ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်အပိုင်၊ စိန်ကန့်လန့်-မြို့ချောင်း ရိုးမဖြတ်ကျော်လမ်းဘေးက ဟိုင်းယုလမ်းဆုံရှိ စစ်ကောင်စီတပ်စခန်းကို တော်လှန်ရေးတပ်တွေ ဝင်ရောက်ကာ ရှင်းလင်းရေးပြုလုပ်နိုင်ခဲ့တယ်လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၅ က သတင်းထုတ်ပြန်ပါတယ်။

မနေ့က မေလ ၁၁ ရက် နေ့လယ် ၁၂ နာရီအချိန်မှာ အဆိုပါ စခန်းကို တော်လှန်ရေးတပ်တွေက သွားရောက်တိုက်ခိုက်ရာ စခန်းသို့ ရောက်ရှိချိန် စစ်ကောင်စီတပ်သား‌တွေ ဆုတ်ခွာထွက်ပြေးသွားတယ်လို့ သိရပါတယ်။

“ကျနော်တို့ တော်လှန်ရေးတပ်ဖွဲ့တွေ ဝင်သိမ်းမယ်ဆိုတာကို သူတို့က သတင်းရသွားတော့ ဆုတ်ပြေးတာပေါ့နော်။ တကယ်တော့ ကျနော်တို့က အဲဒီသတင်းကိုရတာ နောက်ကျသွားတာ သူတို့က ခလရ ၁ ကို ဆုတ်သွားတာကို မသိလိုက်တာပေါ့နော်။ ကျနော်တို့က ဆော်မယ်ဆိုပြီး ရောက်သွားတော့ သူတို့က မရှိတော့ဘူး ဖြစ်သွားတာ။ ကျန်ခဲ့တဲ့ ၂-၃ ယောက်ကလည်း ထွက်ပြေးကုန်တယ်။ အခုတော့ ခလရ ၁မှာ ခံစစ်ပြင်နေကြတယ်” လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၅ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

အဆိုပါ ဟိုင်းယုလမ်းဆုံ ဂိတ်စခန်းနေရာဟာ အနီးအနားကျေးရွာတွေကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်နေတဲ့ ဂိတ်စခန်းလည်း ဖြစ်တယ်လို့ သူကဆိုပါတယ်။

တော်လှန်ရေးတပ်ဖွဲ့တွေကတော့ အဆိုပါ ဟိုင်းယုလမ်းဆုံဂိတ်စခန်းကို စစ်ကောင်စီတပ်တွေ ပြန်လည်နေထိုင်လို့ မရအောင် စခန်းတွင်း ဝင်ရောက်ကာ မီးရှို့ရှင်းလင်းတာတွေကို လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

အမ်းမြို့ကို လာတဲ့ စစ်ကောင်စီ ရဟတ်ယာဥ် အပြန်မှာ ပစ်ခတ်ခံရလို့ အရေးပေါ်ဆင်းသက်ခဲ့ရ

ရခိုင်ပြည်နယ်က အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) တည်ရှိရာ အမ်းမြို့ဆီ လာတဲ့ စစ်ကောင်စီ ရဟတ်ယာဉ်တစ်စီး ပစ်ခတ်ခံရပြီး မကွေးတိုင်းအတွင်း အရေးပေါ် ဆင်းသက်ခဲ့ရတယ်လို့ သိရပါတယ်။
Read More

ရေစကြိုတပ်ပေါင်းစုအတွက် အောင်ပန်းဝေစေရှင်မတောင်မြေကမ်ပိန်းမှ ရရှိသည့် ထောက်ပို့ငွေများဖြင့် ကျည်ကာဦးထုပ်၊ ကျည်ကာပြား၊ အီကွေ့မန့် ၊ ယူနီဖောင်းများ တပ်ဆင်…

