မွန်ပြည်နယ်၊ မုဒုံမြို့နယ်ရှိ စစ်ကောင်စီရဲ့ အမြောက်တပ်ရင်း အမတ – ၃၁၈ ကို ဝင်ရောက်တိုက်ခိုက်ရာ စစ်သား ၁ ယောက်သေပြီး ၅ ယောက် ထိခိုက်ဒဏ်ရာရသွားတယ်လို့ မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) – NMSP (AD) က ဒီနေ့ ထုတ်ပြန်ပါတယ်။
မော်လမြိုင်-သံဖြူဇရပ်လမ်းမကြီးပေါ်ရှိ မုဒုံမြို့နယ် ရောင်းဒေါင်းကျေးရွာအနီး တပ်စွဲထားတဲ့ စစ်ကောင်စီရဲ့ အမတ ၃၁၈ ကို NMSP (AD) ရဲ့ မုဒုံမြို့နယ်တပ်က မေလ ၂၀ ရက် မနေ့က နေ့လယ်ပိုင်းမှာ ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
နှစ်ဖက်ရင်ဆိုင်တိုက်ပွဲ နာရီဝက်ခန့်ကြာ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က (၁) ယောက် သေဆုံးကာ (၅) ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ကနဦးသတင်းရရှိကြောင်း NMSP (AD) က ဆိုပါတယ်။
တိုက်ပွဲအတွင်း NMSP (AD) ရဲ့ မုဒုံမြို့နယ် တပ်ဖွဲ့ကလည်း တော်လှန်ရေးရဲဘော်တစ်ယောက် ဒဏ်ရာ (မစိုးရိမ်ရ) ရရှိခဲ့တယ်လို့ သိရပါတယ်။