အကြမ်းဖက်စစ်ကောင်စီတပ်၊ ခမရ (၄၃၁) မှ တပ်သားတစ်ဦးဟာ လက်နက်ခဲယမ်းတွေ ယူဆောင်လာပြီး မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တပ်ရင်း(၃) ထံကို အလင်းဝင်ရောက် လာတယ်လို့ တနင်္သာရီတိုင်းစစ်ဌာန-ပြန်ကြားရေးက ဒီကနေ့မှာ သတင်းထုတ်ပြန်လိုက်ပါတယ်။

စစ်ကောင်စီ၊ စစ်မှုထမ်းအပတ်စဥ်- ၈ သင်တန်းဆင်း တပ်သား ချစ်ကို ဟာ MA-1 အမျိုးအစား မောင်းပြန် (၁) လက်၊ ကျည် (၁၄၇) တောင့်၊ ကျည်ဘောက် (၃) ခုနဲ့ အတူ မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော်ကို ဆက်သွယ်ပြီး အလင်းဝင်ရောက်လာခဲ့တယ်လို့ ဆိုတာပါ။

မေ ၁၅ ရက်မှာ အလင်းဝင်ရောက်လာခဲ့တဲ့ တပ်သားချစ်ကို ကို မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တပ်ရင်း (၃)ရဲ့ တပ်ရင်းမှူး အယ်ကြီးမှ ကြိုဆိုလက်ခံခဲ့ပြီး၊ လက်နက်ခဲယမ်းတွေကို လွဲပြောင်းလက်ခံရယူခဲ့ကာ ကောင်းမွန်စွာ စောင့်ရှောက်ထားတယ်လို့လည်း သိရပါတယ်။

တနင်္သာရီတိုင်းစစ်ဌာနကွပ်ကဲမှုအောက်ရှိ ဗျူဟာ(၃၅) နယ်မြေ၊ မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေး တပ်မတော်၊ တပ်ရင်း (၃) ထံကို လက်နက်နဲ့အလင်းဝင်လာတဲ့ တပ်သား ချစ်ကို ကို ချီးမြှင့်ငွေ ပေးအပ်နိုင်ဖို့ကိုလည်း ဆက်လက်ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

တနင်္သာရီတိုင်းစစ်ဌာနအောက်ရှိ တပ်ရင်းတပ်ဖွဲ့တွေထံကို ဧပြီလနဲ့ မေလအတွင်း အလင်းဝင်ရောက်လာခဲ့တဲ့ အကြမ်းဖက်စစ်ကောင်စီ တပ်သား (၁၄)ဦးထိ ရှိခဲ့တယ်လို့ သိရပါတယ်။

လက်နက်နဲ့အတူ အလင်းဝင်ရောက်လာသူတွေကို ဂုဏ်ပြုချီးမြှင့်ငွေတွေ ပေးအပ်ခဲ့ပြီး၊ စစ်ကောင်စီတပ်သားတွေအနေနဲ့ အချိန်မရွေး ပြည်သူနဲ့အတူ လာရောက်ပူးပေါင်းကြဖို့ကိုလည်း တော်လှန်ရေးတပ်ရင်းတွေက ဖိတ်ခေါ်ထားတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါရှိပါတယ်။

0 Shares:
You May Also Like
Read More

ကျိုက်ထို-ဘီးလင်းလမ်းပိုင်းမှာ စစ်ကောင်စီယာဉ်တန်းကို ကြားဖြတ်တိုက်ခိုက်၊ အရာရှိ(၁)ဦးအပါ စစ်ကောင်စီတပ်သား (၄)ဦးသေဆုံး…

ရန်ကုန်-မော်လမြိုင်လမ်းမကြီးပေါ်က ကျိုက်ထို-ဘီးလင်း လမ်းပိုင်းမှာ အကြမ်းဖက်စစ်ကောင်စီရဲ့ ယာဉ်တန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်က အရာရှိ (၁)ယောက် အပါအဝင် စစ်ကောင်စီတပ်သား (၄) ယောက် သေဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသက ဒီနေ့ တရားဝင်ထုတ်ပြန်ပါတယ်။
Read More

