ပဲခူးတိုင်း၊ ညောင်လေးပင်-ရွှေကျင်လမ်းပိုင်းမှာ အကြမ်းဖက်စစ်ကောင်စီ ကားတစ်စီးကို ကြားဖြတ်တိုက်ခိုက်ရာ အရာရှိနဲ့ စစ်ကောင်စီတပ်သား ၄ ယောက် သေဆုံးခဲ့ကြောင်း Fire Dragon PDF တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

မေလ ၁၈ရက်၊ ညနေပိုင်းမှာ ညောင်လေးပင်မြို့နယ်ကနေ ရွှေကျင်ဘက်မောင်းနှင်လာတဲ့အကြမ်းဖက်စစ်ကောင်စီ​ကားတွေထဲက နောက်ဆုံးကားကို လမ်းပိုင်းတစ်နေရာကနေ​ Fire Dragon PDF မီးနဂါးစစ်ကြောင်းတပ်ဖွဲ့ဝင်တွေ အသင့်စောင့်ကြို တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

ဖြစ်စဥ်အတွင်း မီးနဂါးစစ်ကြောင်းတပ်ဖွဲ့ဝင်တွေရဲ့တိုက်ခိုက်မှုကြောင့် နေရာမှာတင် ကားရပ်တန့်သွားခဲ့ပြီး လိုက်ပါလာတဲ့ အရာရှိနဲ့ အကြမ်းဖက်စစ်သားတွေ သေဆုံးခဲ့တာလို့ သိရပါတယ်။

ဒါ့အပြင် ပစ်ခတ်မှုဖြစ်ပွားနေချိန်အတွင်း ကားလမ်းနံဘေး လမ်းကင်းယူလာတဲ့ အကြမ်းဖက်စစ်သားတွေနဲ့လည်း မီးနဂါးတပ်ဖွဲ့ဝင်တွေ ပစ်ခတ်မှု ထပ်မံဖြစ်ပွားခဲ့ကြောင်း၊ အခင်းနေရာကို မဒေါက်စခန်းက တဆင့် နောက်ထပ်ဆိုင်ကယ်တွေနဲ့ ရောက်လာကာ ထိခိုက်ဒဏ်ရာရသူတွေနဲ့ သေဆုံးသူတွေကို ပြန်လည်တင်ဆောင်သွားကြောင်း သိရပါတယ်။

“စခတွေက အဲ့လမ်းပိုင်းကို အိမ်စီးကား ၃ စီးရယ်၊ ဖိုးဝှီး ၂ စီးရယ်နဲ့ လာမယ်လို့ ပြည်သူတွေသတင်းပေးတယ်ပေါ့။ မုက္ခမူ တာပြတ်ဂိတ်တွေဖြတ်ပြီး ရွှေကျင်ကို သွားဖို့များတယ်။ အဲ့ကားတန်းကိုရှင်းဖို့ ကြိုးစားတာမှာ ရှေ့ ၃ စီး လွတ်သွားတော့ ၄ စီးမြောက် ဖိုးဝှီးကို ပစ်မိတယ်။ အရာရှိအပါအဝင် စခ ၅ ကောင် ကျသွားတယ်လို့ သတင်းရတယ်။ အဲ့လမ်းကြောင်းကို ကိုယ်တို့ ထိန်းချုပ်ဖို့ကြိုးစားနေတာပါ” လို့ Fire Dragon PDF တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

တော်လှန်ရေးတပ်တွေရဲ့ ပစ်ခတ်တိုက်ခိုက်မှုအပြီး စစ်ကောင်စီဘက်က လက်နက်ကြီးတွေနဲ့ ပြန်လည်ပစ်ခတ်တာမျိုးတွေ ရှိခဲ့တယ်လို့လည်း သိရပါတယ်။

