ကချင်ပြည်နယ် ဖားကန့်မြို့နယ်မှာ ယနေ့မေလ ၁၉ ရက်နံနက်ပိုင်းက စစ်ကောင်စီတပ်ကကို ILO ပုဒ်မ ၃၃ အရ အရေးယူနိုင်ရေး နိုင်ငံတကာက ထောက်ခံမဲပေးကြဖို့ တောင်းဆိုတဲ့ အနေနဲ့ လူထု လှုပ်ရှားမှုပြုလုပ်ခဲ့တယ်လို့ စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုကွန်ရက်-ဖားကန့်မြို့နယ်မှ ထုတ်ပြန် ထားပါတယ်။

အဲဒီလှုပ်ရှားမှုကို ဖားကန့်မှော်လှည့်သပိတ်ဦးဆောင်ပြီး “Vote ILO Article 33 to save LIVES”_ “မြန်မာပြည်သူတွေရဲ့ အသက်ကို ကယ်တင်ဖို့ ILO ပုဒ်မ ၃၃ ကို မဲပေးကြ”ဆိုတဲ့ စာသားကိုင် ဆောင်ပြီး ဆန္ဒပြချီတက်ခဲ့ကြတယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်ရဲ့ ပြည်သူများကို လေယာဉ်ဖြင့် နေ့စဉ် ဗုံးကြဲတိုက််ခိုက်ခြင်းများ ရပ်တန့်ဖို့၊ စစ်ကောင်စီကို လူသတ်လက်နက် မဝယ်နိုင်ရန် ငွေကြေးစီးဆင်းမှုများ ဖြတ်တောက်ဖို့၊ အလုပ်သမားအခွင့်အရေး၊ လူ့အခွင့်အရေးများကို ကာကွယ်စောင့်ရှောက်ပေးဖို့၊ အဓမ္မစစ်မှုထမ်းခိုင်းစေခြင်းဆိုင်ရာကိစ္စရပ်များကို ရပ်တန့်ဖို့၊ ကလေးစစ်သားအသုံးပြုမှုကို ရပ်တန့်ဖို့၊ အပြစ်မဲ့ပြည်သူများ၏ ဘဝ၊ ကလေးငယ်များ၊ အမျိုးသမီးများ၏ အသက်များစွာ နေ့စဉ် ရက်စက်စွာ သတ်ဖြတ်မှုများကို ရပ်တန့်နိုင်ဖို့ အတွက် ရည်ရွယ်ပြီး ILO Delegate (ကိုယ်စားလှယ်များ)က Aritical 33 ဖြင့် အရေးယူမှုကို ထောက်ခံမဲပေးစေရန်အတွက် တောင်းဆိုခဲ့ကြတာဖြစ်တယ်လို့ သိရပါတယ်။

ILO ညီလာခံ ILC ကို၂ ဇွန်လ ၂ ရက်နေ့မှ ၁၃ ရက်နေ့အထိ ဆွစ်ဇလန်နိုင်ငံ ဂျနီဗာမြို့ရှိ ILO ရုံးချုပ်မှာ ကျင်းပမှာဖြစ်ပြီး မြန်မာနိုင်ငံမှ NUG အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား သုံးပွင့်ဆိုင် ကိုယ်စားလှယ်များ သွားရောက်ဆွေးနွေးကြမယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ပွင့်ဖြူမြို့နယ်အတွင်း တိုက်ခိုက်ခံရပြီး သေဆုံးသွားတဲ့ စစ်သားအလောင်းတွေကို လာရောက်တဲ့ အကြမ်းဖက်စစ်တပ်စစ်ကြောင်း မိုင်းဆွဲခံရ (ရုပ်/သံ)

မကွေးတိုင်း ပွင့်ဖြူမြို့နယ်အတွင်း စစ်သားအလောင်းလာကောက်တဲ့ အကြမ်းဖက်စစ်တပ်စစ် ကြောင်း မိုင်းဆွဲခံရပြီး ၅ ယောက်သေကာ သေနတ် ၁ လက်သိမ်းဆည်းရရှိခဲ့တယ်လို့ မင်းဘူးခရိုင် အမှတ် -၇ တပ်ရင်းထံက သိရပါတယ်။
Read More

