မန္တလေး ဆေးတက္ကသိုလ်က CDM ပါမောက္ခချုပ် ဒေါက်တာခင်မောင်လွင်ကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ဒုတိယဝန်ကြီးအဖြစ် ခန့်အပ်လိုက်တယ်လို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က မေလ ၁၆ ရက် မနေ့က ထုတ်ပြန်ပါတယ်။

၂၀၂၀ ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲမှာ ပြည်သူလူထုက ဒီမိုကရေစီနည်းကျ အပ်နှင်းလိုက်တဲ့ အာဏာကို ကျင့်သုံးပြီး ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်အရ ပါမောက္ခဒေါက်တာ ခင်မောင်လွင်ကို အခုလို ခန့်အပ်တာဝန်ပေးလိုက်တာဖြစ်တယ်လို့ CRPH က ဆိုပါတယ်။

၂၀၁၅ခုနှစ်မှာ ဆေးတက္ကသိုလ် (မန္တလေး)မှာ ပါမောက္ခချုပ်အဖြစ် စတင်ထမ်းဆောင်ခဲ့တဲ့ ဒေါက်တာခင်မောင်လွင်ဟာ စစ်ကောင်စီရဲ့ အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့အနေနဲ့ မန္တလေး ဆေးတက္ကသိုလ်ကို CDM တက္ကသိုလ်အဖြစ် ကြေညာခဲ့ပြီးနောက် စစ်ကောင်စီက ဖမ်းဆီးဖို့ ကြိုးပမ်းခဲ့တာဖြစ်ပါတယ်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁၁ ရက်ကစလို့ ဆေးတက္ကသိုလ် (မန္တလေး) ကနေ ရှောင်တိမ်းခဲ့ရတဲ့ ဒေါက်တာခင်မောင်လွင်ဟာ လွတ်မြောက်နယ်မြေတစ်ခုမှာ NUG ကျန်းမာရေးဝန်ကြီးဌာန တာဝန်တွေကို ထမ်းဆောင်ရင်းကနေ အခုချိန်မှာတော့ NUG ကျန်းမာရေး ဒုဝန်ကြီးအဖြစ် ခန့်အပ်တာဝန်ပေးခံရတာ ဖြစ်ပါတယ်။
0 Shares:
You May Also Like
Read More

ကြို့ပင်ကောက်ထဲ စစ်ကြောင်းထိုးလာတဲ့ စစ်ကြောင်းကို တိုက်ခိုက်ပြီး ရွာသားတွေကိုပါ PDF တွေ ကယ်တင်ထား…

ပဲခူးတိုင်းအနောက်ပိုင်း သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်၊ ဥယျာဥ်ကြီးရွာကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်သားတွေကို တိုက်ခိုက်ခဲ့တယ်လို့ ပဲခူးရိုးမအခြေပြုတပ်ဖွဲ့တွေဆီက သိရပါတယ်။
Read More

အမျိုးသမီး စစ်မှုထမ်း အပတ်စဉ် ၁ အတွက် စစ်ကောင်စီ စတင် စာရင်းကောက်ယူနေ

အမျိုးသမီး စစ်မှုထမ်း အပတ်စဉ် ၁ ကို ဖွင့်လှစ်ဖို့အတွက် မတရား စစ်မှုထမ်းဥပဒေအရ အကျုံးဝင်တဲ့ အမျိုးသမီးတွေစာရင်းကို စစ်ကောင်စီက စတင်ကောက်ယူနေပြီလို့ ရန်ကုန်မြို့ခံတွေဆီက သိရပါတယ်။
Read More

လွိုင်ကော်-ဆီဆိုင် လမ်းမကြီးကို ရက်အကန့်အသတ်မရှိ ဖြတ်သန်းသွားလာခြင်း မပြုဖို့ KNDF သတိပေးထုတ်ပြန်

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့နယ်နဲ့ ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နယ်ကို ချိတ်ဆက်ထာတဲ့ လမ်းမကြီးမှာ ခရီးသွားပြည်သူတွေ ယာဥ်ကြီး၊ ယာဥ်ငယ်နဲ့ ဖြတ်သန်းသွားလာမှုကို ရက်အကန့်အသတ်မရှိ ရပ်ဆိုင်းထားတယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် - KNDF ဗျူဟာအမှတ် ၂ က ထုတ်ပြန်ပါတယ်။
Read More

ပေါ်တာဆွဲခံထားရတဲ့ စစ်သား (၄) ဦး K.N.L.A တပ်ရင်း (၉) ထံ လက်နက်ချအလင်းဝင်

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်က ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A) တပ်ရင်း (၉) ဆီကို အကြမ်းဖက်စစ်ကောင်စီရဲ့ ပေါ်တာဆွဲခံထားရတဲ့ စစ်မှုထမ်း စစ်သား (၄) ယောက် လက်နက်ချအလင်းဝင်လာတယ်လို့ ကရင်အမျိုးသားအစည်အရုံး - KNU ( ဗဟို) က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

NLD အစိုးရလက်ထက်က လေးဖြူ၏ ဆန္ဒမဲပေးကြမည် သီချင်းကို အတုအယောင် ရွေးကောက်ပွဲအတွက် စစ်တပ် ပြန်လည်ထုတ်လွှင့်နေ

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD အစိုးရလက်ထက်က အဆိုတော် လေးဖြူ သီဆိုခဲ့တဲ့ ဆန္ဒမဲပေးကြမည် သီချင်းကို အကြမ်းဖက် စစ်ကော်မရှင်က သူ့ရဲ့ အတုအယောင် ရွေးကောက်ပွဲအတွက် ပြန်လည် ထုတ်လွှင့်နေပါတယ်။
Read More

ကန့်ဘလူတွင် စစ်အုပ်စုနှင့် ပျူစောထီးများလိုက်ပါလာသည့် ကား၂ စီး မိုင်းဆွဲတိုက်ခိုက်ခံရ၊ တပ်ကြပ်ကြီး နေရာတင်သေပြီး ၃ ယောက် ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်မှာ အကြမ်းဖက်အုပ်စုတွေလိုက်ပါလာတဲ့ ကား၂စီးကို မလယ်-ဇီးကုန်းလမ်းပိုင်းအတွင်း မိုင်းဆွဲတိုက်ခိုက်ရာ တပ်ကြပ်ကြီး အဆင့်ရှိသူ ပွဲချင်းပြီးသေဆုံးပြီး အများအပြားထိခိုက်ဒဏ်ရာရရှိသွားကြောင်း ကန့်ဘလူခရိုင် တပ်ရင်း-၄ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။