ရခိုင်ပြည်နယ်၊ မင်းပြားမြို့သိမ်းတိုက်ပွဲမှာ ဖမ်းဆီးရမိခဲ့တဲ့ စစ်သုံ့ပန်းမိသားစုဝင်တွေထဲက လွှတ်ပေးလို့ရတဲ့ ၂၂၅ ယောက်ကို ရက္ခိုင့်တပ်တော် AA က ပြန်လွှတ်ပေးလိုက်တယ်လို့ရခိုင်ဒေသတွင်းသတင်းဌာနတွေကဖော်ပြထားပါတယ်။

မေလ ၁၆ ရက် မနေ့က AA အနေနဲ့ စစ်သုံ့ပန်း ဥပဒေနဲ့အညီ ကျွေးမွေးစောင့်ရှောက်ထားခဲ့တဲ့ စစ်သုံ့ပန်း မိသားစုဝင် ၂၂၅ ယောက် ဒုတိယအကြိမ်မြောက်အဖြစ် လွှတ်ပေးလိုက်တာ ဖြစ်တယ်လို့ သိရပါတယ်။

AA လွှတ်ပေးလိုက်တဲ့ စစ်သုံ့ပန်း မိသားစုဝင်တွေထဲ အမျိုးသမီး ၉၅ ယောက်နဲ့ ကလေးငယ် အယောက် ၁၃၀ ပါဝင်ပြီး ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၆ ရက်က မင်းပြားမြို့ကို အပြီးသတ်သိမ်းပိုက်ပြီးနောက် ဖမ်ဆီးရမိခဲ့တဲ့ စစ်ကောင်စီ စစ်သုံ့ပန်းမိသားစုဝင်တွေ ဖြစ်တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဧပြီလ ၁၃ ရက်ကလည်း AA အနေနဲ့ ပထမအကြိမ်အဖြစ် မင်းပြားမြို့သိမ်းတိုက်ပွဲကနေ ဖမ်းဆီးရမိတဲ့ စစ်သုံ့ပန်း မိသားစုဝင်အယောက် ၁၇၀ ကို ပြန်လွှတ်ပေးခဲ့ပါသေးတယ်။

AA အနေနဲ့ အခုလို စစ်ကောင်စီတပ်က စစ်သုံ့ပန်း မိသားစုဝင်တွေကို ပြန်လွှတ်ပေးခဲ့ပေမယ့် တစ်ဖက်မှာတော့ အကြမ်းဖက်စစ်ကောင်စီဟာ ရခိုင်ပြည်နယ်အတွင်း AA ထိန်းချုပ်ထားတဲ့ မြို့နယ်တွေကို လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

ကျောက်တော်မြို့နယ်နဲ့ ရသေ့တောင်မြို့နယ်တွေမှာ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်တွေအပါအဝင် အရပ်သား ၃၀ ကျော် သေဆုံးပြီး ၄၀ နီးပါး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ AA ရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

ဓာတ်ပုံ – အာရက္ခမင်းသမီးမီဒီယာ
0 Shares:
You May Also Like
Read More

မုံရွာ နမခ ယာဥ်တန်းအတွက် လုံခြုံရေးယူ စစ်သားများနှင့် တော်လှန်ရေးတပ်များ တိုက်ပွဲဖြစ်၊ စစ်ကော်မရှင်တပ်သား တစ်ယောက်ကို လက်နက်နဲ့တကွ အရှင်ဖမ်းမိ

စစ်ကိုင်းတိုင်း၊ မုံရွာအခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကနေ ထွက်လာတဲ့ ယာဥ်တန်းအတွက် လုံခြုံရေးယူပေးနေတဲ့ စစ်ကော်မရှင်တပ်သားတွေနဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေ သြဂုတ်လ ၁၀ ရက် နေ့လယ်ပိုင်းမှာ ပစ်ခတ်တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

မကွေးတိုင်း ငဖဲမြို့နယ်အတွင်း အကြမ်းဖက်စစ်ကြောင်းကို AA တိုက်ခိုက်၊ စစ်သား ၂၀ ခန့်သေ၊ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ…

မကွေးတိုင်း၊ ငဖဲမြို့နယ်၊ စွန်တက်ကျေးရွာအနီးက စစ်အုပ်စု တပ်မ (၉၉) လက်အောက်ခံ အကြမ်းဖက်စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ စစ်သား အလောင်း ၂၀ ခန့်နဲ့အတူ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိခဲ့တယ်လို့ အာရက္ခတပ်တော် (AA) က မှတ်တမ်းရုပ်သံနဲ့အတူ ထုတ်ပြန်ထားပါတယ်။
Read More

သပိတ်ကျင်းမှာ မြို့နယ် ပကဖ က စစ်ရှောင်ပြည်သူများကို ရိက္ခာထောက်ပံ့၊ ကျန်းမာရေးစောင့်ရှောက်မှုများလည်း လုပ်ဆောင်ခဲ့

မန္တလေးတိုင်းအတွင်းရှိ တော်လှန်ရေးတပ်တွေ ထိန်းချုပ်စိုးမိုးထားတဲ့ သပိတ်ကျင်းမြို့နယ်မှာ စစ်ရှောင်ပြည်သူတွေကို ရိက္ခာထောက်ပံ့ပြီး ကျန်းမာရေးစောင့်ရှောက်မှုတွေ လုပ်ဆောင်ပေးခဲ့တယ်လို့ သပိတ်ကျင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ပကဖ ဆီက သိရပါတယ်။
Read More

ပြည်သူများ ငလျင်ကပ်ဘေးအန္တရာယ် ကျရောက်နေချိန် နောင်ချိုကို စစ်ကောင်စီတပ် ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်

မြန်မာနိုင်ငံမှာ ပြည်သူတွေ ငလျင်ကပ်ဘေးအန္တရာယ်ရဲ့ နောက်ဆက်တွဲတွေ ခံစားနေရချိန်မှာ ရှမ်းပြည်နယ်မြောက်ပိုင်းက နောင်ချိုမြို့နယ်ကို အကြမ်းဖက်စစ်ကောင်စီတပ်က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

စစ်ကောင်စီရဲ့ သန်းခေါင်စာရင်းကောက်ယူနေမှုမှာ တော်လှန်ရေးအားကောင်းတဲ့ ဒေသတွေ မပါဝင်နေ

ရွေးကောက်ပွဲကျင်းပနိုင်ရေး အသည်းအသန် ကြိုးပမ်းနေတဲ့ စစ်ကောင်စီဟာ နေပြည်တော်အပါအဝင် တိုင်းဒေသအသီးသီးမှာ သန်းခေါင်စာရင်းကောက်ခံနေတယ်လို့ သတင်းတွေ ထုတ်ပြန်ထားပေမယ့် အဲဒီစာရင်းထဲမှာ တော်လှန်ရေးအားကောင်းတဲ့ ဒေသတွေ မပါဝင်နေတာကို သူတို့ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်အရ…
Read More

ဝက်လက်မှာ တပ်မ ၃၃ စစ်ကြောင်းကို တိုက်ခိုက်ရာ အယောက် ၂၀ ကျော်သေဆုံးပြီး လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရမိ

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်က ကျေးရွာတွေကို စစ်ကြောင်းထိုးလာတဲ့ တပ်မ ၃၃ စစ်ကြောင်းကို ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် အယောက် ၂၀ ကျော်သေဆုံးတယ်လို့ ရွှေဘိုခရိုင်အမှတ် ၁၈ တပ်ရင်း ကထုတ်ပြန်ထားပါတယ်။