စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်မှာ ပျူစောထီးရွာကို သွားတဲ့ ဒုရဲအုပ်နဲ့ ရဲတပ်သားတို့ကို တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက ကြားဖြတ်တိုက်ခိုက်ရာ ရဲ ၂ ယောက်လုံး သေဆုံးပြီး သေနတ်၂ လက် သိမ်းဆည်းရရှိခဲ့တယ်လို့ ရွှေဘိုခရိုင် အမှတ် (၄) တပ်ရင်း တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

မေလ ၁၅ ရက် မနက်အစောပိုင်းက ရွှေဘိုမြို့နယ် ညောင်ပင်သာ စိုက်သိပ္ပံတက္ကသိုလ်အတွင်း အထိုင်ချတပ်စွဲထားတဲ့ စစ်အုပ်စုစခန်းကနေ ပန်းရံပျူစောထီးကျေးရွာကို သွားတဲ့ အထက်ပါ ​ရဲ ၂ယောက်ကို လမ်းခုလတ်တစ်နေရာကနေ ကြားဖြတ်ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

တိုက်ခိုက်မှုအပြီး သေဆုံးသွားတဲ့ ဒုရဲအုပ်နဲ့ ရဲတပ်သားထံက ၃၅ ဗို့ ခြောက်လုံးပြူး သေနတ် ၁လက်နဲ့ G-3 သေနတ် ၁လက် သိမ်းဆည်းရရှိခဲ့ပြီးတော်လှန်ရေးတပ်ဖွဲ့ဝင်တွေ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။

“စိုက်သိပ္ပံကျောင်းကနေ ပန်းရံပျူရွာကိုသွားတဲ့ကြားထဲ လမ်းခုလတ်ကနေ ​တိုက်ခိုက်လိုက်တာပါ။ ကျနော်တို့ကို ပြန်မပစ်နိုင်ဘူး။ ရှင်းပြီးတော့သေနတ် ၂ လက် ရတယ်။ အလောင်းတွေကို နေ့လယ်ပိုင်းလောက်မှာ လာကောက်သွားတယ်” လို့ ရွှေဘိုခရိုင်အမှတ် (၄) တပ်ရင်း တာဝန်ရှိသူ၁ယောက်က မောင်းကိုပြောပါတယ်။

ဒီတိုက်ခိုက်မှုကို ရွှေဘိုခရိုင် အမှတ် (၄) တပ်ရင်းနဲ့ အတူ နယ်မြေခံ ပကဖတွေ ပူးပေါင်းဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။

တော်လှန်ရေးတပ်ဖွဲ့ဝင်များ သိမ်းဆည်းရရှိသည့် သေနတ် ၂ လက်
0 Shares:
You May Also Like
Read More

ရွှေဘိုမြို့နယ်၊ ဆည်ပင်ကျွန်းပျူစောထီးကျေးရွာကိုု တော်လှန်ရေးတပ်များ တိုက်ခိုက်သိမ်းပိုက်၊ ပျူစောထီး ၁၈ ဦးအရှင်ဖမ်းဆီးရမိပြီး လက်နက်ခဲယမ်းမျိုးစုံ သိမ်းဆည်းရမိ…

" ဖမ်းဆီးရမိတဲ့ ပျူစောထီးတွေကို ထိပ်တုံးခတ် ချုပ်နှောင် ထားပြီး လိုအပ်တဲ့ စစ်ဆေးမှုတွေ လုပ်နေပါတယ်၊ သူတို့ကို ဥပဒေအရ ဆက်လက် အရေးယူသွားမှာပါ " လို့ ‌ရွှေဘိုခရိုင်အမှတ် (၁၈) တပ်ရင်းရဲ့ ပြောရေးဆိုခွင့်ရှိသူ နေမျိုး(ပဲခူး)က မောင်းသတင်းဌာနကို ပြောပါတယ် ။
Read More

စစ်တပ်ပေါ်တာဆွဲစဉ် ထွက်ပြေးသည့် အမျိုးသား ၁ဦး ပစ်ခတ်ခံရပြီး သေဆုံး၊ ရုပ်အလောင်းကို ချက်ချင်းမကောက်ရဲတာကြောင့် ၃ရက်ကြာမှ သင်္ဂြိုဟ်ရ

