ပဲခူးတိုင်း၊ ပဲခူးမြို့နယ်၊ ဇီးတောကျေးရွာရှိ စစ်ကောင်စီတပ် ရှေ့တန်းကာကင်းစခန်းကို အမှတ်(၂) စစ်ဆင်ရေးနယ်မြေ၊ တိုင်းစစ်ဌာန (ပဲခူး)၊ အမှတ်(၃၇၀၁) တပ်ရင်းက မေလ ၁၈ရက်၊ မနက် ၂နာရီအချိန်မှာ ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ စစ်ရုံးချုပ်က ဒီကနေ့ ထုတ်ပြန်လိုက်ပါတယ်။

အဆိုပါတိုက်ခိုက်မှုအတွင်း G-4 (၂)လက်၊ G-3 (၂)လက်၊ G-2 (၁)လက်၊ M-1 ကာဘိုင် (၉)လက်နဲ့ ခဲယမ်းများ၊ ဆက်စပ်စစ်သုံးပစ္စည်းများကို သိမ်းဆည်းရရှိခဲ့တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။ တိုက်ခိုက်မှုအပြီးမှာတော့ စစ်ကောင်စီတပ် ကာကင်းစခန်းကို ရှင်းလင်းဖျက်စီးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါရှိပါတယ်။

0 Shares:
You May Also Like
Read More

သဲကုန်းမြို့နယ် ကျေးရွာများကို စစ်ကော်မရှင်တပ် မီးရှို့မှုကြောင့် ဒေသခံများ ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေရ 

ပဲခူးတိုင်း၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်က ကျေးရွာတွေကို အကြမ်းဖက် စစ်ကော်မရှင်တပ်တွေက စစ်ကြောင်းထိုးလာပြီး မီးရှို့ဖျက်ဆီးမှုတွေ လုပ်ဆောင်နေတာကြောင့် ဒေသခံတွေ ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

စလင်းမှာ စစ်ရေးတင်းမာနေပြီး တညောင် – ဆင်ဖြူကျွန်းလမ်းပိုင်းကို စလင်း ပကဖ ယာယီပိတ်ထား

မကွေးတိုင်း၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်မှာ ဆင်ဖြူကျွန်း-တညောင်လမ်းပိုင်းက ကျေးရွာတွေကို အကြမ်းဖက်စစ်ကောင်စီတပ်တွေ ဝင်ရောက်စစ်ကြောင်းထိုးပြီး လက်နက်ကြီးပစ်ခတ်တာတွေလုပ်ဆောင်နေရာ အရပ်သားသေဆုံးမှုတွေရှိ​တယ်လို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့-စလင်း တာဝန်ရှိသူ က မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

လေးကေ့ကော် စွယ်တော်ကုန်းကို KNLA ပူးပေါင်းတပ်တွေ သိမ်းပိုက်ပြီးနောက် မြင်ကွင်းများ…

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ လေးကေ့ကော်မြို့အနီးက စွယ်တော်ကုန်း လက်နက်ကြီးဗျူဟာစစ်စခန်းကို KNLA ဦးဆောင်ပြီး ကော်ဘရာစစ်ကြောင်းနဲ့ တော်လှန်ရေး ပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်လိုက်ပြီလို့ သိရပါတယ်။
Read More

မြန်မာ့ပြည်တွင်းရေးစွက်ဖက်နေတဲ့ တရုတ်ကို ဩစတြေးလျရောက်မြန်မာများ ကန့်ကွက်ဆန္ဒပြ (ဓာတ်ပုံသတင်း)

မြန်မာ့ပြည်တွင်းရေးကိုဝင်ရောက်စွက်ဖက်နေသည့် တရုတ်အစိုးရအား ဆန့်ကျင်ရှုတ်ချတဲ့ လှုပ်ရှားမှုအဖြစ် ဩစတြေးရောက် မြန်မာတွေက ပြုလုပ်ခဲ့ကြပါတယ်။
Read More

ခန္တီးတွင် ချင်းတွင်းမြစ်ကြောင်းရှိ စက်လှေလိုင်းများကို စစ်အုပ်စု ပိတ်ဆို့ထားမှုကြောင့် ဒေသခံများ အခက်တွေ့နေ

စစ်ကိုင်းတိုင်း၊ ခန္တီးမြို့နယ်မှာ ချင်းတွင်းမြစ်အတွင်း ပြေးဆွဲနေတဲ့ စက်လှေလိုင်းတွေကို အကြမ်းဖက်စစ်အုပ်စုက ပိတ်ဆို့ထားတဲ့အတွက် ဒေသခံတွေ သွားလာရေးခက်ခဲနေကြကြောင်း ခန္တီးမြို့နယ် ပကဖ တာဝန်ရှိသူထံက သိရပါတယ်။
Read More

စစ်အာဏာသိမ်းမှုကို ဆန့်ကျင်အံတုကာ အာဏာရှင်အမြစ်ဖြတ်ရေး လက်နက်စွဲကိုင် တော်လှန်နေကြတဲ့ နွေဦးတော်လှန်ရေးခရီး ၅ နှစ်တာကာလကို ရောက်ရှိလာခဲ့ပြီဖြစ်ကာ ရဲဘော်တွေ ဆက်လက်တိုက်ပွဲဝင်နိုင်ဖို့ တော်လှန်ပြည်သူတွေရဲ့ ကူညီထောက်ပံ့ပေးမှုတွေ လိုအပ်နေပါတယ်။

စစ်အာဏာသိမ်းမှုကို ဆန့်ကျင်အံတုကာ အာဏာရှင်အမြစ်ဖြတ်ရေး လက်နက်စွဲကိုင် တော်လှန်နေကြတဲ့ နွေဦးတော်လှန်ရေးခရီး ၅ နှစ်တာကာလကို ရောက်ရှိလာခဲ့ပြီဖြစ်ကာ ရဲဘော်တွေ ဆက်လက်တိုက်ပွဲဝင်နိုင်ဖို့ တော်လှန်ပြည်သူတွေရဲ့ ကူညီထောက်ပံ့ပေးမှုတွေ လိုအပ်နေပါတယ်။ နွေဦးတော်လှန်ရေးရဲဘော်တွေအတွက် ကျည်ကာဦးထုပ်၊ ကျည်ကာပြား စတဲ့ စစ်သုံးပစ္စည်းတွေ လိုအပ်ချက်ရှိသလို အဓိက လိုအပ်နေတဲ့ ဆေးဝါး၊ စားနပ်ရိက္ခာ၊ ယူနီဖောင်း၊ အဝတ်အထည် စတာတွေအတွက် ထောက်ပို့ကမ်ပိန်းတွေ အသီးသီး လုပ်ဆောင်နေကြရာ အဆိုပါ ကမ်ပိန်းတွေကို စုစည်းဖော်ပြပေးလိုက်ပါတယ်။