ချင်းပြည်နယ်၊ ဟားခါးမြို့မှာ အကြမ်းဖက်စစ်သား ၁ ယောက်ကို အရှင်ဖမ်းမိပြီး စစ်သား ၂ ယောက်နဲ့ ရဲ ၁ ယောက် အလင်းဝင်လာတယ်လို့ Chinland Defense Force – Hakha က ဒီနေ့ ထုတ်ပြန်ပါတယ်။
မေလ ၁၅ ရက်နဲ့ ၁၇ ရက်တွေမှာ ဟားခါးမြို့ရှိ စစ်သားနှစ်ယောက်နဲ့ ရဲတစ်ယောက်က စစ်ကောင်စီကို ဆန့်ကျင်ပြီး ပြည်သူ့တော်လှန်ရေးကို ပူးပေါင်းပါဝင်ဖို့ လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာခဲ့တယ်လို့ Chinland Defense Force – Hakha က ဆိုပါတယ်။
အလင်းဝင်လာသူတွေကို နွေးနွေးထွေးထွေး ကြိုဆိုပြီး ဆုကြေးငွေ ချီးမြှင့်တဲ့အပြင် လုံခြုံတဲ့နေရာရောက်တဲ့အထိ တာဝန်ယူဆောင်ရွက်ပေးမယ်လို့ Chinland Defense Force – Hakha က ထုတ်ပြန်ပါတယ်။
ဒါ့အပြင် မေလ ၁၅ ရက်မှာလည်း ဟားခါးမြို့ရှိ စစ်ကောင်စီ စစ်သားတစ်ယောက်ကို ဖမ်းဆီးခဲ့တယ်လို့ Chinland Defense Force – Hakha က ဆိုပါတယ်။
စစ်ကောင်စီ လက်အောက်မှာ တာဝန်မထမ်းဆောင်ချင်ဘဲ ပြည်သူ့ရင်ခွင်ဆီ ဘက်ပြောင်းချင်သူတွေကို အမြဲတမ်းကြိုဆိုသလို လုံခြုံတဲ့နေရာ ရောက်တဲ့အထိ တာဝန်ယူသွားမယ်လို့ Chinland Defense Force – Hakha က ထုတ်ပြန်ကြေညာထားပါတယ်။