ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်ရှိ အကြမ်းဖက်စစ်တပ်ရဲ့ တိုက်ခိုက်ရေးသင်တန်းကျောင်း (ဘုရင့်နောင်)ကို ၁၀၇ မမ ရှော့တိုက်ဒုံး ၅ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Brave Warriors for Myanmar (BWM) က သတင်းထုတ်ပြန်ထားပါတယ်။

မေလ ၁၉ ရက် မနက်ပိုင်းက သံတောင်ကြီးမြို့နယ် ဘုရင့်နောင်တပ်မြို့ရှိ အကြမ်းဖက်စစ်တပ်ရဲ့ တိုက်ခိုက်ရေးသင်တန်းကျောင်း (ဘုရင့်နောင်)ကို ၁၀၇ မမ ရှော့တိုက်ဒုံး ၅ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ၄ လုံး အောင်မြင်စွာ ပစ်ခတ်နိုင်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို  Brave Warriors for Myanmar (BWM) ရဲ့ ဦးဆောင်မှုနဲ့အတူ Anti-Coup People’s Liberation Force (ACPLF) ၊ Mountain Knight Civilian Defense Forces (MKCDF) KNLA တပ်မဟာ ၂ ၊ တပ်ရင်း ၅ တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

အကြမ်းဖက်စစ်တပ်ရဲ့ တိုက်ခိုက်ရေးကျောင်း (ဘုရင့်နောင်) ဟာ အောက်မြန်မာပြည်ရှိ တပ်ရင်း၊ တပ်ဖွဲ့အသီးသီးကို ဦးဆောင်နေကြတဲ့ အရာရှိတွေအတွက် တပ်စုမှူး၊ တပ်ခွဲမှူးနဲ့ တပ်ရင်းမှူးသင်တန်းတွေပေးပြီး တိုက်ခိုက်ရေးပညာကို အဓိက သင်ကြား ပေးနေတဲ့ တိုက်ခိုက်ရေး သင်တန်းကျောင်းဖြစ်သလို ပြည်သူလူထုကို နည်းမျိုးစုံနဲ့ နှိပ်စက်ဖို့ စစ်ကောင်စီယန္တရားအား အမိန့်ပေးကွပ်ကဲနေတဲ့ စစ်ကောင်စီ အရာရှိတွေကို ပြည်သူ့ကိုယ်စားတန်ပြန်တိုက်ခိုက်ဖို့ ရည်ရွယ်ကာ BWM နဲ့ မဟာမိတ်တွေက BWM Mission 38 ကို ဖော်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ပြန်လည်တည်ဆောက်နေတဲ့ ခမရ ၅၉၈ တပ်ရင်းကို လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်၊ စစ်သား ၂ ယောက်အပြင်းအထန်ဒဏ်ရာရ (ရုပ်/သံ)

ပဲခူးတိုင်း ရွှေကျင်မြို့နယ် ညောင်ခြေထောက်ကျေးရွာရှိ စစ်ကော်မရှင်ရဲ့ ခမရ ၅၉၈ တပ်ရင်းကို လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ပဲခူးခရိုင် ပကဖမှ သတင်းထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာလ ၂ ရက်က စစ်ကော်မရှင်က ပြန်လည်တည်ဆောက်နေတဲ့ ခမရ ၅၉၈ တပ်ရင်းကို လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ယောက် ဒဏ်ရာအပြင်းအထန်ရရှိပြီး ဆင်ရွာဆေးရုံသို့ သယ်ဆောင်သွားကြောင်း သိရပါတယ်။
Read More

ကျောက်မဲမြို့ကို အကြမ်းဖက်စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲချတိုက်ခိုက်ခဲ့တဲ့အတွက် အရပ်သားပြည်သူ ၁၀ ယောက်သေဆုံးခဲ့ရပြီး ၂၀ ကျော်ဒဏ်ရာရ (ရုပ်/သံ)

ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့ကို နိုဝင်ဘာ ၃၀ ရက် မနေ့ညပိုင်းက လေကြောင်းကနေ ဗုံးကြဲချတိုက်ခိုက်ခဲ့တဲ့အတွက် အရပ်သားပြည်သူ ၁၀ ‌ယောက်သေဆုံးခဲ့ရပြီး ၂၀ ကျော်ထိခိုက် ဒဏ်ရာရရှိခဲ့တယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။
Read More

KIA နဲ့ ပူးပေါင်းတပ်တွေ သိမ်းယူလိုက်တဲ့ ဖီမော်မြို့ ကန်ဖန့်ရွာ ဒေသခံပြည်သူတွေက ရဲဘော်တွေကို ကြိုဆိုဂုဏ်ပြု (ရုပ်/သံ)

ကချင်ပြည်နယ် တရုတ်-မြန်မာနယ်စပ် ကန်ဖန့်ရွာကို အောက်တိုဘာ ၄ ရက် ညနေပိုင်းက KIA နဲ့ ပူးပေါင်းတပ်တွေက ဝင်ရောက်လာစဉ် ဒေသခံပြည်သူတွေက ကြိုဆိုဂုဏ်ပြုခဲ့ကြတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ သယံဇာတနဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာတူးခေါင်က ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာ မျှဝေထားပါတယ်။
Read More

စာသင်နေချိန် အိုးထိန်းတွင်းကျေးရွာစာသင်ကျောင်းကို စစ်တပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်နှင့် ဆရာမ ၂၂ ဦး သေဆုံး (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ အိုးထိန်းတွင်းကျေးရွာ စာသင်ကျောင်းကို စစ်တပ်က လေကြောင်း တိုက်ခိုက်ခဲ့ရာ သေဆုံးသူ ကလေးငယ်နဲ့ ဆရာမ ၂၂ ယောက် အထိရှိလာပြီလို့ ဒီပဲယင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။
Read More

ဆိပ်ဖြူမြို့နယ် စိန်ပန်းကုန်းကျေးရွာကို စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီး (ရုပ်/သံ)

မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ် စိန်ပးန်ကုန်းကျေးရွာကို စစ်ကောင်စီက စစ်ကြောင်းထိုးဝင်ရောက်ပြီး မီးရှို့ဖျက်ဆီးခဲ့တယ်လို့ Yenanthar Column က သတင်းထုတ်ပြန်ထားပါတယ်။
Read More

၂၀၂၅ နှစ်စပိုင်းတွင် အကြမ်းဖက်စစ်ကောင်စီတပ်သား ၇၀ ခန့် သေဆုံးစေခဲ့သည့် တိုက်ပွဲမှတ်တမ်း ရေးပြောက်ကျားတပ် ထုတ်ပြန် (ရုပ်/သံ)

၂၀၂၅ နှစ်စပိုင်းမှာ အကြမ်းဖက်စစ်ကောင်စီတပ်သား ၇၀ ခန့်သေဆုံးခဲ့တဲ့  ဒေါနစစ်ကြောင်း(၂)၊ရေးပြောက်ကျားတပ်(YGF) ရဲ့ စစ်ရေးလှုပ်ရှားမှုမှတ်တမ်းရုပ်သံကို ထုတ်ပြန်လိုက်ပါတယ်။