တအောင်းပြည် တပ်မဟာ ၃ မှာ အထူးတိုက်ခိုက်ရေးသင်တန်း အပတ်စဉ် ၆၆ သင်တန်းသူသင်တန်းသား စုစုပေါင်း ၁၀၀၀ နဲ့ သင်တန်းဆင်းပွဲကျင်းပ (ရုပ်/သံ)

တအောင်းပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA ရဲ့ အထူးတိုက်ခိုက်ရေးသင်တန်း အပတ်စဉ် ၆၆ သင်တန်းသူ သင်တန်းသားပေါင်း ၁၀၀၀ နဲ့ သင်တန်းဆင်းပွဲကို နိုဝင်ဘာ ၉ ရက်က တအောင်းပြည် တပ်မဟာ ၃ မှာ ကျင်းပခဲ့တယ်လို့ ဒီနေ့ နိုဝင်ဘာ ၁၅ ရက်မှာ PSLF/TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်ထားပါတယ်။
Read More

ကနီမြို့နယ် မုဋောအရှေ့ရွာဆိပ်ကမ်းကို အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုကြောင့် သံဃာ ၁ ပါးနဲ့ ပြည်သူ ၁ ယောက်ဒဏ်ရာရပြီး ဆီကားနဲ့ ဆိုင်ကယ်များ မီးလောင်ပျက်စီး (ရုပ်/သံ)

စစ်ကိုင်းတိုင်း ကနီမြို့နယ် မုဋောအရှေ့ရွာ ဆိပ်ကမ်းကို ဖေဖော်ဝါရီ ၁၇ ရက် နေ့လယ်ပိုင်းနဲ့ ညနေပိုင်းမှာ အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ သံဃာ ၁ ပါးနဲ့ ပြည်သူ ၁ ယောက် ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။
Read More

ပြည်သူ့အိုးအိမ်များကို ဖျက်ပြီး သယ်လာသည့် စစ်အုပ်စု တိုက်ခိုက်ခံရပြီး ပြည်သူ့စစ်ခေါင်းဆောင်၊ ရဲတပ်သားနှင့် ပျူစောထီး ၃ ယောက် သေ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ် ဇီးဖြူးကုန်းရွာကနေ ပြည်သူ့အိုးအိမ်တွေကို ဖျက်ပြီး သီးလုံးပျူစခန်းသို့ သယ်လာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကို ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ မဟူရာ ရွှေဘိုသားအဖွဲ့ထံက သိရပါတယ်။
Read More

စစ်ကောင်စီ ဝေါလေဗျူဟာစခန်းက လက်နက်တိုက်ကို တော်လှန်ရေးဒရုန်းတပ်များက ပူးပေါင်းတိုက်ခိုက် ဖောက်ခွဲခဲ့ဟု ထုတ်ပြန် (ရုပ်/သံ)

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်အတွင်းက စစ်ကောင်စီရဲ့ ဝေါလေဗျူဟာစခန်းကို တော်လှန်ရေးပူးပေါင်းတပ်များက ဆက်လက်အရှိန်မြှင့်တင်တိုက်ခိုက်နေတယ်လို့ တော်လှန်ရေးရှေ့တန်းသတင်းရင်းမြစ်ရဲ့ ပြောကြားချက်များအရ သိရပါတယ်။
Read More

မြင်းခြံမြို့ အမှတ် ၁၈ ရက်ကွက် စစ်တပ်အထိုင်ဂိတ် ဝင်ရောက်ပစ်ခတ်ခံရပြီး စစ်သားအများအပြားသေ (ရုပ်/သံ)

မန္တလေးတိုင်း၊ မြင်းခြံမြို့ အမှတ် ၁၈ ရပ်ကွက်မှာ အထိုင်ချထားတဲ့ အကြမ်းဖက်စစ်တပ်ဂိတ်ကို ဧပြီ ၆ ရက် ညနေပိုင်းက တော်လှန်ရေးတပ်တွေ အနီးကပ် ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Myingyan Black Tiger (MBT) တပ်ဖွဲ့ ထံက သိရပါတယ်။