ရေစကြိုတပ်ပေါင်းစုမှ ရဲဘော်တွေအတွက် အောင်ပန်းဝေစေရှင်မတောင်မြေ ကမ်ပိန်းကနေ ရရှိတဲ့ ထောက်ပို့ငွေတွေနဲ့ ကျည်ကာပြား၊ ကျည်ကာဦးထုပ်၊ အီကွေ့မန့်၊ ယူနီဖောင်း၊ ခါးပတ် နဲ့ ပွိုင့်ဖိနပ်တွေကို ဝယ်ယူအားဖြည့် တပ်ဆင်ပေးနိုင်ခဲ့တယ်လို့ ရေစကြိုတပ်ပေါင်းစုက ထုတ်ပြန်ထားပါတယ်။
Read More

ပခုက္ကူက စစ်သား၂ ယောက် Southern YSO PDF ထံ လက်နက်နဲ့တကွ တပြိုင်တည်းအလင်းဝင်

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်မှာ တာဝန်ကျနေတဲ့ စစ်ကောင်စီတပ်သား ၂ ယောက်ဟာ လက်နက်ကိုယ်စီနဲ့ တပြိုင်နက်တည်း အလင်းဝင်ရောက်လာတယ်လို့ Southern YSO PDF တာဝန်ခံ ကိုအောင်မောင်းက မောင်းကိုပြောပါတယ်။
Read More

လုံခြုံရေး စစ်ဆေးမှုလုပ်ဆောင်နေသည့် တော်ဝင်ဒေါင်းတပ်ရင်း အမျိုးသမီးစစ်သည်များ (ဓာတ်ပုံသတင်း)

အမျိုးသားညီညွတ်ရေးအစိုးရ NUG ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ တောင်ပိုင်းတိုင်းစစ်ဒေသ၊ တော်ဝင်ဒေါင်းတပ်ရင်းက အမျိုးသမီးစစ်သည်တချို့ရဲ့ လှုပ်ရှားမှုပုံရိပ်တွေကို အဆိုပါ စစ်ကြောင်းက ထုတ်ပြန်ဖော်ပြလာပါတယ်။
Read More

အကြမ်းဖက်စစ်ကော်မရှင်ရဲ့ အတုအယောင် ရွေးကောက်ပွဲဖြစ်မြောက်ရေး လုပ်ဆောင်ပေးနေသည့် ထွေအုပ်ရုံးများခပ်စိပ်စိပ်တိုက်ခိုက်ခံလာရ…

" ရွေးကောက်ပွဲဖြစ်မြောက်ဖို့ လုပ်နေတဲ့ နေရာတွေ အခုလထဲမှာ တိုက်ခိုက်ခံရတာတွေ ပိုဖြစ်လာတာ တွေ့ရပါတယ်။ နောက်ပြီး UG တွေရဲ့ မစ်ရှင်ထုတ်ပြန်ချက်တွေမှာလည်း စစ်တပ်ရဲ့ အတုအယောင် ရွေးကောက်ပွဲအတွက် ကြိုးပမ်းနေသူတွေကို ဆက်တိုက် တိုက်ခိုက်သွားမယ်လို့ ပြောထားကြတယ်” လို့ Rangoon Scout Network တာဝန်ရှိသူကမောင်းကိုပြောပါတယ်။
Read More

ကဘော်ချိုင့်ဝှမ်းဒေသကို မဏိပူရပြည်နယ်ထဲ ထည့်ဖို့ပြောကြားခြင်းဟာ နှစ်နိုင်ငံဆက်ဆံရေးကို ထိခိုက်စေသည်ဟု စစ်ကောင်စီ တုံ့ပြန်

မြန်မာ-အိန္ဒိယ နယ်စပ်ဒေသဖြစ်တဲ့ ကဘော်ချိုင့်ဝှမ်းဒေသကို မဏိပူရပြည်နယ်ထဲ ပြန်ထည့်ဖို့  အိန္ဒိယ အထက်လွှတ်တော်မှာ တောင်းဆိုခဲ့မှုဟာ နှစ်နိုင်ငံဆက်ဆံရေးကို ထိခိုက်စေမှာဖြစ်ကြောင်း အာဏာသိမ်းစစ်ကောင်စီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောပါတယ်။