ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့နဲ့ ချင်းမိုင်မြို့တွေက စားသောက်ဆိုင်တွေမှာ တရားမဝင် လုပ်ကိုင်နေကြတဲ့ မြန်မာနိုင်ငံသား ၇ ဦးကို ထိုင်းလူမှုကြီးကြပ်ရေးအာဏာပိုင်တွေက ဖမ်းဆီးခဲ့ကြတယ်လို့ Khaosod သတင်းမှာ ဖော်ပြပါတယ်။

ဘန်ကောက်မြို့ တော်ဝင်ရိပ်သာလမ်း (RCA) အနီး Nineyard ဈေးအတွင်း တရုတ်ဆိုင်းဘုတ်နဲ့ ဆိုင်တစ်ခုကို အာဏာပိုင်တွေက မေလ ၁၇ ရက်မှာ ဝင်ရောက်စစ်ဆေးခဲ့ကြောင်း၊ တရုတ်နိုင်ငံသားတွေ ပိုင်ဆိုင်တာ သို့မဟုတ် ပါဝင်ပတ်သက်နေတာရှိမလားဆိုတဲ့အပေါ် ကနဦး ဝင်ရောက်စစ်ဆေးခဲ့တာဖြစ်ကြောင်း သတင်းမှာ ဖော်ပြပါတယ်။

စစ်ဆေးမှုအတွင်း တရုတ်နိုင်ငံသားတွေကို မတွေ့ခဲ့ရဘဲ အထောက်အထားမရှိဘဲ အလုပ်လုပ်နေတဲ့ မြန်မာအမျိုးသား ၅ ယောက်ကို ရှာဖွေတွေ့ရှိခဲ့ကြောင်း၊ သူတို့ ၅ ယောက်စလုံး အလုပ်ရဖို့ ထိုင်းကို တရားမဝင် ဝင်ရောက်လာကြကြောင်း၊ တရားဝင် ခွင့်ပြုချက်မရှိတာကြောင့် သူတို့ကို တရားစွဲဆိုထားပြီး ရဲတပ်ဖွဲ့ထံ လွှဲပြောင်းထားကြောင်း၊ ဆိုင်ပိုင်ရှင်ကိုလည်း တရားစွဲဆိုဖို့ အာဏာပိုင်တွေက စုံစမ်းစစ်ဆေးမှုတွေ ဆက်လက်တိုးချဲ့ လုပ်ဆောင်နေကြောင်း သိရပါတယ်။

လူဝင်မှုကြီးကြပ်ရေးဌာနခွဲ ၁ မှ အရာရှိများသည် ဘန်ကောက်မြို့ RCA အနီးရှိ Nineyard ဈေးတွင် မေလ ၁၇ ရက်၊ ၂၀၂၅ တွင် တရုတ်ဆိုင်းဘုတ်ကိုင်ထားသော တရားမဝင်မြန်မာလုပ်သားငါးဦးကို ဖမ်းဆီးလိုက်သည်။ (ဓာတ်ပုံ Khaosod English)

လူမှုဝင်ကြီးကြပ်ရေး ဌာနခွဲ (၁) ဒုတာဝန်ခံ ရဲမှူးကြီး Suriya Puangsombat ဆိုသူက သူတို့ဌာနအနေနဲ့ ဘန်ကောက်တခွင် အန္တရာယ်များတဲ့ နေရာတွေကို ပုံမှန်စစ်ဆေးရေးမှုတွေ လုပ်ဆောင်နေပြီး လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ သံသယဖြစ်ဖွယ်တွေ သတင်းပို့ဖို့ သူတို့ရဲ့ နိုင်ငံသားတွေကို တိုက်တွန်းထားတာပါ။

အလားတူ မေလ ၁၅ ရက် အစောပိုင်းကလည်း ချင်းမိုင်၊ မူအမ်းခရိုင်၊ ဖာဟမ်က စားသောက်ဆိုင်တစ်ဆိုင်မှာ တရားမဝင် အလုပ်လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံသား ၂ ယောက်ကို ထိုင်း လူဝင်မှုကြီးကြပ်ရေး အာဏာပိုင်တွေက ဖမ်းဆီးခဲ့ကြပါသေးတယ်။

အာဏာပိုင်တွေရဲ့ အဆိုအရ သူတို့ ၂ ဦးစလုံးမှာ မူရင်း အလုပ်ရှင်တွေနဲ့ တရားဝင် အလုပ်လုပ်ခွင့် လက်မှတ်တွေရှိကြောင်း ဝန်ခံထားပေမယ့် အလုပ်ရှင်မပြောင်းရသေးဘဲ စားသောက်ဆိုင်မှာ ငါးလခန့် အလုပ်လုပ်ကိုင်ခဲ့နေတာကြောင့် ဖမ်းဆီးခံခဲ့ရကြောင်း သိရပါတယ်။

“အလုပ်လုပ်ခွင့် ရရှိထားပေမယ့် အလုပ်ရှင်၊ လုပ်ငန်းခွင်နဲ့ လုပ်ငန်းတာဝန်တွေကို အလုပ်ရပြီး ၁၅ ရက်အတွင်း မှတ်ပုံတင်အရာရှိဆီ အကြောင်းကြားဖို့ ပျက်ကွက်တဲ့ နိုင်ငံခြားသားတွေအဖြစ်” စွဲချက်တင်ခံရမှာဖြစ်တယ် လို့ အာဏာပိုင်တွေက ပြောပါတယ်။

