နိုင်ငံအတွက် ခေတ်သစ်ကို ဖော်ဆောင်ပေးမယ့် တော်လှန်ရေးနဲ့အတူ ပြည်သူတွေ ဆက်လက်ပြီး အတူတကွ ရှိနေပေးဖို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG၊ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က “ဒို့ပြန်လာပြီ ဧရာဝတီ” ကမ်ပိန်းကတဆင့် ပြောကြားလိုက်ပါတယ်။

“ဒီတော်လှန်ရေးအောင်ပွဲရဲ့ ရလဒ်က အင်မတန် ကြီးကျယ်ခမ်းနားပါလိမ့်မယ်။ ကျနော်တို့ နိုင်ငံအတွက် ခေတ်သစ်၊ စနစ်သစ်၊ သမိုင်းသစ်ကို ဖန်တီးနေတဲ့ တော်လှန်ရေးပါ။ ကျနော်တို့အားလုံး ရင်းနှီးရကျိုးနပ်ပါလိမ့်မယ်။ တော်လှန်ရေး ရဲဘော်တွေအဖို့ အားထားစရာဟာ တော်လှန်ပြည်သူတွေပဲ ရှိပါတယ်” လို့ ဦးရည်မွန်က ဆိုပါတယ်။

ဧရာဝတီတိုင်း လွတ်မြောက်ရေးအတွက် တိုက်ပွဲဝင်နေတဲ့ PDF ရဲဘော်တွေနဲ့အတူ ဧရာဝတီတိုင်းနဲ့ မြန်မာပြည်တဝှမ်းက တော်လှန်ပြည်သူတွေအားလုံး အတူတကွ ဆက်ရှိပေးကြဖို့ကိုလည်း ဦးရည်မွန်က တိုက်တွန်း နှိုးဆော်ထားပါတယ်။

“ဒီကနေ့ ပြည်သူ့တော်လှန်ရေးရဲ့ မဟာဗျူဟာက တနိုင်ငံလုံး ကွက်ပြည့်နီးနီးပဲ ဖြစ်ပါတယ်။ မြစ်ဝကျွန်းပေါ်သားတွေရဲ့ အိမ်အပြန်ခရီးဟာ ဒီကွက်ပြည့် မဟာဗျူဟာကို ပိုပြီးပြည့်စုံစေခဲ့ပါတယ်” လို့လည်း ဦးရည်မွန်က ပြောပါတယ်။

ဒါ့အပြင် လက်နက်အားကိုးနဲ့ ပြည်သူကို ရန်ပြုနေတဲ့ စစ်အုပ်စုကို ရရာလက်နက် ဆွဲကိုင်ပြီး ခုခံတွန်းလှန်ဖို့မှတပါး တခြားရွေးချယ်စရာ မရှိခဲ့တာကြောင့် လူငယ်တွေဟာ PDF အဖြစ်ခံယူရင်း အသက်နဲ့ ဘဝကိုရင်းကာ တိုက်ပွဲဝင်နေချိန် တော်လှန်ပြည်သူတွေကလည်း ကိုယ့်ရဲ့ ချွေးနဲစာထဲက ဖြစ်နိုင်သမျှ ထောက်ပံ့လှူဒါန်းရင်း တော်လှန်ရေးခရီးကို အတူတကွ ဖြတ်သန်းနေကြတယ်လို့ ပြောကြားခဲ့ပါတယ်။
0 Shares:
You May Also Like
Read More

နိုင်ငံ၏ အရှုပ်အထွေးများကို ဖြေရှင်းရန် စီမံချက်များ အသင့်ရှိနေပြီဟု စစ်ထွက်အများစု ပါဝင်သည့် ကြံ့ခိုင်ရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီ ပြော

နိုင်ငံကို ပြန်လည်တည်ဆောက်ရေးနဲ့ နိုင်ငံထဲက အ‌ရှုပ်အထွေးတွေကို ဖြေရှင်းဖို့ ခိုင်မာတဲ့ စီမံချက်တွေ ကြံ့ခိုင်ရေးပါတီ (USDP) မှာ ရှိတယ်လို့ ပါတီ ဥက္ကဋ္ဌ ဦးခင်ရီက ပြောဆိုလိုက်ပါတယ်။
Read More

ညောင်လေးပင်- မဒေါက်-ရွှေကျင်လမ်းပိုင်းမှာ ကင်းပတ်သည့် အကြမ်းဖက်စစ်သားများကို စနိုက်ဘာဖြင့်ပစ်ခတ်ရာ ၁ ဦးသေဆုံး…

ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်၊ ညောင်လေးပင်- မဒေါက်-ရွှေကျင်လမ်း​ပိုင်းမှာ ကင်းပတ်သွားလာနေတဲ့ အကြမ်းဖက်စစ်သားတွေ စနိုက်ဘာနဲ့ ပစ်ခတ်တိုက်ခိုက်ခံရပြီးတဲ့နောက် စစ်အုပ်စုဘက်က လက်နက်ကြီးပြန်လည်ပစ်ခတ်တာမျိုးတွေရှိခဲ့တယ်လို့ Fire Dragon PDF တာဝန်ရှိသူက မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

စက်တပ်လေထီးများဖြင့် တိုက်ခိုက်မှုပြည်သူလူထု သတိပြုဖို့ အသိပညာပေး (ဓာတ်ပုံသတင်း)

စစ်ကောင်စီ အဓိက အသုံးပြုတိုက်ခိုက်လာတဲ့ Paramotor (စက်တပ်လေထီး) နဲ့ ပတ်သက်ပြီး အသိပညာပေး လက်ကမ်းစာစောင်တွေကို အညာပစ်တိုင်းထောင်လေးများအဖွဲ့က ဆားလင်းကြီးမြို့နယ်အတွင်း ဖြန့်ဝေပေးခဲ့တယ်လို့ သိရပါတယ်။
Read More

မြောက်ဥက္ကလာပ ရပ်ကွက်ရုံးကို လက်ပစ်ဗုံး၊ အဝေးထိန်းမိုင်းတွေနဲ့ ဖောက်ခွဲတိုက်ခိုက်၊ ၂ ယောက် ဒဏ်ရာရ

ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်က အကြမ်းဖက်စစ်ကောင်စီရဲ့ (ဌ) ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကို ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ မြောက်ဥက္ကလာပမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ)က ထုတ်ပြန်ထားပါတယ်။
Read More

ထီးလင်းမြို့မရဲစခန်းက ရဲတပ်သား ၁ ယောက် သေနတ် ၁ လက် ယူဆောင်လာပြီး အလင်းဝင်…

မကွေးတိုင်း၊ ထီးလင်းမြို့မရဲစခန်းကနေ ရဲတပ်သား ၁ ယောက် သေနတ် ၁ လက် ယူဆောင် အလင်းဝင်လာတယ်လို့ ထီးလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဆီက သိရပါတယ်။
Read More

လုံခြုံရေးအကြောင်းပြ ပိတ်ပင်ထားတဲ့ မူဆယ်-မိုင်းယု (၁၀၅) မိုင် လမ်းကို စစ်ကောင်စီ ငွေကြေးတောင်းခံပြီး ဖြတ်သန်းခွင့်ပြုနေ

မူဆယ် - မိုင်းယု (၁၀၅) မိုင်လမ်းကို စစ်ကောင်စီက ငွေကြေးကောက်ခံပြီး စတင်ဖြတ်သန်းခွင့်ပြုနေတယ်လို့ တအာင်းတပ်မတော် TNLA က အသိပေးထုတ်ပြန်ပါတယ်။