စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်မှာ ပျူစောထီးရွာကို သွားတဲ့ ဒုရဲအုပ်နဲ့ ရဲတပ်သားတို့ကို တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက ကြားဖြတ်တိုက်ခိုက်ရာ ရဲ ၂ ယောက်လုံး သေဆုံးပြီး သေနတ်၂ လက် သိမ်းဆည်းရရှိခဲ့တယ်လို့ ရွှေဘိုခရိုင် အမှတ် (၄) တပ်ရင်း တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

မေလ ၁၅ ရက် မနက်အစောပိုင်းက ရွှေဘိုမြို့နယ် ညောင်ပင်သာ စိုက်သိပ္ပံတက္ကသိုလ်အတွင်း အထိုင်ချတပ်စွဲထားတဲ့ စစ်အုပ်စုစခန်းကနေ ပန်းရံပျူစောထီးကျေးရွာကို သွားတဲ့ အထက်ပါ ​ရဲ ၂ယောက်ကို လမ်းခုလတ်တစ်နေရာကနေ ကြားဖြတ်ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

တိုက်ခိုက်မှုအပြီး သေဆုံးသွားတဲ့ ဒုရဲအုပ်နဲ့ ရဲတပ်သားထံက ၃၅ ဗို့ ခြောက်လုံးပြူး သေနတ် ၁လက်နဲ့ G-3 သေနတ် ၁လက် သိမ်းဆည်းရရှိခဲ့ပြီးတော်လှန်ရေးတပ်ဖွဲ့ဝင်တွေ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။

“စိုက်သိပ္ပံကျောင်းကနေ ပန်းရံပျူရွာကိုသွားတဲ့ကြားထဲ လမ်းခုလတ်ကနေ ​တိုက်ခိုက်လိုက်တာပါ။ ကျနော်တို့ကို ပြန်မပစ်နိုင်ဘူး။ ရှင်းပြီးတော့သေနတ် ၂ လက် ရတယ်။ အလောင်းတွေကို နေ့လယ်ပိုင်းလောက်မှာ လာကောက်သွားတယ်” လို့ ရွှေဘိုခရိုင်အမှတ် (၄) တပ်ရင်း တာဝန်ရှိသူ၁ယောက်က မောင်းကိုပြောပါတယ်။

ဒီတိုက်ခိုက်မှုကို ရွှေဘိုခရိုင် အမှတ် (၄) တပ်ရင်းနဲ့ အတူ နယ်မြေခံ ပကဖတွေ ပူးပေါင်းဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။

တော်လှန်ရေးတပ်ဖွဲ့ဝင်များ သိမ်းဆည်းရရှိသည့် သေနတ် ၂ လက်
0 Shares:
You May Also Like
Read More

ရှေ့တန်းစစ်မြေပြင်မှာ ကျဆုံးခဲ့သည့် BLDF ရဲဘော် အောင်ဖြိုးဝေ၏ စျာပန

အကြမ်းဖက်စစ်ကောင်စီတပ်ကို တော်လှန်တိုက်ခိုက်ရင်း ရှေ့တန်းစစ်မြေပြင်မှာ ကျဆုံးခဲ့တဲ့ ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး - BLDF  ရဲဘော်အောင်ဖြိုးဝေ (ခ) ဗလကြီး (ခ)နတ်ဆိုးရဲ့ စျာပနအခမ်းအနားကို ဧပြီ ၆ ရက် မနေ့က ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ကန်ဖန်းရွာမှ အလင်း၀င်လာတဲ့ ပြည်သူ့စစ် ၁၀၀ကျော်ကို KIA ကဂုဏ်ပြု

ကချင်ပြည်နယ် ဖီမော်မြို့၊ ကန်ဖန်းရွာမှ KIA နဲ့ ပူးပေါင်းပြီးအလင်းဝင်ရောက်ခဲ့တဲ့ ပြည်သူ့စစ် တပ်ဖွဲ့ဝင် ၁၀၀ ကျော်ကို ကချင်လွတ်မြောက်ရေးတပ်မတော် KIA က ဂုဏ်ပြု ကြိုဆိုခဲ့တယ်လို့ ကချင် စစ်ရေးသတင်းအရင်းအမြစ်တွေမှာ ဖော်ပြလာပါတယ်။
Read More

အင်းတော်မြို့သိမ်းတိုက်ပွဲမှာ ပါဝင်ခဲ့သည့် ABSDF ၏ အောင်ပွဲခံ ပုံရိပ်များ

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့ကို တိုက်ခိုက်သိမ်းပိုက်ရာမှာ ပါဝင်ခဲ့တဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF) တပ်ဖွဲ့ဝင်တွေရဲ့ အောင်ပွဲခံ ပုံရိပ်တွေကို ထုတ်ပြန်လိုက်ပါတယ်။
Read More

စဉ့်ကူးမြို့နယ်မှာ ပြင်းထန်ငလျင်ကြောင့် လူ ၃၄ ဦး သေဆုံးပြီး ၁၀ ဦးဒဏ်ရာရ

မန္တလေးတိုင်းအတွင်းရှိ တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ စဉ့်ကူးမြို့နယ်မှာ မတ်လ (၂၈) ရက်က လှုပ်ခတ်ခဲ့တဲ့ ပြင်းထန်ငလျင်‌ကြောင့် လူ (၃၄) ယောက် သေဆုံးပြီး ၁၀ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ပြင်ဦးလွင်ခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က သတင်းထုတ်ပြန်ပါတယ်။
Read More

NUG ကထုတ်ပေးတဲ့ ဘွဲ့လက်မှတ်ကိုနိုတြီပြန်ရာမှာ ပါဝင်ပတ်သက်သူ ၇ ဦး ဖမ်းဆီးခံရ

NUG ထုတ်ပေးတဲ့ ဘွဲ့လက်မှတ်ကို နိုတြီပြန်ရာမှာ ပါဝင်ခဲ့တဲ့ ခုနစ်ဦးကို စစ်ကောင်စီ ဖမ်းဆီးအရေးယူထားတယ်လို့ အာဏာသိမ်းစစ်တပ်ရဲ့ ဝါဒဖြန့်မီဒီယာတွေမှာ ဖော်ပြလာပါတယ်။
Read More

သထုံမှာ လိုင်စင်မဲ့ဆိုင်ကယ် မောင်းနှင်မှုကြောင့် ဖမ်းဆီးခံရသူ ၅ ရက်အတွင်း သေဆုံး

မွန်ပြည်နယ်၊ သထုံမြို့နယ်မှာ လိုင်စင်မဲ့ဆိုင်ကယ်မောင်းနှင်မှုကြောင့် ဖမ်းဆီးခံလိုက်ရတဲ့ ဦးဝင်းဇော်ဟာ စစ်သားနဲ့ရဲတွေ ဖမ်းဆီးပြီးနောက် ၅ ရက်အကြာမှာ သေဆုံးသွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။