မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ မြင်းခြံ၊ နွားထိုးကြီး၊ ငါန်းဇွန်နဲ့ တောင်သာမြို့နယ်တို့မှာ အကြမ်းဖက်စစ်ကောင်စီနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေ ထိတွေ့တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်ဆောင်နေတယ်လို့ စစ်ကောင်စီ သတင်းရင်းမြစ်တွေဆီက သိရပါတယ်။

မနေ့က မေလ ၁၅ရက် မနက်အစောပိုင်းကစပြီး အထက်ပါမြင်းခြံခရိုင်အတွင်းက အကြမ်းဖက်စစ်ကောင်စီရဲ့စခန်းတွေကို ပြည်သူ့ကာကွယ်ရေးတပ်တွေ ဝင်ရောက်တိုက်ခိုက်နေတာဖြစ်ပြီး နှစ်ဖက်ထိခိုက်သေဆုံးမှုတွေ ရှိတယ်လို့လည်း သိရပါတယ်။

မြင်းခြံမြို့နယ်၊ ကျောက်ပြုတ်ကျေးရွာ အပါအဝင် ဆီမီးခုံမြို့ပေါ်က စစ်ကောင်စီစခန်းတွေနဲ့ နွားထိုးကြီးမြို့ပေါ် ၊ ဝက်လူးရဲစခန်း၊ ထန်းဇင်မြောက်ကျေးရွာက သဘာဝပိုက်လိုင်းစောင့်စစ်​အုပ်စုတွေကို တော်လှန်ရေးတပ်တွေက ဝင်ရောက်တိုက်ခိုက်နေတာလို့ စစ်​ကောင်စီသတင်းရင်းမြစ်တွေမှာ ဖော်ပြပါတယ်။

ဒါ့အပြင် တောင်သာမြို့နယ်၊ ထနောင်းကုန်းရွာမှာလည်း ပြည်သူ့စစ်အဖွဲ့တွေနဲ့ ထိတွေ့မှုတွေရှိနေပြီး ငါန်းဇွန်မြို့နယ်မှာလည်း ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်တာတွေ ရှိနေတယ်လို့ သိရပါတယ်။

“ကျန်တဲ့နေရာတွေတော့ မပြောတတ်ဘူး။ နွားထိုးကြီးဖြစ်နေတာတော့ အမှန်ပါပဲ။ လေကြောင်းလည်း ဆက်တိုက်တိုက်နေပါတယ်။ အသေးစိတ်ကို နောက်မှထုတ်ပြန်ပါမယ်။ ခရိုင်စစ်ဆင်ရေးပုံစံလုပ်နေတာပါ။” လို့ နွားထိုးကြီးအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဝင် ၁ယောက်က မောင်းကိုပြောပါတယ်။

မြင်းခြံခရိုင် အမှတ် ၇တပ်ရင်း Zero ပြောက်ကျား တပ်ဖွဲ့ခေါင်းဆောင် ကိုသက်ကြီးကလည်း ဆီမီးခုံမြို့ပေါ် တိုက်ပွဲအတွင်း လေကြောင်းတိုက်ခိုက်မှုခံရကာ တပ်ဖွဲ့ဝင် ၆ယောက်ကျဆုံးခဲ့ရတာနဲ့ ပတ်သက်လို့ သူရဲ့လူမူကွန်ရက်စာမျက်နှာကနေ  “ခင်ဗျားတို့‌ပြောနေတဲ့တော်လှန်ရေးဆိုတာကျုပ်တို့အတွက်ပေးဆပ်ခြင်းဗျ ၊ စစ်ဆင်ရေးတဲ့ ကျုပ်တို့တာဝန်ယူရတဲ့အပိုင်းတစ်ခု ပွဲပေါ့ ! အခြားရဲဘော်တွေတက်လုံးချိန် ကာပစ်နေတဲ့ရဲဘော်တွေအပေါ် ဂျက်ဖိုက်တာနဲ့ပေါင် ၅၀၀ ကျဲချခဲ့လို့ကျနော့်ခလေးတွေကျဆုံးခဲ့ရပြီ၊ ကျုပ်ကကျုပ်ခလေးတွေကို သားလိုညီလိုတန်ဖိုးထားတာရောက်ဘူးသူတိုင်းသိတယ် ၊ (၃) နှစ်အကျဆုံးမရှိခဲ့ပေမဲ့ခုတော့ကျုပ်ရင်ကွဲရပြီ၊ နာကျင်ရပြီ၊ စိတ်နာလာပြီ၊ မပြည့်စုံခြင်းကို အရင်းတည် ပြည်သူကိုဘဲ အားကိုး အခြေပြုပြီး တိုက်ပွဲဝင်နေရတုန်း၊ လက်သင့်ရာကျနေပေမဲ့ ကျုပ်တို့မှာ ကိုယ့်ဒူးကိုယ်ချွန်က တက်မလာဘူး။ တချို့ ကျဆုံးညီတွေ သဂြိုလ်ခွင့်ကို မရဘူး တစ်စစီ၊ ကျဆုံး(၆)ယောက်မှာ (၃)ယောက်ဘဲ ကောင်းမွန်စွာ နောက်ဆုံးစီစဉ်ပေးခဲ့ရတယ်။ဘယ်လောက်ယူကြုံးမရစရာကောင်းလည်း၊ ကောင်းရာသုဂတိလားပါစေ ငါ့ညီတို့ရေ” ဆိုပြီး ရေးသားထားပါသေးတယ်။

