ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်၊ သန်လျင်တံတားအဆင်း ဆက်ကြေးကောက်ငွေညစ်နေတဲ့ စစ်အုပ်စုတွေရှိရာကို မေလ ၂၁ရက် ဒီနေ့မနက်ပိုင်းမှာ သွားရောက်ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ Operation Flame (OF) သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက မောင်းကို ပြောပါတယ်။

သန်လျင်တံတားအဆင်း၊ မြို့ဟောင်းအနောက်ရပ်ကွက်၊ လက်မှတ်ဂိတ်မှတ်တိုင်အနီးမှာရှိတဲ့ မောတော်ပီကယ်တွေနဲ့ လုံခြုံရေးယူ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရှိရာကို မြို့ပြပြောက်ကျားတပ်ဖွဲ့ဝင်တွေက ပြင်းအားမြင့် အဝေးထိန်းမိုင်းနဲ့ သွားရောက်ဖောက်ခွဲတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

“သေချာသလောက် ထိခိုက်နိုင်ချေများပါတယ်ဗျ စစ်ခွေးလော်ဘီတွေဘက်က အသံမိုင်းဖောက်ခွဲတာ ထိခိုက်မှုမရှိဘူးဆိုပြီး သတင်းတုထုတ်နေတာရော ဖောက်ခွဲပြီးချိန်ကနေ အခုချိန်ထိ အဲ့နေရာမှာ ပိုက်စိပ်တိုက် စစ်ဆေးနေပုံထောက်ရင် သေချာသလောက် ထိခိုက်နိုင်ချေများပါတယ်ဗျ မြေပြင် အခြေအနေကိုတော့ ကျနော်တို့ စုံစမ်းဆဲပါပဲ။” လို့

Operation Flame (OF) သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက မောင်းကို ပြောပါတယ်။

လက်ရှိမှာတော့ ဖောက်ခွဲရေး လုပ်ခဲ့တဲ့ တပ်ဖွဲ့ဝင်တွေအားလုံး လုံခြုံ​ဘေးကင်းရာကို ရောက်ရှိနေပြီလို့ Operation Flame (OF) က ထုတ်ပြန်ပါတယ်။

ဆက်လက်ပြီးတော့လည်း ရန်ကုန်တော်လှန်ရေးမဟာမိတ်တွေအားလုံးနဲ့ လက်တွဲရင်း အကြမ်းဖက်စစ်တပ်ကို အရှိန်မြှင့်တိုက်ခိုက်ချေမှုန်းသွားမယ်လို့ Operation Flame (OF) သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

0 Shares:
You May Also Like
Read More

အမြန်လမ်းပေါ် ပိုက်ဆံရှာနေတဲ့ စစ်အုပ်စု လက်ပစ်ဗုံးနဲ့ ပစ်ခံရလို ၁ယောက်သေ၊ ၂ယောက်ဒဏ်ရာရ၊ ဒေါက်တာဇော်မြင့်မောင်အတွက် သွေးကြွေးဆပ်တာ ဖြစ်တယ်လို UG ခေါင်းဆောင်ပြော

ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်၊ ရန်ကုန်-မန္တလေး အမြန်လမ်း (လမ်းဟောင်း) ပေါ်မှာ ကားရပ်ပြီး ငွေညှစ် စစ်ဆေးရေးလုပ်နေတဲ့ အကြမ်းဖက်စစ်အုပ်စုတွေကို လက်ပစ်ဗုံးနဲ့ ပစ်ခတ်တိုက်ခိုက်ရာ ၁ ယောက် သေပြီး ၂ ယောက် ထိခိုက်ဒဏ်ရာရကြောင်း Mother Son မြို့ပြ UG အဖွဲ့ ဦးစီးမှူး ဗိုလ်နိုင်က မောင်းကို ပြောပါတယ်။
Read More

အကြမ်းဖက်စစ်တပ် စစ်မှုထမ်းအင်အား သုံးပြီး မြေပြန်ဒေသတွင် ရွေးကောက်ပွဲအတု နယ်မြေစိုးမိုးရေးအတွက် အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးနေ

အကြမ်းဖက်စစ်တပ်ဟာ အတုအယောင်ရွေးကောက်ပွဲအကြို မြေပြန့်ဒေသ နယ်မြေစိုးမိုးရေးအဖြစ် အင်ပြည့်အားပြည့်နဲ့ စစ်ကြောင်းထိုးရာမှာ စစ်မှုထမ်းအင်အားတွေကို အဓိက အသုံးချလာကြောင်း၊ သင်တန်းကာလနဲ့ သင်တန်းကျောင်းတွေကိုလည်း အရင်ထက်ပိုပြီး တိုးချဲ့ဖွင့်လှစ်လာကြောင်း မြန်မာ့စစ်ဘက်ရေးရာနှင့် လုံခြုံရေးဆိုင်ရာလေ့လာရေးအဖွဲ့ (MDSI) ရဲ့ စစ်ဘက်သုတေသနတာဝန်ခံ  ကိုနောင်ရိုးက မောင်းကို ပြောပါတယ်။
Read More

ကရင်နီမှာ စစ်ကောင်စီရဲ့ တိုက်ခိုက်မှုကြောင့် ၃ လအတွင်း အရပ်သားပြည်သူ ၂၀ ကျော် သေဆုံးခဲ့ရ

ကရင်နီပြည်နယ်မှာ ၃ လတာအတွင်း စစ်ကောင်စီရဲ့ တိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ၂၃ ယောက် သေဆုံးခဲ့ရကြောင်း ကရင်နီလူ့အခွင့်အရေးအဖွဲ့ (KnHRG) က အသိပေးထုတ်ပြန်လိုက်ပါတယ်။
Read More

ကျောက်ကြီးမြို့နယ်မှာ ခမရ−၅၈၉ က စစ်ကောင်စီတပ်သားတစ်ယောက် လက်နက်ချအလင်းဝင်လို့ ကျပ်ငွေ ၁၀ သိန်း ဆုချီးမြှင့်…

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်အတွင်း ခမရ−၅၈၉ က စစ်ကောင်စီတပ်သားတစ်ယောက် လက်နက်ချအလင်းဝင်လို့ ကျပ်ငွေ ၁၀ သိန်း ဆုချီးမြှင့်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က ထုတ်ပြန်ထားပါတယ်။
Read More

ဇီးကုန်းရဲစခန်းကို တိုက်ခိုက်ခဲ့ရာ ဗိုလ်လေးအပါ ၆ ဦး သေ၊ ရဲနှင့် မိသားစုဝင် စုစုပေါင်း ၁၁ ဦး အရှင်ဖမ်းမိကာ သုံ့ပန်းဥပဒေနှင့်အညီ ထိန်းသိမ်းထားဟု ဆို

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ဇီးကုန်းမြို့ရဲစခန်းကို ကာကွယ်ရေးပူးပေါင်းတပ်တွေ လျှပ်တပြက် စီးနင်းဝင်ရောက်တိုက်ခိုက်မှုမှာ စစ်ကော်မရှင်တပ်သားတွေ သေဆုံးမှု ရှိခဲ့သလို အရှင်ဖမ်းမိတဲ့လူတွေကိုတော့ သုံ့ပန်းဥပဒေနဲ့အညီ ထိန်းသိမ်းထားတယ်လို့ ကန့်ဘလူခရိုင် လှုပ်ရှားပကဖတပ်ရင်းထံက သိရပါတယ်။