ရွှေတူးဖော်မှုကြောင့် ကော့မြစ် (နမ့်ခုတ်မြစ်) ရေ ညစ်ညမ်းမှုတွေ ရှိနေပေမယ့် ဝတပ်က တရုတ်တွေကို ရွှေတူးခွင့်တွေ ဆက်လက်တိုးချဲ့ ချထားပေးနေကြောင်း၊ ပိုင်ခမ်းရွာအနီးမှာ နေရာသစ်တွေရှာဖို့ ဒေသခံတွေကို ငှားရမ်းနေကြောင်း ရှမ်းပြည်နယ်၊ ကော့မြစ် (နမ့်ခုတ်မြစ်)အနီးက ဒေသခံကို ကိုးကားပြီး CTN သတင်းက ဖော်ပြပါတယ်။

“အာဆင်းနစ်လို အန္တရာယ်ရှိဓာတုပစ္စည်းတွေ ကော့မြစ်ထဲမှာ တွေ့တယ်ဆိုတာ တရုတ် သတ္တုတူးဖော်ရေး လုပ်ငန်းတွေရော၊ ဝ စစ်သားတွေရော သိကြတယ်၊ ဒါပေမယ့် သူတို့မရပ်ဘူး။ ပိုတိုးပြီးလုပ်နေကြတယ်။ အခုတော့ ရွှေတူးတဲ့ သောင်တူးလှေတွေဆိုရင် လူတချို့က ဓာတ်ပုံရိုက်ပြီး လူသိရှင်ကြား မျှဝေကြလို့ ပိုပြီး သိုဝှက်တဲ့နေရာတွေကို ရွှေ့ပြောင်းနေကြတယ်” လို့ အဆိုပါ ဒေသခံက ဆိုပါတယ်။ 

လက်ရှိမှာ အဓိကရွှေတူးဖော်တဲ့နေရာ ၃ ခုရှိနေကြောင်း၊ ကော့မြစ်ရေဟာ ရွှံ့ရေဖြစ်နေကြောင်း၊ ပိုင်ခမ်းနဲ့ ဘန်တကော့ကလူတွေလည်း မြစ်ထဲရေမကူးတော့ကြောင်း၊ မကြာသေးခင်ကလည်း ကလေး ၃ ယောက် ရေဆင်းဆော့ပြီးနောက် အရေပြားမှာ အနီကွက်တွေ ပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့ကြောင်း သူက ပြောပါသေးတယ်။ 

အဲဒီလိုဆိုးကျိုးတွေကို ဗမာတွေရော၊ တိုင်ယိုင်မိသားစုတွေရော ခံစားနေရပြီး ဝစစ်တပ်ကို ဒေါသထွက်နေကြပေမဲ့ ဘာမှမတတ်နိုင်ကြောင်း၊ ရွာသားတွေ ငါးဖမ်းထွက်တဲ့အခါ ငါးသေတွေ ခဏခဏတွေ့ရတတ်ပြီး ဘယ်သူမှ မစားရဲတော့ကြောင်း အဆိုပါ ဒေသခံက ရှင်းပြပါတယ်။ 

(ဓာတ်ပုံ CTN News)

မယ်ဖလောင်တက္ကသိုလ်၊ Social Innovation Office က ဒေါက်တာ Suebsakul Kittinukorn က ချင်းရိုင်မှာရှိတဲ့ တက္ကသိုလ် (၃) ခုအနေနဲ့ ဒေသန္တရ ရေအရည်အသွေးစောင့်ကြည့်ရေး စင်တာတစ်ခု တည်ထောင်ရတော့မှာဖြစ်ကြောင်း ပြောဆိုပါတယ်။ 

“ချင်းရိုင်က တက္ကသိုလ်တွေအားလုံး ပူးပေါင်းပြီး ရေ(အရည်အသွေး)စောင့်ကြည့်ရေးစင်တာတစ်ခု လုပ်စေချင်ပါတယ်။ ရေ၊ မြေဆီလွှာ၊ ရေနေသတ္တဝါတွေ၊ လယ်မြေ၊ ဘုံဘိုင်ရေ၊ မြေအောက်ရေနဲ့ သီးနှံစိုက်ခင်းတွေထဲ သတ္တုပါဝင်မှုကို စမ်းသပ်ဖို့ သင့်လျော်တဲ့ သိပ္ပံဓာတ်ခွဲခန်းတစ်ခုလည်း လိုပါတယ်” လို့ သူက ဆိုပါတယ်။ 

သတ္တုပျော်ဝင်မှုက နှစ်ဆယ်ချီ ကြာအောင် ဖြစ်နိုင်တာကြောင့် အခုလို စမ်းသပ်မှုတွေကို ရေရှည်လုပ်သင့်ကြောင်း၊ ရေထုညစ်ညမ်းမှုနဲ့ပတ်သက်တဲ့ အချက်အလက်တွေကို ဒေသခံတွေကိုလည်း အသိပေးရမှာဖြစ်ကြောင်း သူက ပြောပါတယ်။ 