ပဲခူးတိုင်း ၊ အုတ်ဖိုမြို့နယ်မှာ ပေါ်တာဆွဲမှုကို ထွက်ပြေးတဲ့ အမျိုးသားတစ်ယောက်ကို စစ်ကော်မရှင်တပ်သားတွေက လိုက်လံပစ်ခတ်တဲ့အတွက် သေဆုံးသွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ အောက်တိုဘာ ၁၂ ရက် နေ့လယ် ၂ နာရီလောက်မှာ ရေဒါကျေးရွာက ကိုအောင်နိုင်စိုးဟာ စစ်ကော်မရှင်တပ်သားတွေ ပေါ်တာဆွဲဖမ်းဆီးတဲ့အတွက် ကြောက်လန့်ပြီးထွက်ပြေးစဉ် မအူတန်းရွာ နဲ့ ကြို့ကိုးပင်ရွာကြားရှိ ဆည်မြောင်းပေါ်မှာ ပစ်ခတ်ခံရပြီး သေဆုံးသွားတယ်လို့ ဆိုပါတယ်။
Read More

သန်းခေါင်စာရင်းကောက်ဖို့ အစည်းဝေးပြုလုပ်နေတဲ့ မြောက်ဥက္ကလာပမြို့နယ် (ဋ) ရပ်ကွက် အုပ်ချုပ်ရေးမှုးရုံးကို လက်ပစ်ဗုံးနဲ့ ပစ်ခတ်

ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့ (ဋ)ရပ်ကွက်အုပ်ချုပ်ရေးမှုးရုံးမှာ သန်ခေါင်စာရင်းကောက်ဖို့အစည်းဝေးပြုလုပ်နေတဲ့ အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံအဖွဲ့ကို YUPA မြို့ပြ ပြောက်ကျားတော်လှန်ရေးတပ်ဖွဲ့နဲ့ မြောက်ဥက္ကလာပ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က လက်ပစ်ဗုံး ၂ လုံးပစ်ခတ်ပြီး သတိပေးခဲ့တယ်လို့ မြို့ပြ တော်လှန်ရေးတပ်ဖွဲ့တွေ ဆီက သိရပါတယ်။
Read More

“ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ” သီချင်းကို DJ ဖြင့် ပြန်လည်ဖွင့်သည့် DJ Violet ကို စစ်တပ် ဖမ်းဆီး၊ သီချင်းဖွင့်ခဲ့သည့် COVER နိုက်ကလပ်ကို စစ်အုပ်စု ချိတ်ပိတ်

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ရဲမွန်တောင်ရပ်ကွက်၊ ၅၃လမ်းနဲ့ ၃၆လမ်းထောင့်ရှိ COVER နိုက်ကလပ်မှာ DJ Violet က ဘုရားသီချင်းဖြစ်တဲ့ “ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ” သီချင်းကို DJ ဖွင့် ကခုန်ခဲ့တဲ့အတွက် DJ Violet ကို ဖမ်းဆီးကာ COVER နိုက်ကလပ်ကိုလည်း ချိတ်ပိတ်လိုက်ပြီဖြစ်တယ်လို့ သိရပါတယ်။
Read More

ဓနုပြည်နယ်အမျိုးသားကာကွယ်‌ရေးတပ်တော်နှင့် ပြည်သူ့သားတပ်တော်တို့ ပူးပေါင်းပြုလုပ်သည့် ‌အပတ်စဉ်(၄) အခြေခံ စစ်သင်တန်းဆင်းပွဲ

ဓနုပြည်နယ်အမျိုးသားကာကွယ်‌ရေးတပ်တော် (DSNDA) နဲ့ ပြည်သူ့သားတပ်တော်(P.S.F)တို့ မဟာမိတ်အဖြစ် ပူးပေါင်းပြုလုပ်ခဲ့တဲ့ ‌အခြေခံစစ်သင်တန်း အပတ်စဉ်(၄) ရဲ့ သင်တန်းဆင်းပွဲကို မတ်လ ၁၀ ရက် ဒီနေ့မှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ရန်ကုန်နဲ့ ပဲခူး နယ်မြေအတွင်းပိုင်းအထိ စိုးမိုးထိန်းချုပ်နိုင်ဖို့ PDF တပ်ရင်းတပ်ဖွဲ့အချို့ စတင်ပြောင်းရွှေ့

ရန်ကုန် နဲ့ပဲခူးရဲ့ နယ်မြေအတွင်းပိုင်းကို စိုးမိုးထိန်းချုပ်နိုင်ဖို့ တောင်ပိုင်းစစ်ဒေသကတပ်ဖွဲ့ဝင်တွေကို စတင်ရွှေ့ပြောင်းနေပြီဖြစ်တယ်လို့ တောင်ပိုင်းစစ်ဒေသက ဒီနေ့ ဖေဖော်ဝါရီ ၂၃ ရက်နေ့မှာ ရုပ်သံနဲ့တကွ အသိပေးထုတ်ပြန်လိုက်ပါတယ်။