ရခိုင်ပြည်နယ်ရှိ ရက္ခိုင့်တပ်တော် AA ထိန်းချုပ်ထားတဲ့ ကျောက်တော်မြို့ပေါ်ရှိ လူနေထူထပ်တဲ့ ရပ်ကွက်တွေအတွင်း အကြမ်းဖက်စစ်ကောင်စီက ၂ ရက်ဆက် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သားပြည်သူ ၈ ယောက် သေဆုံးပြီး ၁၄ ယောက် ဒဏ်ရာရခဲ့တယ်လို့ AA က ထုတ်ပြန်ပါတယ်။

မေလ (၁၅) ရက် မနေ့က နေ့လယ်ပိုင်းမှာ အကြမ်းဖက်စစ်ကောင်စီဟာ ကျောက်တော်မြို့၊ ရွာမရပ်ကွက်ကို ဂျက်ဖိုက်တာနဲ့ (၃) ကြိမ်တိုင်တိုင် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ် ဗုံးကြဲတိုက်ခိုက်မှုအတွင်း အရပ်သားပြည်သူ (၅) ယောက် သေဆုံးခဲ့ပြီး ပြည်သူ (၉) ယောက် ပြင်းထန်ဒဏ်ရာနဲ့ အလတ်စားဒဏ်ရာတွေ ရရှိခဲ့တယ်လို့ AA က ဆိုပါတယ်။

မေ (၁၄) ရက်နေ့၊ ညနေပိုင်းမှာလည်း အကြမ်းဖက်စစ်ကောင်စီဟာ ကျောက်တော်မြို့၊ ရွာမရပ်ကွက်ကို ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သားပြည်သူ အမျိုးသမီး (၃) ယောက် သေဆုံးခဲ့ပြီး (၅) ယောက် ဒဏ်ရာရှိခဲ့တာ ဖြစ်ပါတယ်။

ငလျင်ဒဏ်ကို အပြင်းအထန်ခံစားခဲ့ရတဲ့ ပြည်သူတွေအတွက် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေကို ထိရောက်စွာပေးနိုင်ဖို့အတွက် AA အပါအဝင် ညီနောင် ၃ ဖွဲ့က တစ်ဖက်သတ် အပစ်ရပ်ကာလကို မေလ (၃၁) ရက်အထိ တစ်လတာ တိုးမြှင့်ထားတဲ့အချိန်ကာလကို အခွင့်ကောင်းယူကာ အကြမ်းဖက် စစ်ကောင်စီတပ်က အပြစ်မဲ့ပြည်သူတွေကို အခုလို လာရောက် တိုက်ခိုက်နေမှုတွေကို ပြင်းထန်စွာရှုံ့ချ​ကြောင်း AA က ထုတ်ပြန်ပါတယ်။

AA အနေနဲ့ အသက်ဆုံးရှုံးသွားခဲ့ရတဲ့ ပြည်သူလူထုရဲ့ မိသားစု၊ ဆွေမျိုးတွေနဲ့ ထပ်တူဝမ်းနည်းရသလို အပြစ်မဲ့အရပ်သား အာရက္ခပြည်သူတွေကို အစုလိုက်အပြုံလိုက်သတ်ဖြတ်နေကာ စစ်ရာဇဝတ်မှုတွေကို နိုင်ငံအနှံ့ ဆက်တိုက် ကျူးလွန်နေတဲ့ စစ်ကောင်စီရဲ့လုပ်ရပ်ကို မှတ်တမ်းတင်ထားကြောင်း အာရက္ခတပ်တော် AA က ထုတ်ပြန်ထားပါတယ်။

မတ်လ ၁၃ ရက်က အရပ်သား ၁၂ ယောက် သေဆုံးခဲ့တဲ့ ရသေ့တောင်မြို့နယ်၊ ထွန်းရဝေရွာဟောင်း လေကြောင်းတိုက်ခိုက်ခံရမှုဖြစ်စဉ်အတွင်း ထိခိုက်သေဆုံးမှုများ (ဓာတ်ပုံ လူမှုဥွန်ရက်)

0 Shares:
You May Also Like
Read More

ပြည်သူ့လွတ်မြောက်ရေးတပ်မတော် – PLA က ငါးမျိုးကောင်းရဲဘော်ဆုရ ရဲဘော် ရေလာလေး စခန်းသိမ်းတိုက်ပွဲမှာ ကျဆုံး

