ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်နဲ့ မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်တွေမှာ စစ်ကောင်စီတပ် တိုက်လေယာဉ်နဲ့ ပေါင် (၅၀၀)ဗုံး ကြဲချတိုက်ခိုက်ခဲ့ရာ နေအိမ် (၇) လုံး ပျက်စီးဆုံးရှုံးခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ဒီနေ့ ထုတ်ပြန်ပါတယ်။

မေလ (၁၃)ရက် မနေ့က ညပိုင်းမှာ အကြမ်းဖက်စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ နောင်ချိုမြို့နယ်၊ နယ်မြေ(၁၀) စျေးရပ်ကွက်ကို တိုက်ပွဲမဖြစ်ပွားဘဲ ပေါင် (၅၀၀) ဗုံးတစ်လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့ရာ နေအိမ် (၇)လုံး ထိမှန်ပျက်စီး ဆုံးရှုံးခဲ့တယ်လို့ ဆိုပါတယ်။

မိုးကုတ်မြို့နယ်၊ ရွှေလိပ်ပြာအနီးတစ်ဝိုက်ကိုလည်း မနေ့က ညပိုင်းမှာ စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ (၁)ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ TNLA က ဆိုပါတယ်။

ပြီးခဲ့တဲ့ မေလ (၁၂)ရက်၊ ညပိုင်းက မန်တုံမြို့ ကို စစ်ကောင်စီတပ် ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပြည်သူ (၁) ယောက် သေဆုံးပြီး (၃) ယောက် ထိခိုက်ဒဏ်ရာရရှိကာ ပြည်သူနေအိမ် (၂၇)လုံး ဗုံးစထိမှန်ပျက်စီးသွားခဲ့သလို မိုင်းငေါ့မြို့၊ တာလုံရပ်ကွက်ရှိ စာသင်ကျောင်းအနီးကိုလည်း စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ (၂)ကြိမ် ဗုံး(၄)လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့တယ်လို့ TNLA ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ပြည်သူတွေအနေနဲ့လည်း အကြမ်းဖက်စစ်ကောင်စီတပ်က အပစ်ရပ်သက်တမ်း (၁)လတိုးထားပေမယ့် နေ့စဉ်ဗုံးကြဲတိုက်ခိုက်နေတာကြောင့် စစ်ကောင်စီတပ်ရဲ့ လေကြောင်း၊ ဒရုန်း၊ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုရန်က ရှောင်ရှားနိုင်အောင် စစ်ရေးသတိအမြဲရှိဖို့ လိုအပ်ကြောင်း TNLA က အသိပေးထုတ်ပြန်ထားပါတယ်။
0 Shares:
You May Also Like
Read More

Non CDM တွေကို ဌာနလုံခြုံရေး လုပ်ဖို့ဆိုပြီး တစ်ဌာန ၅ ယောက်စီ စစ်သင်တန်း တက်ခိုင်းနေ

ဧရာဝတီတိုင်း ကျုံပျော်မြို့နယ်မှာ စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာဝန်ထမ်းတွေကို ဌာနလုံခြုံရေးအတွက်ဆိုပြီး စစ်သင်တန်း တက်ရောက်ခိုင်းနေတယ်လို့ သိရပါတယ်။
Read More

သံဖြူဇရပ်-ရေးအမြန်လမ်းတွင် ရွေးကောက်ပွဲ သင်တန်းတက်မည့် Non-CDM ပညာရေးဝန်ထမ်းများကို ဖမ်းမိ၊ ခံဝန်ကတိ လက်မှတ်ထိုးခိုင်းကာ ပြန်လွှတ်ပေးခဲ့

မွန်ပြည်နယ်၊ သံဖြူဇရပ်-ရေး အမြန်လမ်းမှာ တော်လှန်ရေးတပ်တွေ လုံခြုံရေးယူနေချိန် စစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲအတွက် သင်တန်းတက်မယ့် Non-CDM ပညာရေးဝန်ထမ်းတွေကို ဖမ်းဆီးရမိခဲ့တယ်လို့ မွန်ပြည်တော်လှန်ရေးတပ် (MSRF) က သတင်းထုတ်ပြန်ပါတယ်။ 
Read More

ဧရာဝတီတိုင်း မြို့နယ်တချို့မှာ စစ်မှုထမ်းထောက်ပံ့ကြေး ကောက်ခံတယ်ဆိုတဲ့ သတင်းတွေ ထွက်လာပြီးနောက် ကောက်ထားတဲ့ငွေတွေ တစ်အိမ်တက် တစ်အိမ်ဆင်း ပြန်ပေးနေ

ဧရာဝတီတိုင်းအတွင်းက မြို့နယ်တွေမှာ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးတွေက စစ်မှုထမ်း ထောက်ပံ့ကြေးဆိုပြီး ပိုက်ဆံကောက်ခံနေတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာပြီးတဲ့နောက် ကောက်ခံထားတဲ့ ငွေတွေကို တစ်အိမ်တက် တစ်အိမ်ဆင်း ပြန်ပေးနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

ကရင်နီမှာ လူသားချင်းစာနာထောက်ထားမှု အကူအညီတွေ မရောက်အောင် စစ်ကောင်စီ ကန့်သတ်ထိန်းချုပ်နေ

ကရင်နီဒေသထဲကို လူသားချင်းစာနာထောက်ထားမှုအကူအညီများ မရောက်ရှိအောင် စစ်ကောင်စီက လုပ်ဆောင်နေကြောင်း  ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ IECက ဒီနေ့ အောက်တိုဘာ ၂၈ ရက်မှာ ထုတ်ပြန်ပါတယ်။
Read More

အင်းစိန် စီအိုင်ဒီရုံးကို အဝေးထိန်းမိုင်း​​​​​ဖြင့် ဖောက်ခွဲတိုက်ခိုက်

ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်က အမှတ် (၂) မှုခင်းရဲတပ်ဖွဲ့ (CID) ရုံးကို ပြင်းအားမြင့်အဝေးထိန်းမိုင်းနဲ့ ဖောက်ခွဲတိုက်ခိုက်မှုမှာ လုံခြုံရေးယူနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ထိခိုက်သွားခဲ့ကြောင်း R.U.C စစ်ကြောင်း တာဝန်ခံ ကိုရဲခေါင်က မောင်းကို ပြောပါတယ်။
Read More

ရေမလုံလောက်မှုကြောင့် အိုးဘိုထောင်က အကျဉ်းကျခံထားရသူများ အရေပြားရောဂါ ဆိုးဝါးစွာခံစားနေရ

မန္တလေးမြို့က အိုးဘိုအကျဉ်းထောင်မှာ ရေလုံလောက်မှု မရှိတာကြောင့် ထောင်အတွင်းက အကျဉ်းသား၊ အကျဉ်းသူတွေဟာ ယားနာဖြစ်ပွားပြီး အရေပြားရေးဂါကို ဆိုးဝါးစွာ ခံစားနေရတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ အကျဉ်းသားများကွန်ရက် (PPNM) ကနေ သတင်းထုတ်ပြန်ထားပါတယ်။