ယမန်နေ့က ပစ်ချခံခဲ့ရသည့် ရဟတ်ယာဉ်ရှိရာနေရာကို KIA နဲ့ ပူးပေါင်းတပ်များက နယ်မြေရှင်းလင်းခဲ့ရာ စစ်သားအလောင်း ၁၆ လောင်းနဲ့ မီးလောင်ပျက်စီးနေတဲ့ သေနတ်တွေကို သိမ်းဆည်းရရှိခဲ့တယ်လို့ ဒေသတွင်းရှေ့တန်းသတင်းရင်းမြစ်ထံက သိရှိရပါတယ်။
ယင်းရဟတ်ယာဥ်ပျက်ကျခဲ့မှုနဲ့ ပတ်သက်လို့ စစ်ကောင်စီကတော့ ထုံးစံအတိုင်း ရဟတ်ယာဉ်တွေဟာ မေလ ၂၀ ရက် နေ့လယ်ပိုင်းက ဗန်းမော်မြို့နယ်ကို ထောက်ပံ့ရေးပစ္စည်းတွေ သွားရောက်ပို့ဆောင်ပြီး ပြန်လည်ထွက်ခွာစဉ် စက်ချို့ယွင်းပြီး ပျက်ကျမှုဖြစ်ပွားခဲ့တယ်လို့ လိမ်လည်ထုတ်ပြန်ခဲ့တာပါ။
မြေပြင်မှာတော့ အဆိုပါ စစ်ကောင်စီ ရဟတ်ယာဉ်တွေဟာ KIA နဲ့ ပူးပေါင်းတပ်တွေရဲ့ ပစ်ခတ်တိုက်ခိုက်တာကို ခံခဲ့ရပြီး၊ ရဟတ်ယာဉ် ၁ စီးက ရွှေကူ မြို့နယ် မြို့လှမြို့နယ်ခွဲ စည်ငန်းရွာအနောက်ဘက်ရှိ တောထဲသို့ ပျက်ကျသွားခဲ့တာဖြစ်ပြီး၊၊ KIA ပူပေါင်းတပ်ဖွဲ့များက အခုလို နယ်မြေရှင်းလင်းရေး ပြုလုပ်နေချိန်မှာ စစ်သားအလောင်း ၁၆ လောင်းနဲ့ မီးလောင်ပျက်စီးနေတဲ့ သေနတ်တွေကို သိမ်းဆည်းရမိခဲ့တာလည်း ဖြစ်ပါတယ်။
Video – Gadu Tang