အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်းနဲ့ တောင်ကိုရီးယားရောက် မြန်မာနိုင်ငံသားတွေရဲ့ “လူထုတွေ့ဆုံဆွေးနွေးပွဲ”ကို မေလ ၁၈ ရက် မနေ့က ကိုရီးယားနိုင်ငံ၊ အင်ချွန်းမြို့၊ အလုပ်သမားဘက်စုံဖူလုံရေး ရိပ်သာခန်းမမှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

တွေ့ဆုံဆွေးနွေးပွဲမှာတော့ NUG ဝန်ကြီး ဦးအောင်မျိုးမင်းက အကြမ်းဖက်စစ်တပ်ကို နိုင်ငံတကာတရားဥပဒေတွေအရ တောင်ကိုရီးယားနိုင်ငံမှာ တရားစွဲဆိုနိုင်ရေး ပြင်ဆင်ဆောင်ရွက်ထားမှုတွေနဲ့ မြန်မာ့နိုင်ငံရေး ဖြစ်ပေါ်တိုးတက်မှုအခြေအနေတွေ ရှင်းလင်း ပြောကြားခဲ့တယ်လို့ သိရပါတယ်။

တက်ရောက်လာသူတွေကလည်း လူ့အခွင့်အရေးဆိုင်ရာ၊ PDF နဲ့ မြေပြင်လုံခြုံရေးဆိုင်ရာ၊ အခြေခံဥပဒေနဲ့ ကြားကာလစီမံမှုဆိုင်ရာ၊ နိုင်ငံတကာ အကူအညီပေးရေးကိစ္စတွေ၊ ရိုဟင်ဂျာအရေးကိစ္စတွေ စတာတွေ မေးမြန်းခဲ့ရာ NUG ဝန်ကြီးက ပြန်လည် ဖြေကြား ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

စီပါရွာမှာ စစ်ကောင်စီ ကျူးလွန်တဲ့ ယုတ်မာရက်စက် သတ်ဖြတ်မှုတွေကို မှတ်တမ်းဓာတ်ပုံတွေနဲ့တကွ ကုလစင်မြင့်မှာ တင်ပြ

စစ်ကောင်စီ ရက်စက်ယုတ်မာခဲ့တဲ့ ဘုတလင် စီပါရွာ လူသတ်မှုဖြစ်စဉ်ကို ကုလသမဂ္ဂညီလာခံမှာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက နိုင်ငံတကာကာသိအောင် တင်ပြခဲ့ပါတယ်။
Read More

စစ်အုပ်စု ရွေးကောက်ပွဲအလွန်မှာပင် မြန်မာနှင့် အာဆီယံ ပြန်လည်ထိတွေ့ဆက်ဆံရန် ခက်ခဲဦးမည်ဟု ထိုင်းဝန်ကြီး ပြောကြား

စစ်အုပ်စုရဲ့ ရွေးကောက်ပွဲအပြီးမှာတောင် အာဆီယံအနေနဲ့ မြန်မာနဲ့ ပြန်လည်ထိတွေ့ဆက်ဆံဖို့ ခက်ခဲနေဦးမှာဖြစ်ကြောင်းနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးချိန်တန်ပြီဖြစ်ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ပြောကြားခဲ့တယ်လို့ AFP နဲ့ Reuters သတင်းဌာနတွေကို ကိုးကားပြီး ဘန်ကောက်ပို့စ်သတင်းက နိုဝင်ဘာလ ၂၆ ရက်မှာ ဖော်ပြထားပါတယ်။
Read More

တရုတ်ရာဇဝတ်ဂိုဏ်းသား အယောက် ၂၀ ကို ထိုင်းရဲတပ်ဖွဲ့ ဖမ်းဆီး၊ ထိုင်းမှာ တရားမဝင်နေထိုင်တဲ့ မြန်မာ ၇ ယောက်လည်း စံခလဘူရီမှာ ဖမ်းဆီးခံရ

ဘုရားသုံးဆူမြို့အနီး ထိုင်းနယ်စပ်မြို့ စံခလဘူရီမှာ တရုတ်ရာဇဝတ်ဂိုဏ်းသား အယောက် ၂၀ ကို နိုဝင်ဘာ ၁၁ ရက်မှာ ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့ကြောင်း ဘန်ကောက်ပို့စ်မှာ ဖော်ပြထားပါတယ်။
Read More

ထိုင်းနိုင်ငံတွင် ငွေလိမ်ဂိုဏ်းကို ဝင်ရောက်ဖမ်းဆီးရာ မြန်မာနိုင်ငံသား ၃ဦးနှင့် ဘတ်ငွေ ၄၆သန်းကျော် ဖမ်းဆီးရမိ

ထိုင်းနိုင်ငံ၊ မဲဆောက်မြို့မှာ နယ်စပ်ဖြတ်ကျော် ငွေကြေးလိမ်လည်မှု လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံသား ၃ယောက်ကို ထိုင်းဘတ်ငွေ ၄၆ သန်းကျော်နဲ့အတူ အာဏာပိုင်တွေက ဖမ်းဆီးခဲ့တယ်လို့ ထိုင်းသတင်းဌာနတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။
Read More

အာဆီယံ၏ တည်မြဲမှုအတွက် ခိုင်မာသည့် ပြည်သူ့ဗဟိုပြုချဉ်းကပ်မှု လိုအပ်ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီး ပြော

အာဆီယံအဖွဲ့ဟာ တည်မြဲနေမယ်ဆိုပေမယ့် ပြောင်းလဲလာတဲ့ ကာလနဲ့ လိုက်လျောညီထွေဖြစ်အောင် ဆောင်ရွက်ရမှာဖြစ်ကြောင်း၊ ၂၀၄၅ ခုနှစ်အတွက် မျှော်မှန်းချက်တွေ ပြည့်မီစေဖို့ ရှေ့ဆက်လုပ်ဆောင်ရာမှာ ပြည်သူ့ဗဟိုပြု ချဉ်းကပ်မှုကို ခိုင်ခိုင်မာမာ ကျင့်သုံးသွားရမှာဖြစ်ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီး Sihasak Phuangketkeow က ပြောပါတယ်။
Read More

ထိုင်းရောက်မြန်မာများ ကြိုတင်မဲပေးရန် စစ်အုပ်စုသံရုံး ထုတ်ပြန်

ထိုင်းနိုင်ငံရောက် မြန်မာတွေအနေနဲ့ စစ်အုပ်စုရဲ့ အတုအယောင်ရွေးကောက်ပွဲအတွက် ဒီဇင်ဘာလ ၆ ရက်နဲ့ ၇ ရက်တွေမှာ ကြိုတင်မဲပေးနိုင်တယ်လို့ ဘန်ကောက်မှာရှိတဲ့ စစ်အုပ်စုရဲ့ မြန်မာသံရုံးက ထုတ်ပြန်ပါတယ်။