စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအနေနဲ့ လက်တစ်ဆုပ်စာ ဗိုလ်ချုပ်ကြီးတွေရဲ့ အကျိုးစီးပွားကို ကာကွယ်နေမယ့်အစား ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)တပ်ဖွဲ့ထံ အလင်းဝင်ကြဖို့ KNLA ဌာနချုပ်က သတိပေးတိုက်တွန်းလိုက်ပါတယ်။

လက်နက်ချအလင်းဝင်လာတဲ့ စစ်ကောင်စီတပ်သားတွေ ပါဝင်တဲ့ KNLA/GHQ ရဲ့ယမန်နေ့က ထုတ်ပြန်တဲ့ ထုတ်ပြန်ချက်ဓတ်ပုံအတွင်း၊ စစ်ကောင်စီတပ်သားတွေ အလင်းဝင်ရာမှာ ဆက်သွယ်ရမယ့် ဖုန်းနံပါတ်ကိုလည်း ထည့်သွင်းဖော်ပြထားပါတယ်။

အဆိုပါ အလင်းဝင်ဖို့ ဖိတ်ခေါ်တဲ့ ထုတ်ပြန်ချက်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များအနေဲ့ အလင်းဝင်ရောက်ရာမှာ ကျည်ဖြုတ်ထားတဲ့ သေနတ်ကို (သေနတ်ခေါင်းကို မြေကြီးအောက်ချပြီး) နောက်ကျောမှာလွယ်ကာ လက်ဗလာနဲ့ ရောက်ရှိနေတဲ့နေရာမှ နေရပ်စွန့်ခွာပြီး ရှေ့တန်းရှိ (KNLA) တပ်ဖွဲ့ထံ တစ်ဦးချင်းဖြစ်စေ အစုအဖွဲ့နဲ့ဖြစ်စေ အရောက်လာကြဖို့ တိုက်တွန်းကြောင်း ဖော်ပြပါရှိပါတယ်။

စစ်ကောင်စီတပ်သားများ အထူးသဖြင့် အောင်ဇေယျ စစ်ဆင်ရေးမှာ အလဟသ အသက်စတေးဖို့ ပို့ဆောင်ခံနေရတဲ့ တပ်သားတွေအနေနဲ့ နိုင်ငံတကာ ဥပဒေစံနှုန်းနဲ့အညီ အသက်ရှင်ခွင့်ရလိုပါက KNLA ထံ လာရောက်အလင်းဝင်ကြဖို့ကိုလည်း သတိပေးတိုက်တွန်းထားခြင်းဖြစ်ပါတယ်။

(ဓာတ်ပုံ KNLA GHQ)

0 Shares:
You May Also Like
Read More

ညောင်ကုန်းရဲစခန်းအနီးမှာ ဆက်ကြေးကောက်နေတဲ့ စစ်ကောင်စီတပ် အရာခံဗိုလ်အပါ ၄ ဦးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပစ်ခတ်ရှင်းလင်း

" ရဲစခန်းအနီးကဂိတ်ကို လမ်းကြောင်းခြေနေ အသေးစိပ်စောင့်ကြည့်လေ့လာပြီး အသာစီးရယူလုပ်ဆောင်ခဲ့တာမို့ ၃မိနစ်နဲ့ အမြန်ဆုံးအောင်မြင်အောင် ဆောင်ရွက်နိုင်ခဲ့ပါတယ်၊ သူတို့က ခရီးသွားပြည်သူဆီက ကောက်နေတာ ပြည်သူတိုင်းအသိပါ" လို့ Aung San's Land Natmauk အောင်ဆန်းမြေတပ်ဖွဲ့မှ တာဝန်ရှိသူက မောင်းကို ပြောခဲ့ပါတယ်။
Read More

၃၁ ဦး သေဆုံးထားသည့် လက်ပံလှကျေးရွာကို စစ်ကောင်စီ ထပ်မံ လေကြောင်းတိုက်ခိုက်၊ အရပ်သား ၃ ဦးသေဆုံးပြီး ၅ ဦး ဒဏ်ရာရ

မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်၊ လက်ပံလှကျေးရွာကို အကြမ်းဖက်စစ်ကောင်စီက လေကြောင်းကနေ ထပ်မံဗုံးကြဲတိုက်ခိုက်ရာ အရပ်သား အမျိုးသမီး ၃ ယောက် သေဆုံးပြီး ၅ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က ဒီနေ့မှာ တရားဝင် ထုတ်ပြန်ပါတယ်။
Read More

ရွှေဘိုခရိုင် အမှတ် (၂၆) တပ်ရင်းမှ ရဲဘော် ချက်ပြား ကျဆုံး

အမှတ် (၁) စစ်ဒေသ၊ ရွှေဘိုခရိုင်၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် ၂၆ တပ်ရင်းက ကျဆုံး ရဲဘော် ချက်ပြား (ခေါ်) ပြည့်ဖြိုးကျော်အတွက် အမိန့်ပြန်တမ်း ထုတ်ပြန်လိုက်ပါတယ်။
Read More

မြိုင်မြိို့နယ်လင်းကတောနယ်မြေရဲစခန်း စခန်းသိမ်းတိုက်ပွဲဆင်နွှဲချိန် အသက်ပေးလှူခဲ့ရတဲ့ ရဲဘော်တွေရဲ့ တစ်နှစ်ပြည့် အမှတ်ရဖွယ် အခမ်းအနား… (ဓာတ်ပုံသတင်း)

ပြည့်သူကာကွယ်ရေးတပ်ဖွဲ့ - ရေစကြိုမြို့နယ် (ပ.က.ဖ) မှာ တာဝန်ထမ်းဆောင်ခဲ့ကာ မြိုင်မြိို့နယ်လင်းကတောနယ်မြေရဲစခန်း စခန်းသိမ်းတိုက်ပွဲဆင်နွှဲချိန် အသက်ပေးလှူခဲ့ရတဲ့ ရဲဘော်တွေရဲ့ တစ်နှစ်ပြည့် အမှတ်ရဖွယ် အခမ်းအနားကို ပြုလုပ်ခဲ့တယ်လို့ ရေစကြိုမြို့နယ် (ပ.က.ဖ) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

နိုင်ငံတစ်ဝန်းက မြို့ပေါင်း ၂၃၀ ကျော်မှာ တိုက်ပွဲတွေဖြစ်ပွားနေ

နိုင်ငံတစ်ဝန်းက မြို့ပေါင်း ၂၃၀ ကျော် ၇၀ ရာခိုင်နှုန်းမှာ တိုက်ပွဲတွေ ဖြစ်ပွားနေပြီး စစ်ကောင်စီဘက်က ထိန်းချုပ်နိုင်စွမ်း မရှိတော့ဘူးလို့ မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျု (ISP-Myanmar) ရဲ့ စစ်တမ်းမှာ ဖော်ပြလာပါတယ်။
Read More

အကြမ်းဖက်စစ်အုပ်စုက စစ်ကြောင်းထိုးလာတာကြောင့် မုံရွာ-ကျောက္ကာ-အရာတော် လမ်းပိုင်းကို ယာယီပိတ်ထား

မုံရွာ-ကျောက္ကာ-အရာတော်လမ်းပိုင်း နဲ့ ကျောက္ကာ- ဗော်ဓိတထောင်လမ်းပိုင်းတွေမှာ အကြမ်းဖက်စစ်အုပ်စုက စစ်ကြောင်းထိုးလာတဲ့အတွက် အဆိုပါလမ်းပိုင်းတွေကို ယာယီပိတ်ထားတယ်လို့ မုံရွာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဆီက သိရပါတယ်။