ စစ်ကောင်စီတပ်စခန်း ၈ ခုလုံးကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တဲ့ တပ်ဗိုလ်၊ တပ်မှူးတွေနဲ့ ရဲဘော်ရဲဘက်တွေကို မေလ ၂၁ ရက်မှာ ဂုဏ်ပြုပွဲ ကျင်းပပြုလုပ်ပေးခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU က သတင်းထုတ်ပြန်ထားပါတယ်။

၂၀၂၄ ဒီဇင်ဘာ ၁၆ ရက်ကနေ ၂၀၂၅ မေလ ၁၉ ရက်အတွင်း စစ်ကောင်စီတပ်စခန်း ၈ ခုလုံးကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ (၇) စစ်ရေးကွပ်ကဲမှု လက်အောက်ရှိ တပ်ရင်း (၂၂) တပ်ရင်းမှူး ဦးဆောင်ပြီး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA၊ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ KNDO တပ်ဗိုလ်၊ တပ်မှူးတွေနဲ့ ရဲဘော်ရဲဘက်တွေက တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်ရဲ့ စခန်းတွေကို သိမ်းပိုက်နိုင်ခဲ့တာကြောင့် သောင်ရင်းမြစ်ဘေးရှိ ရွာသူရွာသားတွေ အကြောက်တရားကင်းစွာ သွားလာလုပ်ကိုင်စားသောက်နိုင်တော့မှာ ဖြစ်တယ်လို့ KNU ဗဟို က ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

TNLA ထိန်းချုပ်ရာ ကျောက်မဲမြို့အခြေစိုက် ခမရ ၅၀၁ နဲ့ ခမရ ၅၀၂ ကို စစ်ကောင်စီတပ် လေကြောင်းဗုံးကြဲတိုက်ခိုက် (ရုပ်/သံ)

ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့အခြေစိုက် ခြေမြန်တပ်ရင်း ခမရ ၅၀၁ နဲ့ ခမရ ၅၀၂ ကို ဒီနေ့ မတ်လ ၃ ရက်မှာ အကြမ်းဖက်စစ်ကောင်စီ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
Read More

မုံရွာခရိုင်တပ်ရင်း (၄) အတွက် Federal Wings အဖွဲ့ရဲ့ နည်းပညာနဲ့ ကျည်ကာပြားတွေ ထုတ်လုပ်အောင်မြင် (ရုပ်/သံ)

မုံရွာခရိုင် အမှတ် ၄ တပ်ရင်း (Chindwin Attack Force) အထူးကွန်မန်ဒိုတပ်ဖွဲ့အတွက် Federal Wings အဖွဲ့ရဲ့ နည်းပညာနဲ့ ကျည်ကာတွေ ထုတ်လုပ်အောင်မြင်ခဲ့ပြီ ဖြစ်တယ်လို့ သိရပါတယ်။
Read More

SSRY Eagle Force မှာ တာဝန်ထမ်းနေတဲ့ တိုင်းရင်းသားလူမျိုးရဲဘော်များက ပြည်ထောင်စုနေ့ ကြိုဆိုဂုဏ်ပြုစကားပြောကြား (ရုပ်/သံ)

ဒီနေ့ ဖေဖော်ဝါရီ ၁၂ ရက်မှာ ကျရောက်တဲ့ ပြည်‌ထောင်စုနေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ SSRY Eagle Force မှာ တာဝန်ထမ်းဆောင်နေတဲ့ တိုင်းရင်းသားလူမျိုးရဲဘော်တွေက ကြိုဆိုဂုဏ်ပြုစကားတွေ အခုလိုပြောကြားခဲ့ကြပါတယ်။
Read More

စစ်တောင်းမြစ်အရှေ့ခြမ်းမှာ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ပွဲဖြစ်ပွား (ရုပ်/သံ)

ပဲခူးတိုင်း ရေတာရှည်မြို့နယ် စစ်တောင်မြစ်အရှေ့ခြမ်းမှာ ဒီဇင်ဘာ ၁၂ ရက် ညနေပိုင်းက အင်အား ၁၀၀ ခန့်ရှိတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ Nay Pyi Taw PDF-Battalion 901မှ ထုတ်ပြန်ထားပါတယ်။
Read More

စလင်းမြို့နယ် စစ်တပ်စစ်ဆေးရေးဂိတ်ကို ဒရုန်းနဲ့ ဗုံးသီးကြဲချ (ရုပ်/သံ)

မကွေးတိုင်း၊ စလင်းမြို့နယ်၊ ဆင်ကျုံးရွာထိပ်က အကြမ်းဖက်စစ်တပ်ရဲ့ စစ်ဆေးရေးဂိတ်ကို မင်းဘူးခရိုင် အမှတ် ၁ တပ်ရင်းက ဇန်နဝါရီ ၂၉ ရက်မှာ ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့  သိရပါတယ်။
Read More

နမခ ကနေ တပ်သားသစ်တွေ တင်ဆောင်လာတဲ့ စစ်ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) ကနေ စစ်ကိုင်းတပ်မ ၃၃ ဆီ တပ်သားသစ်တွေ တင်ဆောင်ပြီး ထွက်လာတဲ့ အကြမ်းဖက်စစ်တပ်ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ Area 71 peoples defense force အဖွဲ့ထံက သိရပါတယ်။