အဆိုပါ စစ်ဆင်ရေး ၂ ခုစလုံးကို ထိုင်းနိုင်ငံတဝှမ်းမှာ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ချိုးဖောက်မှုတွေကို တင်းတင်းကြပ်ကြပ် ကိုင်တွယ်ဖို့ လူဝင်မှုကြီးကြပ်ရေးဗျူရို ကော်မရှင်နာရဲ့ ညွှန်ကြားချက်အရ လုပ်ဆောင်တာဖြစ်ကြောင်း သတင်းဖော်ပြထားပါတယ်။

မူရင်းသတင်း – MYANMAR WORKERS ARRESTED IN BANGKOK AND CHIANG MAI RESTAURANTS

0 Shares:
You May Also Like
Read More

ပိတ်ဆို့ခံ စစ်ဗိုလ်ချုပ်များဖြင့် ဖွဲ့စည်းထားသည့် စစ်ကော်မရှင် အရေးယူဒဏ်ခတ်မှုမှ ကင်းလွတ်နေသေးကြောင်း JFM သတိပေး

စစ်ကော်မရှင်လို့ အများကြခေါ်ကြတဲ့ အာဏာသိမ်းစစ်အုပ်စုရဲ့ “နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင် (SSPC)” အဖွဲ့အစည်းကို နိုင်ငံတကာက အရေးယူဒဏ်ခတ်ပိတ်ဆို့မှုတွေ မချမှတ်ရသေးကြောင်း Justice For Myanmar (JFM) က ဒီနေ့မှာ သတိပေး ထုတ်ပြန်ပါတယ်။
Read More

မြန်မာနယ်စပ်ကို လျှပ်စစ်ဓာတ်အား ချက်ချင်းဖြတ်တောက်ဖို့ ထိုင်းဒုဝန်ကြီးချုပ် ပြော

မြန်မာနယ်စပ်ဒေသကို ထိုင်းရဲ့ လျှပ်စစ်ဓာတ်အားပေးဝေမှု ယနေ့ဖြတ်တောက်မယ်လို့ ထိုင်းဒုဝန်ကြီးချုပ်၊ ကာကွယ်ရေးဝန်ကြီး Phumtham Wechayachai က ဖေဖော်ဝါရီလ ၄ ရက်မှာ ပြောပါတယ်။ 
Read More

ရွှေကုက္ကိုလ် ကျားဖြန့်မြို့တော် စတင်ခဲ့သူ ရှီကျီကျန်းကို ထိုင်းအစိုးရ တရုတ်ထံ ပြန်ပို့

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်က ရွှေကုက္ကိုလ် ကျားဖြန့်မြို့တော် စတင်ရာ ငွေလိမ်ဂိုဏ်းခေါင်းဆောင် ရှီကျီကျန်းကို ထိုင်းအစိုးရက ဒီနေ့ နိုဝင်ဘာလ ၁၂ ရက်မှာ တရုတ်အစိုးရထံ လွှဲပြောင်းပို့ဆောင်ပေးလိုက်တယ်လို့ ထိုင်းသတင်းဌာနတွေမှာ ဖော်ပြလာပါတယ်။
Read More

မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးကို တခြားနိုင်ငံတွေထက် တရုတ်က ပိုလိုလားတယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးပြော..

မြန်မာ့အရေးမှာ နိုင်ငံရေး ရင်ကြားစေ့ကြပြီး၊ တည်ငြိမ် တာရှည်ခံမယ့် ငြိမ်းချမ်းရေးကို ရရှိဖို့ ကူညီပေးနေတယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက မြန်မာ့အရေးကုလအထူးကိုယ်စားလှယ်နဲ့ တွေ့ဆုံစဉ်မှာ ပြောကြားလိုက်ပါတယ်။
Read More

အကြမ်းဖက်မင်းအောင်လှိုင်၏ ရွေးကောက်ပွဲကို ရှီကျင့်ဖျင် ထောက်ခံကြောင်း စစ်အုပ်စု ပြန်ကြားရေး သတင်းထုတ်ပြန်

မြန်မာနိုင်ငံမှာ အကြမ်းဖက်မင်းအောင်လှိုင်က ပြုလုပ်မယ့် တရားမဝင် အတုအယောင် ရွေးကောက်ပွဲကို တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖျင်က ထောက်ခံကြောင်း ပြောကြားခဲ့တယ်လို့ စစ်အုပ်စုရဲ့ ပြန်ကြားရေးနဲ့ စစ်တပ်လော်ဘီတွေက သတင်းဖော်ပြရေးသားထုတ်ပြန်ပါတယ်။
Read More

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီအား နိုင်ငံတကာပါလီမန်များအဖွဲ့ (IPU) က ဆက်လက်အသိအမှတ်ပြုကြောင်း ဆုံးဖြတ်

(၁၅၁) ကြိမ်မြောက် နိုင်ငံတကာပါလီမန်များ (IPU) ညီလာခံမှာ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ကို ဆက်လက်အသိအမှတ်ပြုကြောင်း ဆုံးဖြတ်လိုက်တယ်လို့ CRPH က မနေ့က ညပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။