ပြည်သူ့လွတ်မြောက်ရေးတပ်မတော် - PLA (အနောက်မြောက်စစ်ဒေသ) က ငါးမျိုးကောင်းရဲဘော်ဆုရ ရဲဘော်ကိုထက်ဟာ ဒီဇင်ဘာလ ၁၁ ရက် မနက်ပိုင်းက ပခုက္ကူမြို့နယ်၊ ရေလာလေးကျေးရွာ စစ်ကောင်စီစခန်းကို မဟာမိတ်တပ်ဖွဲ့တွေနဲ့အတူ ရွပ်ရွပ်ချွံချွံ ဝင်ရောက်တိုက်ခိုက်ရင်း ဦးခေါင်းကျည်ထိမှန် ဒဏ်ရာနဲ့ ကျဆုံးခဲ့တယ်လို့ သိရပါတယ်။
Read More

စစ်ကောင်စီတပ် ကြေညာခဲ့သည့် အပစ်ရပ် ရက် (၂၀) ပြည့်နေ့မှာ နောင်ချိုကို ဂျက်ဖိုက်တာဖြင့် ဗုံး (၂)လုံး လာရောက်ကြဲချတိုက်ခိုက်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်၊ အုမ္မတီးကျေးရွာကို အကြမ်းဖက်စစ်ကောင်စီတပ်က အပစ်ရပ် ရက် (၂၀) ပြည့်နေ့မှာ ဂျက်ဖိုက်တာနဲ့ ဗုံး (၂)လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေဟာ MNDAA ရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းတွေကို ထိခိုက်စေတယ်လို့ ဆို

စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေဟာ MNDAA ရဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေကို နှောင့်နှေးစေတယ်လို့ ကိုးကန့်တပ်မတော် MNDAA က အသိပေးထုတ်ပြန်လိုက်ပါတယ်။ MNDAA ထိန်းချုပ်ထားတဲ့ ဒေသတွေကို စစ်ကောင်စီက မကြာခဏ ဗုံးကြဲတိုက်ခိုက်နေမှုကြောင့် ငြိမ်းချမ်းရေး လုပ်ငန်းစဥ်မြှင့်တင်ရေး ဆောင်ရွက်နေသူတွေရဲ့ ကြိုးပမ်းမှုကို ထိခိုက်စေတယ်လို့ ကိုးကန့်တပ်မတော်က အသိပေးကြေညာလိုက်ပါတယ်။
Read More

ပေါက်မြို့နယ်အတွင်း ကပစ ၂၂ ကနေ စစ်ကြောင်းထိုးလာသည့် စစ်ကြောင်းမှ စစ်သား ၃ ဦးကို ဖမ်းမိ

မကွေးတိုင်း၊ ပေါက်မြို့နယ်အတွင်း ကပစ ၂၂ ကနေ စစ်ကြောင်းထိုးလာတဲ့ စစ်အုပ်စုထဲက အကြမ်းဖက်စစ်သား ၃ ယောက်ကို ဖမ်းမိခဲ့တယ်လို့ Young Revolution Front အဖွဲ့ထံက သိရပါတယ်။
Read More

တိုင်းပြည် အရေးပေါ်အခြေအနေနဲ့ ကြုံတိုင်း စစ်တပ်က ကယ်တင်နိုင်ခဲ့တယ်လို့ အာဏာသိမ်းစစ်တပ် ဒုခေါင်းဆောင် စိုးဝင်း ပြော

တိုင်းပြည်မှာ အရေးပေါ်အခြေအနေနဲ့ ကြုံတိုင်း နိုင်ငံမပြိုကွဲရအောင် တပ်မတော်က ကယ်တင်နိုင်ခဲ့တယ်လို့ အကြမ်းဖက်စစ်တပ်ရဲ့ ဒုတိယ ခေါင်းဆောင် စိုးဝင်းက ပြောကြားလိုက်ပါတယ်။
Read More

နမခအတွင်းက တိုင်းစစ်ရုံးနှင့် ရဟတ်ယာဉ်ကွင်းတို့ကို ရှော့တိုက်ဒုံး ၂လုံးဖြင့် အောင်မြင်စွာ ပစ်ခတ်နိုင်ခဲ့

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ အနောက်မြောက်တိုင်း စစ်ဌာနချုပ် (နမခ) အတွင်းကို ၁၀၇ မမ ရှော့တိုက်ဒုံး ၂ လုံး အောင်မြင်စွာ ပစ်ခတ်တိုက်ခိုက်နိုင်ခဲ့တယ်လို့ Brave Warriors for Myanmar (BWM) က သတင်းထုတ်ပြန်ထားပါတယ်။