တိုက်ပွဲတွေနဲ့ ပတ်သက်လို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေဘက်က သတင်းထုတ်ပြန်တာမျိုး မရှိသေးပေမယ့်လည်း အကြမ်းဖက်စစ်အုပ်စုထောက်ခံတဲ့ သတင်းချန်နယ်တွေမှာတော့ တိုက်ပွဲဖြစ်ရာနေရာတွေကို လေကြောင်းတိုက်ခိုက်မှုလုပ်ဖို့အဆက်မပြတ်တောင်းဆိုနေကြပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေရဲ့ အလောင်းနဲ့လက်နက်တွေ ရထားတယ်လို့ ဖော်ပြနေကြပါတယ်။

0 Shares:
You May Also Like
Read More

ပေါက်မြို့နယ်တွင် လယ်ရိတ်ဖို့သွားသည့် အမျိုးသား ၃ ဦး စစ်အုပ်စုထောင်ထားသည့်မိုင်း ထိမှန်ဒဏ်ရာရ

မကွေးတိုင်း၊ ပေါက်မြို့နယ်တောင်ပိုင်းမှာ လယ်ရိတ်ဖို့သွားတဲ့ အမျိုးသား ၃ ယောက်ဟာ အကြမ်း ဖက်စစ်ကော်မရှင် ထောင်ထားတဲ့ မိုင်းထိမှန်ပြီး ဆေးကုသမှုခံယူနေရတယ်လို့ လူသားချင်းစာနာ ထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဌာန ပေါက်မြို့နယ်ထံက သိရပါတယ်။
Read More

မန္တလေးအိုးဘို အကျဉ်းထောင် ဗုံးပေါက်ကွဲမှုကြောင့် နိုင်ငံရေးအကျဉ်းသားများ သေဆုံးမှုဖြစ်စဉ်နှင့် ပတ်သက်၍ PPNM ထပ်မံထုတ်ပြန်အတည်ပြု …

"အဓိကရည်ရွယ်ချက်တော့ အကျဉ်းထောင်ထဲမှာ လူမသိသူမသိ သေဆုံးသွားတဲ့ဖြစ်စဉ်မျိုး နောက်ထပ်မဖြစ်ဖို့ နဲ့ ထောင်ထဲမှာ အသက်ပေးခဲ့ရတဲ့ နိုင်ငံရေးအကျဉ်းသားများအပါအဝင် အကျဉ်းသားတစ်ယောက်ချင်းစီရဲ့ ဂုဏ်သိက္ခာ၊ သတင်းဖျောက်ဖျက်ခံလိုက်ရတဲ့အတွက် နှစ်နာခံရတဲ့ မိသားစုဝင်တွေ၊ ကိုယ်တိုင်အသက်ပေးလိုက်ရတဲ့ နိုင်ငံရေးအကျဉ်းသားတွေ အတွက် ကျနော်တို့အဖွဲ့အနေနဲ့နဲ့ တရားမျှတမှု ပြန်လည်ရရှိဖို့နဲ့ ဒီဖြစ်စဉ်က တကယ်ဖြစ်ခဲ့တယ် ဆိုတဲ့ ခိုင်မာတဲ့ ထုတ်ပြန်ချက်တစ်စောင်ကို ကျနော်တို့က ပြည်သူလူထုကို၊ ပြီးတော့ဝေဝါးနေတဲ့သူတွေကို ကျနော်တို့အသိပေးချင်တဲ့အတွက် အခုလိုထုတ်ပြန်ခဲ့တာဖြစ်ပါတယ်" လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) ရဲ့ ဗဟိုဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက မောင်းကို ပြောပါတယ်။
Read More

