စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့၊ အထကကျောင်းဝင်းအတွင်း အင်အား ၅၀ ခန့်နဲ့ တပ်စွဲထားတဲ့ စစ် ကောင်စီတပ်သားတွေကို ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း ဘုတလင်မြို့နယ် ပကဖ က သတင်းထုတ်ပြန်ထားပါတယ်။
မေလ ၁၈ ရက် မနက်ပိုင်းက ဘုတလင်မြို့ အထကကျောင်းဝင်းအတွင်း တပ်စွဲထားတဲ့ စစ်ကောင်စီ တပ်သားတွေကို တော်လှန်ရေးပူးပေါင်းတပ်တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး အပြန်အလှန်ပစ်ခတ်မှု ၃ နာရီကျော်ကြာ ဖြစ်ပွားခဲ့ကာ စစ်ကောင်စီတပ်သားတွေ ထိခိုက်မှုရှိနိုင်တယ်လို့ သိရပါတယ်။
အဲဒီတိုက်ခိုက်မှုကို ဘုတလင်မြို့နယ် မြို့နယ်-ပကဖ အဖွဲ့၊ ဘုတလင်မြို့နယ် ရပ်/ကျေး ကာကွယ်ရေးနှင့် တိုက်နယ်အဖွဲ့တွေ၊ မုံရွာနယ် ရပ်/ကျေး ပကဖ အဖွဲ့၊ ရေဦးနယ် ပကဖနဲ့ တိုက်နယ် ကိုကင်းအဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။