ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်ကို စစ်ကူလာတဲ့ စစ်ကောင်စီရဲ့ ရဟတ်ယာဉ် ၂ စီးကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) က ပစ်ချခဲ့ရာ ၁ စီး ပျက်ကျသွားပြီးနောက် ၁ စီးလည်း ထိမှန်သွားတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေထံက သိရပါတယ်။

ဒီနေ့ မေလ ၂၀ ရက်၊ နေ့လယ် ၁ နာရီ ဝန်းကျင်အချိန်မှာ ဗန်းမော်မြို့၊ အမှတ် (၂၁) စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ် (စကခ -၂၁) ကို စစ်ကူလာရောက်ပို့ဆောင်တဲ့ Mi 17 ရဟတ်ယာဉ် ၂ စင်းကို KIA ကနေ ပစ်ချခဲ့တာပါ။

“ရဟတ်ယာဉ် ၂စီးမှာ ၂စီးလုံးကို ပစ်တာပါ။ ၁စီးကတော့ မီးခိုးလုံး အမဲကြီးတွေနဲ့ တက်ပြီးတော့ ချောင်းစပ်တစ်နေရာကို ကျသွားတယ်ဆိုတာ သေချာတယ်။ ဒါပေမယ့် နေရာကို အတိအကျ မသိရသေးပါဘူး။ နောက် ၁စီးကလည်း ရွှေကူကို အရေးပေါ် ဆင်းသက်လိုက်ရပါတယ်” လို့ CDM ဗိုလ်ကြီးဇင်ယော်က မောင်းကို ပြောပါတယ်။

အဲဒီရဟတ်ယာဉ် ၂ စင်းဟာ မြစ်ကြီးနား လေတပ် (နမ်ပေါင် စခန်းဌာနချုပ်) ကနေ တက်လာတယ်လို့ ယူဆရပြီး အခုဖြစ်စဉ်မှာ KIA ရဲ့ ပစ်ချက်ကြောင့် ရဟတ်ယာဉ် ၂ စီးလုံး ထိမှန်ပြီး ၁ စီးသာ ပျက်ကျသွားခဲ့တာလို့ ဆိုပါတယ်။

ဗန်းမော်မြို့ကို KIA ဦးဆောင်တဲ့ ပူးပေါင်းတပ်ဖွဲ့တွေက ပြီးခဲ့တဲ့ ဒီဇင်ဘာ ၄ ရက်နေ့ကတည်းက မြို့သိမ်းတိုက်ပွဲ ဆင်နွှဲနေခဲ့တာဖြစ်ပြီး လက်ရှိမှာ စစ်ကောင်စီတပ်တွေရဲ့ ရိက္ခာပို့လမ်းကြောင်း၊ စစ်ကူလမ်းကြောင်းတွေကို ပိတ်ဆို့ထားတာကြောင့် ရဟတ်ယာဉ်တွေကို စစ်ကောင်စီက အသုံးပြုနေရတာ ဖြစ်တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

မုံးစီးမြို့နယ်မှာ စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ဗုံးကြဲမှုကြောင့် အရပ်သား (၁) ယောက် ထိခိုက်ဒဏ်ရာရ

ရှမ်းပြည်နယ်မြောက်ပိုင်းက မုံးစီးမြို့နယ် ရေပူစမ်းမှာ အကြမ်းဖက်စစ်ကောင်စီတပ်က ဂျက်ဖိုက်တာ လာရောက်ဗုံးကြဲမှုကြောင့် အရပ်သား (၁) ယောက် ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ထုတ်ပြန်ထားပါတယ်။
Read More

မော်လမြိုင်ကမ်းနားတွင် ရပ်နားထားသည့် အပျော်စီးသင်္ဘာ ရုတ်တရက် နစ်မြုပ်ခဲ့

မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ကမ်းနားလမ်းရှိ ထားဝယ်တံတားဆိပ်ကမ်းမှာ ရပ်နားထားတဲ့ Harmony River Cruise (ထီးလှိုင်) အပျော်စီးသင်္ဘောဟာ မနေ့က ဇူလိုင်လ ၂၁ ရက် မနက်ပိုင်းမှာ နစ်မြုပ်သွားခဲ့တယ်လို့ မော်လမြိုင်မြို့ခံတွေထံက သိရပါတယ်။ 
Read More