ထိုင်း-မြန်မာနယ်စပ်အနီးက စိုင်မြစ်အထက်ပိုင်းကို သတင်းထောက်တွေသွားရောက်ပြီး ဒေသခံတွေနဲ့ စကားပြောကြည့်ရာမှာ ‘ဝ’တပ်ဖွဲ့ ထိန်းချုပ်မှုအောက်မှာ ရွှေတူးဖော်ရေးတွေ ဆက်လုပ်နေကြောင်း တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။ အချို့နေရာတွေမှာဆိုရင် မြစ်လယ်ခေါင်မှာ ရွှေတူးတာတွေလုပ်နေပြီး မိုင်းတွင်းနေရာကို ချဲ့ဖို့ မြေနေရာတွေ ပိုပြီး ရှင်းလင်းလာတယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။ 

မူရင်းသတင်း – Wa Army in Myanmar Expands Gold Mining Despite Kok River Pollution

0 Shares:
You May Also Like
Read More

ဖယ်ခုံအင်းအရှေ့ဘက်ကမ်း ကျေးရွာများရှိ နေအိမ်များကိုစစ်ကောင်စီနှင့် PNA ပြည်သူ့စစ်များ မီးရှို့ဖျက်ဆီးနေ

ရှမ်းပြည်နယ်တောင်ပိုင်းရှိ ဖယ်ခုံ - ညောင်ရွှေနယ်စပ် ဖယ်ခုံမြို့နယ်မှာ အကြမ်း ဖက်စစ်တပ်နဲ့ PNA ပြည်သူ့စစ်တို့က ပြည်သူနေအိမ်တွေကို မီးရှို့ဖျက်ဆီးနေတယ်လို့ အင်းလေးလူထုလှုပ်ရှားမှုက သတင်းထုတ်ပြန်ပါတယ်။
Read More

မိုးညိုမှာ စစ်ကောင်စီ ပေါ်တာဆွဲ ဖမ်းဆီးနေ၊ လူငယ် ၃၀ နီးပါး ဖမ်းခံထားရ

ပဲခူးတိုင်း၊ မိုးညိုမြို့မှာ စစ်ကောင်စီက လူငယ်တွေကို ပေါ်တာဆွဲ ဖမ်းဆီးမှုတွေ လုပ်ဆောင်နေပြီး လူငယ် ၃၀ နီးပါး ဖမ်းဆီးခံထားရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။ 
Read More

ဗမာ့တပ်တော်ရဲ့ စိုးမိုးနယ်မြေအတွင်း စစ်ရှောင်ပြည်သူများနှင့် ကျေးရွာနေပြည်သူများကို ကျန်းမာရေးစောင့်ရှောက်မှု ပြုလုပ် (ဓာတ်ပုံသတင်း)

ဗမာ့တပ်တော်ရဲ့ စိုးမိုးနယ်မြေတစ်နေရာအတွင်း ဗမာ့တပ်တော်နဲ့ ပေါက်တောင်ပိုင်း သူနာပြုနဲ့ ကျန်းမာရေးတပ်ဖွဲ့တို့ ပူးပေါင်းပြီး စစ်ရှောင်ပြည်သူတွေနဲ့ ကျေးရွာနေပြည်သူတွေကို ကျန်းမာရေးစောင့်ရှောက်မှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

နှမ်းခါးရွာ လေကြောင်းတိုက်ခိုက်ခံရမှုအတွက် တရားမျှတမှုရှိအောင် လုပ်ဆောင်မည်ဟု NUG အသိပေး

ကျန်းမာရေးဝန်ထမ်းတွေနဲ့ အရပ်သားတွေ သေဆုံးခဲ့ရတဲ့ နှမ်းခါးရွာ လေကြောင်းတိုက်ခိုက်ခံရမှုအတွက် တရားမျှတမှုရရှိအောင် လုပ်ဆောင်မယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်ပါတယ်။
Read More

Yangon Federal Army က တပ်သားသစ်တွေ ခေါ်ယူနေ

စစ်ကောင်စီကို တွန်းလှန်တိုက်ခိုက်လိုတဲ့ လူငယ်တွေအတွက် အခွင့်အရေးအဖြစ် Yangon Federal Army က တပ်သားသစ်တွေ ခေါ်ယူနေတယ်လို့ ဒီနေ့နိုဝင်ဘာလ ၁၅ ရက်နေ့မှာ အသိပေးထုတ်ပြန်ပါတယ်။
Read More

မင်းတပ်မှာ ထိတွေ့တိုက်ပွဲတွေ ဖြစ်နေပြီး စစ်ကောင်စီ လေကြောင်းက ဆက်တိုက် ဗုံးကြဲနေ

ချင်းပြည်နယ်၊ မင်းတပ်မြို့မှာ အကြမ်းဖက်စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်တွေကြား ထိတွေ့တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီက လေကြောင်းအဆက်မပြတ် အသုံးပြုနေကြောင်း မင်းတပ်မြို့နယ်၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူ ဆလိုင်းယောမန်ထံက သိရပါတယ်။