အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်း ဦးဆောင်တဲ့ တာဝန်ရှိသူတွေက ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ရန်ကုန်တိုင်းစစ်ဌာန၊ ဗျူဟာစစ်ကြောင်း (၁) က ပြည်သူ့ကာကွယ်ရေး ရဲဘော်တွေကို စစ်ဘက်ဆိုင်ရာကျင့်ဝတ်(Military Code of Conduct) သင်တန်းကို မေလ (၁၀) ရက်က ပို့ချခဲ့တယ်လို့ မနေ့က ထုတ်ပြန်ပါတယ်။

အဆိုပါသင်တန်းမှာ လူ့အခွင့်အရေးဆိုင်ရာအခြေခံအသိပညာတွေနဲ့ စစ်ဘက်ဆိုင်ရာ ကျင့်ဝတ်တွေ၊ နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုဥပဒေ (International Humanitarian Law)၊ ဂျီနီဗာသဘောတူစာချုပ်(Geneva Convention) တို့ အပေါ်အခြေခံပြီး အရပ်သားပြည်သူတွေအပေါ် ကာကွယ်စောင့်ရှောက်ခြင်း၊ စစ်ရေးပစ်မှတ်သတ်မှတ်ခြင်းတို့အပါအဝင် NUG အစိုးရက ပြဌာန်းထားတဲ့ စစ်ဘက်ဆိုင်ရာကျင့်ဝတ်တွေ (COC) စတာတွေကို ရှင်းလင်းပို့ချခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် တက်ရောက်လာတဲ့ ပြည်သူ့ ကာကွယ်ရေးရဲဘော်တွေကလည်း သိရှိလိုတဲ့ အကြောင်းအရာတွေကို မေးမြန်းခဲ့ပြီး အပြန်အလှန်ဆွေးနွေးဖလှယ်ကာ ရှင်းလင်းပြောကြားမှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

ပုံစာ – ရန်ကုန်တိုင်းစစ်ဌာန လက်အောက်ရှိ ပြည်သူ့ကာကွယ်ရေးရဲဘော်များ
0 Shares:
You May Also Like
Read More

ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး၏ အခြေခံစစ်ပညာသင်တန်း အပါတ်စဥ်(၄) ကျမ်းသစ္စာကျိန်ဆိုခြင်းနှင့် သင်တန်းဆင်းပွဲ အခမ်းအနား

ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး (BLDF) က ပြုလုပ်တဲ့ အခြေခံစစ်ပညာသင်တန်း၊ အပါတ်စဥ်(၄)  ကျမ်းသစ္စာကျိန်ဆိုခြင်းနဲ့ သင်တန်းဆင်းပွဲ အခမ်းအနားကို ဇူလိုင်လ ၅ ရက် မနေ့က အညာဒေသ တစ်နေရာမှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

စစ်ကောင်စီတပ်က တိုက်ပွဲမဖြစ်ပွားဘဲ ဒေါနတပ်ရင်း စိုးမိုးနယ်မြေက လူနေကျေးရွာကို လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်

မွန်ပြည်နယ်၊ ရေးမြို့အခြေစိုက် စကခ (၁၉) လက်အောက်ခံ ခလရ (၆၁) က နိုဝင်ဘာလ ၁၂ ရက် မနက်ပိုင်းမှာ တိုက်ပွဲမဖြစ်ပွားဘဲ ဒေါနတပ်ရင်း စိုးမိုးနယ်မြေကို လက်နက်ကြီး ပစ်ခတ်ခဲ့ရာ ကျေးရွာတစ်ရွာရဲ့ စာသင်ကျောင်းအတွင်း ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ဒေါနတပ်ရင်းက ထုတ်ပြန်ထားပါတယ်။
Read More

အာဂျင်တီးနားတရားရုံးရဲ့ ဖမ်းဝရမ်းကို ကြိုဆိုကြောင်းနဲ့ ကျူးလွန်ပတ်သက်သူတွေကို အမြန်ဆုံးဖမ်းဆီးမိန့်ထုတ်ပြန်ဖို့ Defend Myanmar Democracy အဖွဲ့တောင်းဆို

အာဂျင်တီးနား ဖက်ဒရယ် ရာဇဝတ်တရားရုံးက ရိုဟင်ဂျာတွေကို လူမျိုးတုန်းသတ်ဖြတ်မှုနဲ့  အာဏာသိမ်းစစ်ခေါင်းဆောင် အပါအ၀င်  ၂၅ဦးကို  ဖမ်းဆီးမိန့်ထုတ်ပြန်နိုင်ရေး အမြန်ဆုံးလုပ်ဆောင်ဖို့  Defend Myanmar Democracyအဖွဲ့က ဒီနေ့ ဖေဖော်ဝါရီလ ၂၆ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
Read More

ညောင်ကျိုးစခန်း ကို သိမ်းပိုက်ခဲ့အပြီး ကပစ စက်ရုံတွေကို အနီးကပ်ခြိမ်းခြောက်လာပြီဖြစ်တဲ့ AA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေရဲ့ ထိုးစစ်

အာရက္ခတပ်တော် (AA) နဲ့ ပူးပေါင်းတပ်ဖွဲ့ဝင်တွေဟာ ရခိုင်ပြည်နယ်နဲ့ ပဲခူးရိုးမအစပ်ကြားက ပန်းတောင်းမြို့နယ်၊ ညောင်ကျိုး စစ်တပ်စခန်းကို ပြီးခဲတဲ့ မတ်လ ၁၄ ရက်နေ့မှာ သိမ်းပိုက်နိုင်ခဲ့ပြီလို့ သိရပါတယ်။
Read More

မြို့ပေါင်း ၆၁ မြို့တွင် စစ်ရေးလှုပ်ရှားနေသည့် တော်လှန်ရေးတပ်ဖွဲ့ ၂၃ ဖွဲ့ကို AA ထောက်ပံ့ပေးထား၊ ၈ ဖွဲ့ဟာ AA နှင့် ပူးပေါင်းစစ်ရေးလှုပ်ရှားလျက်ရှိဟု ISP-Myanmar ထုတ်ပြန်

နိုင်ငံတစ်ဝန်း မြို့ပေါင်း ၆၁ မြို့က တော်လှန်ရေးတပ်ဖွဲ့ ၂၃ ဖွဲ့ကို အာရက္ခတပ်တော် (AA) က ထောက်ပံ့ပေးထားပြီး အဲ့ဒီထဲက ၈ ဖွဲ့ဟာ AA နဲ့အတူ ပူးပေါင်းစစ်ရေးလှုပ်ရှားမှုတွေ ပြုလုပ်နေတယ်လို့ မြန်မာ့မဟာ ဗျူဟာနှင့် မူဝါဒလေ့လာရေးအင်စတီကျူး (ISP-Myanmar) က ထုတ်ပြန်ထားပါတယ်။
Read More

ပုလဲမြို့နယ်တွင် စစ်ကောင်စီ၏ ဂျက်ဖိုက်တာကို ပစ်ချခဲ့ကြောင်း ပြည်သူ့လွတ်မြောက်ရေးတပ်မတော် တရားဝင်ထုတ်ပြန်

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ကန့်ဒေါင့်စခန်းသိမ်း တိုက်ပွဲမှာ ​အကြမ်းဖက်စစ်ကောင်စီရဲ့ ဂျက်ဖိုက်တာ ၁ စီးကို ပစ်ချနိုင်ခဲ့တယ်လို့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် - PLA က တရားဝင်ထုတ်ပြန်လာပါတယ်။