စစ်ကိုင်းဆီသို့ ကမ်ပိန်းမှာ ပါဝင်ပေးဖို့ NUG ကာကွယ်ရေးဝန်ကြီးဌာန ဖိတ်ခေါ်…

အမျိုးသားညီညွတ်ရေးအစိုးရရဲ့ အမှတ် (၁) စစ်ဒေသ ၊ စစ်ကိုင်းတိုင်းအတွင်းက ပြည်သူ့ကာကွယ်ရေးတပ်မတော်သားတွေအတွက် သက်ကယ်ကျည်ကာ ထောက်ပံ့ဖို့ စစ်ကိုင်းဆီသို့ ရံပုံငွေရှာဖွေရေး ကမ်ပိန်းမှာ ပါဝင်ပေးဖို့ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့စစ်ရုံးချုပ်က မနေ့က ထုတ်ပြန်ပါတယ်။
Read More

ထိုင်း-မြန်မာနယ်စပ် လှိုင်းဘွဲ့မြို့နယ်မှာ စစ်ကောင်စီ ၃၆ နှစ်ကြာ တပ်စွဲခဲ့တဲ့ ခလယ်ဒေးတပ်စခန်း သိမ်းပိုက်ရရှိမှု KNU တရားဝင် ထုတ်ပြန်… စစ်သားအလောင်း ၂ လောင်းနှင့် ပွိုင့် ၅ သေနတ်အပါ လက်နက်ခဲယမ်းများ သိမ်းဆည်ရမိ…

ကရင်ပြည်နယ်၊ ဖားအံခရိုင်၊ လှိုင်းဘွဲ့မြို့နယ်အတွင်း ဝင်ရောက်ကျူးကျော်တပ်စွဲထားတဲ့ ခလယ်ဒေး စစ်ကောင်စီတပ်စခန်းကို ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (K.N.L.A) တပ်မဟာ (၇) တပ်မဟာ လုံခြုံရေးစစ်ကြောင်း၊ တပ်ရင်း (၁၉)၊ တပ်ရင်း (၂၁)၊ တပ်ရင်း (၂၂) နဲ့ တပ်ရင်း (၂၄) တို့ ပူးပေါင်းတိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်အရုံး (KNU) က ဒီနေ့ နေ့လယ်ပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။
Read More

MNDAA နဲ့ အကြမ်းဖက်စစ်တပ်တို့အကြား တရားဝင်အပစ်ရပ်လိုက်ပြီလို့ တရုတ်နိုင်ငံ ပြောဆို

ကိုးကန့်တပ်မတော် (MNDAA)နဲ့ အကြမ်းဖက်စစ်တပ်တို့အကြား တရားဝင်အပစ်ရပ်လိုက်ပြီလို့ တရုတ်နိုင်ငံက ဇန်နဝါရီ ၂၀ ရက် ဒီနေ့မှာ ထုတ်ပြန်ပြောဆိုလာပါတယ်။
Read More

ပြည်သူကိုသတ်သည့် စစ်တပ် လက်ကိုင်တုတ် ကြံ့ခိုင်ရေးက အတွေ့အကြုံမရှိသူများ လက်ထဲတွင် ပြည်သူ့အနာဂတ် ပွန်းပဲ့ခံလို့မဖြစ်ဘူးဟုပြောကာ မဲဆွယ်

အာဏာသိမ်း စစ်ဗိုလ်ချုပ်အများအပြားနဲ့ ဖွဲ့စည်းထားတဲ့ ကြံ့ခိုင်ရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီက သူတို့ပါတီဟာ အတိတ်သမိုင်းကောင်းတွေ ရှိခဲ့ပြီး ပါတီနောက်မှာ ခိုင်မာတဲ့အဖွဲ့အစည်းရှိတယ်လို့ ပြောဆို မဲဆွယ်ခဲ့ပါတယ်။