ထိုင်း-မြန်မာနယ်စပ်ရှိ အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ မော်ဖိုးကေစစ်တပ်စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ဦးဆောင်တဲ့ ပူးပေါင်းတပ်တွေက စတင်တိုက်ခိုက်နေတယ်လို့ ၁၀၀ ဝန်းကျင် ထိုင်းနိုင်ငံဘက်သို့ စစ်ဘေးတိမ်းရှောင်နေရတယ်လို့ ထိုင်းသတင်းတွေဖော်ပြချက်အရ သိရပါတယ်။

မေလ ၁၉ ရက် ဒီနေ့မနက်ပိုင်းကစလို့ အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ မော်ဖိုးကေစစ်စခန်းကို KNLA ၊ KNDO ပူးပေါင်းတပ်တွေ စတင်တိုက်ခိုက်နေတာဖြစ်ပြီး ဒရုန်းတွေနဲ့ ဗုံးကြဲတိုက်ခိုက်နေတယ်လို့ ဆိုပါတယ်။

မြန်မာဘက်အခြမ်းမှာ အဆိုပါတိုက်ပွဲတွေ စတင်ဖြစ်ပွားချိန်မှာ အရပ်သားပြည်သူ ၁၀၀ ဝန်းကျင်က သောင်ရင်းမြစ်ကို ဖြတ်ကူးပြီး ထိုင်းနိုင်ငံဘက် စစ်ဘေးတိမ်းရှောင်လာသလို အဆိုပါ စစ်ဘေးဒုက္ခသည်တွေကို ထိုင်းစစ်တပ်နဲ့ ဒေသအာဏာပိုင်တွေ ကူညီထားတယ်လို့ သိရပါတယ်။

KNU အနေနဲ့ မတ်လ၊ ဧပြီလနဲ့ မေလအတွင်း ထိုင်း-မြန်မာနယ်စပ်အနီးရှိ စစ်ကောင်စီတပ်စခန်းတွေဖြစ်တဲ့ ပူးလူးတူ၊ ခလယ့်ဒေး၊ တခေါဘီခွီး၊ မော်ဖားသူးစခန်း ၊တာလယ်စခန်းနဲ့ မယ်လစခန်းတွေကို တိုက်ခိုက်သိမ်းပိုက်ထားနိုင်ခဲ့တာ ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

ဗိုလ်ချုပ်ထွန်းမြတ်နိုင် ကြုံးဝါးခဲ့တဲ့အတိုင်း အမ်း (နပခ) ကို တက်ကြိတ်လိုက်တဲ့ ရက္ခိုင့်တပ်တော် AA

AA ရဲ့ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က အာဏာသိမ်းစစ်တပ်ရဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးကို ကြုံးဝါးပြောဆိုခဲ့တဲ့အတိုင်း ရခိုင်ပြည်နယ်၊ အမ်းမြို့က အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တစ်ခုလုံးကို ရက္ခိုင့်တပ်တော် AA က သိမ်းပိုက်ရရှိသွားပြီဖြစ်ပါတယ်။
Read More

ဇွဲကပင်တောင် တောမီးလောင်ကျွမ်းမှု ဟိုတယ်ဇုန်နှင့် နီးကပ်လာ 

ကရင်ပြည်နယ်၊ ဘားအံမြို့က ဇွဲကပင်တောင်မှာ တောမီးလောင်ကျွမ်းမှု များပြားနေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

96 Soldiers – PDF အညာဒေသက တပ်ခွဲမှူး ရဲဘော် ၁ ယောက် စစ်ဆင်ရေးတစ်နေရာမှာ ကျဆုံးခဲ့

96 Soldiers - PDF အညာဒေသမှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ တပ်ခွဲမှူး ရဲဘော် ဝေဖြိုးအောင်(ခေါ်) တစ်ဆယ်ဟာ မတ်လ ၁၁ ရက် ဒီနေ့မနက်ပိုင်းမှာ စစ်ဆင်ရေးတစ်နေရာမှာ ကျဆုံးခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
Read More

စဉ့်ကူးမြို့နယ် စစ်ဘေးရှောင်စခန်းတွေအတွက် အိမ်ထောင်စု (၁၅၀) စုစာ စားနပ်ရိက္ခာနဲ့ ထောက်ပံ့ငွေတွေ ကူညီလှူဒါန်း

မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်၊ ငပြင်းအင်းကျေးရွာအုပ်စုအတွင်းမှာရှိတဲ့ စစ်ဘေးရှောင်စခန်းတွေထဲက အိမ်ထောင်စု (၁၅၀) စာအတွက် စားနပ်ရိက္ခာနဲ့ ထောက်ပံ့ငွေတွေ ကူညီလှူဒါန်းခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေး တပ်မတော် (TRI ဗျူဟာ)က ထုတ်ပြန်ထားပါတယ်။
Read More

အရက်ထိုင်သောက်နေတဲ့ ရဲတပ်ကြပ် တစ်ယောက် တော်လှန်ရေးအဖွဲ့ ရောက်လာလို့ အိမ်သာထဲ ဝင်ပုန်းပေမယ့် ပစ်ခတ်ရှင်းလင်းခံရ

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ဇီးကုန်းမြို့ပေါ်မှာ အရက်ထိုင်သောက်နေတဲ့ ရဲတပ်ကြပ်တစ်ယောက် ပစ်ခတ်ရှင်းလင်းခံရပြီး သေဆုံးသွားကြောင်းသိရပါတယ်။
Read More

မြိတ်-ထားဝယ်ခရိုင်မှာ ပြုလုပ်တဲ့ KNU ရဲ့ ပြည်သူ့ရေးရာစီမံခန့်ခွဲမှုနဲ့ ခေါင်းဆောင်မှုစွမ်းရည်မြှင့်တင်ရေး သင်တန်း

ကရင်အမျိုးသားအစည်းအရုံး (KNU)၊ မြိတ်−ထားဝယ်ခရိုင်မှာ စက်တင်ဘာလ ၂၃ ရက်ကနေ ၂၉ ရက်အထိ ပြည်သူ့ရေးရာစီမံခန့်ခွဲမှုနဲ့ ခေါင်းဆောင်မှုစွမ်းရည်မြှင့်တင်ရေး သင်တန်းကို ကျင်းပပြုလုပ်ခဲ့တယ်လို့ KNU (ဗဟို) က ထုတ်ပြန်ထားပါတယ်။