Fire Dragon PDF တပ်ဖွဲ့ဝင်များ
0 Shares:
You May Also Like
Read More

ထိုင်းကုန်စည်တွေ စျေးကွက်အတွင်း ပြတ်လတ်ပြီး စျေးတက်နေ

စစ်ကောင်စီက ကုန်သည်တွေကို တရားမ၀င်ကုန်စည်တင်သွင်းတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဖမ်းဆီးအရေးယူနေလို ဈေးကွက်အတွင်း ထိုင်းကုန်ပစ္စည်းအချို ပြတ်လပ်နေတယ်လို ရန်ကုန်မြိုခံတွေက ပြောပါတယ်။
Read More

Unity Generation Z PDF တပ်ဖွဲ့က စစ်ရှောင်ထောက်ပံ့ကူညီရေးလုပ်ငန်းစဥ်တွေ ပြုလုပ်နေ (ဓာတ်ပုံသတင်း)

ကရင်နီပြည်အခြေစိုက် Unity Generation Z ( UGZ ) PDF တပ်ဖွဲ့က ရဲဘော်တွေဟာ ပြည်သူ့လုံခြုံရေးကဏ္ဍအနေနဲ့ စစ်ရှောင်ထောက်ပံ့ကူညီရေးလုပ်ငန်းစဥ်တွေ ပြုလုပ်နေတယ်လို့ အဆိုပါတပ်ဖွဲ့က မှတ်တမ်းဓာတ်ပုံတွေနဲ့အတူ ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

စစ်တပ်အတွင်း ဖိနှိပ်မှုများကြောင့် ခမရ (၄၀၃) မှ စစ်သားတစ်ဦး K.N.L.A တပ်မဟာ (၄) ထံ ဘက်ပြောင်းခိုလှုံလာ

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်အခြေစိုက် အကြမ်းဖက်စစ်‌ကောင်စီရဲ့ ခမရ တပ်ရင်း (၄၀၃) ဝင်းဝတပ်စခန်းက စစ်သား ၁ ယောက် အလင်းဝင်ဘက်ပြောင်းခိုလှုံလာတယ်လို့ ကရင်အမျိုးသားအစည်အရုံး - KNU မြိတ်-ထားဝယ်ခရိုင်က ထုတ်ပြန်ထားပါတယ်။
Read More

စစ်ကိုင်း-မြစ်ငယ်ကားလမ်းတွင် စားသောက်ဆိုင်ကို ဆီဘောက်ဆာကား ဝင်တိုက်၊ မီးလောင်မှုဖြစ်ပွားပြီး လူထိခိုက်သေဆုံးမှု ရှိ

မန္တလေးမြို့၊ အမရပူရမြို့နယ်၊ ကျောက်စိမ်းဘုရားအနီး စစ်ကိုင်း-မြစ်ငယ် ကားလမ်းဘေးရှိ စားသောက်ဆိုင်တစ်ဆိုင်ကို ဆီဘောက်ဆာကားတစ်စီး ဝင်တိုက်မိတာကြောင့် မီးလောင်မှု ဖြစ်ပွားပြီး လူထိခိုက်သေဆုံးမှု ရှိတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

နောင်ချိုမြို့နယ်ကို စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံး(၂၇)လုံးနှင့် အဆိပ်ငွေ့ဗုံး (၈)လုံး လာရောက်ကြဲချတိုက်ခိုက်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်ကို အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံး (၂၇)လုံးနဲ့ အဆိပ်ငွေ့ဗုံး (၈)လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ရာမညမွန်တပ်တော် RMA နှင့် မွန်လွတ်မြောက်ရေးတပ်တော် MLF ပေါင်းစည်း

စစ်အာဏာရှင်စနစ်ကို ထိထိရောက်ရောက် တိုက်ဖျက်ချေမှုန်းနိုင်ဖို့အတွက် မွန်လွတ်မြောက်ရေးတပ်တော် (MLF) နဲ့ မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး)/ ရာမညမွန်တပ်တော် (NMSP-AD)/ RMA တို့ ပေါင်းစည်းလိုက်ကြောင်း အဆိုပါအဖွဲ့တွေက ပူးတွဲထုတ်ပြန်ပါတယ်။