တောင်ငူ-လိပ်သို လမ်းပိုင်းတွင် အကြမ်းဖက်စစ်ကြောင်းနှင့် ကမ်းနီကြားဒေသကာကွယ်ရေးတပ်တို့ အနီးကပ်တိုက်ပွဲဖြစ်၊ စစ်အုပ်စုဘက် ၉ ဦး သေပြီး ၁၀ ဦး ဒဏ်ရာရကာ ပြန်ဆုတ်သွား

ပဲခူးနဲ့ ကရင်ပြည်နယ်အစပ် တောင်ငူ-လိပ်သိုလမ်းပိုင်းမှာ အင်အားဖြည့်စစ်ကြောင်းထိုးနေတဲ့ အကြမ်းဖက်စစ်တပ်နဲ့ အနီးကပ်တိုက်ပွဲဖြစ်ပွားပြီး စစ်အုပ်စုဘက် ၉ ယောက် သေကာ အများအပြားထိခိုက်သွားကြောင်း ကမ်းနီကြားဒေသကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

စစ်ကောင်စီ ထုတ်ပြန်သည့် နဂါးနန်းတော် ရွှေဆိုင်ဓားပြမှု တရားခံ ၂ ယောက်သည် ကျေးရွာ PDF တပ်ဖွဲ့ဝင်များနှင့် မသက်ဆိုင် ဟု သိရ

မန္တလေးမြို့က နဂါးနန်းတော် စိန်ရွှေရတနာဆိုင် ဓားပြတိုက်မှုအတွက် ဖမ်းဆီးရမိခဲ့တဲ့ ကျူးလွန်သူတွေထဲက ၂ယောက်ဟာ ဆပ်ပြာကျင်းရွာ PDF အဖွဲ့က ဖြစ်တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားတာနဲ့ပတ်သက်ပြီး အဲဒီ ၂ယောက်ဟာ ကျေးရွာနဲ့ရော ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေနဲ့ပါ မသက်ဆိုင်ကြောင်း Kaung Kin PDF တပ်ဖွဲ့တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

သီပေါတွင် စစ်ကောင်စီ၏ လက်ကျန်မိုင်းကြောင့် အမျိုးသမီး ၁ ဦး ခြေထောက် ၁ ဖက် ဆုံးရှုံးခဲ့ရ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့နယ်၊ စံဖိတ်ကျေးရွာမှာ ဒေသခံ အမျိုးသမီးတစ်ယောက် ခြံရှင်းလင်းရင်း စစ်ကောင်စီရဲ့ လက်ကျန်မိုင်းကို ထိမိကာ ဘယ်ဘက်ခြေထောက်တစ်ဖက် ဆုံးရှုံးသွားခဲ့ရတယ်လို့ တအာင်းတပ်မတော် TNLA က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

တနင်္သာရီမြို့နယ်၊ ညောင်ပင်ကွင်းရွာကို စစ်ကောင်စီတပ် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်၊ နေအိမ်အများအပြား မီးလောင်ပျက်စီး

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ် ညောင်ပင်ကွင်းရွာကို အကြမ်းဖက်စစ်ကောင်စီတပ် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ရာ နေအိမ်အများအပြား မီးလောင်ပျက်စီးခဲ့တယ်လို့ တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ပကဖ ဇုန် ၃ က ထုတ်ပြန်ထားပါတယ်။