ဂန့်ဂေါခရိုင်တပ်ရင်း (၅) ရင်း စုဖွဲ့လေ့ကျင့်မှုတွေ လုပ်ဆောင်နေ…

မကွေးတိုင်းအခြေစိုက် ဂန့်ဂေါခရိုင် ၊ ခရိုင်အမှတ် (၁၃၊၁၅၊၁၆၊၁၇၊၁၈) တပ်ရင်းတွေအနေနဲ့ ဒေသအတွင်း တော်လှန်ရေးအင်အားစုတွေ ကျစ်လျစ်အားကောင်းလာစေဖို့ ရည်ရွယ်ပြီး ၂၀၂၄ ခုနှစ် ဇူလိုင်လ ၂၄ ရက်က စတင်လို့ စုဖွဲ့လေ့ကျင့်မှုတွေ ဆောင်ရွက်ခဲ့ရာ ခရိုင်ကွပ်ကဲမှု လမ်းညွှန်ချက်တွေနဲ့အညီ တိုက်ပွဲအချို့လည်း ဖော်ဆောင်ခဲ့ပြီးဖြစ်တယ်လို့ သိရပါတယ်။
Read More

လားရှိုးက စစ်ကောင်စီတပ်ဖွဲ့၀င်နဲ့ မိသားစု၀င် ၃၁ ယောက်ကို MNDAA ထပ်လွှတ်ပေး

လားရှိုးမြို့သိမ်းတိုက်ပွဲမှာ ဖမ်းဆီးရမိတဲ့ စစ်သုံ့ပန်း မိသားစုဝင် ၃၁ ယောက်ကို MNDAA က ပြန်လွှတ်ပေးလိုက်ပြီဖြစ်ကြောင်း ဒီနေ့ အောက်တိုဘာ ၂၀ ရက်မှာ အသိပေးထုတ်ပြန်ပါတယ်။
Read More

စစ်ကောင်စီရဲ့ ပင်လောင်းရှေ့တန်းစခန်းက စစ်သား ၇ ယောက် လက်နက် ၆ လက်နဲ့ အလင်းဝင်လာ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် ရှေ့တန်းစခန်းကနေ စစ်ကောင်စီရဲ့ ပြည်သူ့စစ်မှုထမ်းအဖြစ် အဓမ္မစုဆောင်းခံခဲ့ရတဲ့ တပ်စိပ်မှူးအပါအဝင် တပ်သား ၇ ယောက်ဟာ လက်နက် ၆ လက်နဲ့တကွ ဘက်ပြောင်းခိုလှုံလာတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့- နေပြည်တော်က ထုတ်ပြန်ထားပါတယ်။
Read More

ပဲခူးမြို့နယ်တွင်းက စစ်ကောင်စီတပ် ကာကင်းစခန်းကို တိုက်ခိုက်ဖျက်ဆီး၊ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ

ပဲခူးတိုင်း၊ ပဲခူးမြို့နယ်၊ ဇီးတောကျေးရွာရှိ စစ်ကောင်စီတပ် ရှေ့တန်းကာကင်းစခန်းကို အမှတ်(၂) စစ်ဆင်ရေးနယ်မြေ၊ တိုင်းစစ်ဌာန (ပဲခူး)၊ အမှတ်(၃၇၀၁) တပ်ရင်းက မေလ ၁၈ရက်၊ မနက် ၂နာရီအချိန်မှာ ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ စစ်ရုံးချုပ်က ဒီကနေ့ ထုတ်ပြန်လိုက်ပါတယ်။
Read More

မြို့သိမ်းတိုက်ပွဲများမှ ရရှိခဲ့သည့် ၆၀ မမ စိန်ပြောင်းများဖြင့် ဆားလင်းကြီးမြို့ ထွေအုပ်ရုံးနှင့် ရဲစခန်းကို ပစ်ခတ်တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့ ထွေအုပ်ရုံးနဲ့ ရဲစခန်းတို့ကို မြို့သိမ်းတိုက်ပွဲတွေကနေ ရရှိထားတဲ့ ၆၀ မမ တွေနဲ့ သွားရောက်ပစ်ခတ် တိုက်ခိုက်ခဲ့တယ်လို့ People’s Revolution Armed Force - PRAF ထံက သိရပါတယ်။