ဟန်ပြ အပစ်ရပ်သက်တမ်း ၁ လ တိုးထားတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်က နောင်ချိုမြို့နယ်အတွင်း မြေပြင်ထိုးစစ်ဆင်ခြင်း၊ လက်နက်ကြီးပစ်ခတ်ခြင်း၊ ဒရုန်း၊ လေကြောင်းနဲ့ နေ့စဉ်အသုံးပြုတိုက်ခိုက်ခြင်းတွေ နေ့စဥ် ပြုလုပ်နေတယ်လို့ တအာင်းတပ်မတော် TNLA က ဒီနေ့ မနက်ပိုင်းမှာ ထုတ်ပြန်ပါတယ်။

မေလ (၉)ရက် မနေ့က မနက်ပိုင်းမှာ စစ်ကောင်စီတပ်က TNLA ရှိရာ နောင်ချိုမြို့နယ်၊ သရက်ချိုရွာအနီးတဝိုက် ထိုးစစ်ဆင်လာတာကြောင့် တိုက်ပွဲဖြစ်ပွါးခဲ့ပြီး စစ်ကောင်စီတပ် အမတ (၉၀၂) က နေ့လယ်ပိုင်းမှာ ဒရုန်းနဲ့ ဗုံး(၅)လုံး၊ လက်နက်ကြီးနဲ့ (၁၀)ကြိမ် တိုက်ပွဲဖြစ်ပွားရာ သရက်ချိုရွာကို ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

မေလ (၉) ရက် မနေ့က နေ့လယ်ပိုင်းမှာလည်း စစ်ကောင်စီတပ်နဲ့ TNLA တပ်တို့ နောင်လင်ကျေးရွာအနီးတဝိုက် တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီတပ်က ဒရုန်းနဲ့ ဗုံး(၈)လုံး၊ လက်နက်ကြီးနဲ့ (၇)ကြိမ် တိုက်ပွဲဖြစ်ပွားရာ နောင်လင်ကျေးရွာကို ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် မေလ(၉)ရက် မနက်ပိုင်းမှာပဲ စစ်ကောင်စီတပ် အမတ (၉၀၂) က ဒရုန်းနဲ့ ဗုံး(၂)လုံး၊ အဆိပ်ငွေ့ဗုံးနဲ့ (၁၁)ကြိမ် ယာပြင်ကျေးရွာကို လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ TNLA က ဆိုပါတယ်။

စစ်ကောင်စီတပ်က တဲခေါ်ရွာကနေ မနေ့က နေ့လယ်ပိုင်းမှာ ဒရုန်းနဲ့ ဗုံး(၉)လုံး၊ အဆိပ်ငွေ့ဗုံး (၄)လုံးကို အုမ္မတီးကျေးရွာမှာ လာရောက်ကြဲချခဲ့သလို PSLF/TNLA တည်ရှိရာ တောင်လှကျေးရွာကိုလည်း လက်နက်ကြီးနဲ့ (၁၈)ကြိမ်၊ အဆိပ်ငွေ့ဗုံးနဲ့ (၆)ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။
0 Shares:
You May Also Like
Read More

စစ်အုပ်စု၏ နိုင်ငံတော်အဆင့် အောင်ဇေယျစစ်ကြောင်းကို ရက်ပေါင်း ၅၀၀ ကျော် ခုခံတိုက်ခိုက်ခဲ့သည့် တော်လှန်ရေးရဲဘော်များကို KNLA ဌာနချုပ် ဂုဏ်ပြုမှတ်တမ်းတင်ကြောင်း ထုတ်ပြန်

အကြမ်းဖက် စစ်အုပ်စုရဲ့ သာလွန် လက်နက်နဲ့ သာလွန် လူအင်အားများစွာ ပါဝင်တဲ့ နိုင်ငံတော်အဆင့် အောင်ဇေယျစစ်ကြောင်းကို ရက်ပေါင်း ၅၀၀ ကျော် ခုခံတိုက်ခိုက်ခဲ့တဲ့ တော်လှန်ရေးရဲဘော်တွေကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ဌာနချုပ်က ဂုဏ်ပြုမှတ်တမ်းတင်ကြောင်း ထုတ်ပြန်ထားပါတယ်။
Read More

လောင်းလုံးမှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီစစ်ကြောင်းကို ၂ ကြိမ် မိုင်းဆွဲတိုက်ခိုက်၊ စစ်ကောင်စီတပ်သား ၁ ယောက် သေပြီး ၅ ယောက် ဒဏ်ရာရ

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်အတွင်း စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်ကောင်စီ စစ်ကြောင်းကို ၂ ကြိမ် မိုင်းဆွဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်က ၁ ယောက် သေပြီး ၅ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (LLPDF) က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

နတ်ရေကန်ဗျူဟာစခန်းမှ ထွက်ပြေးနေသည့် စစ်ကော်မရှင်တပ်သားများ ဆက်တိုက်ဆိုသလို ဖမ်းဆီးရမိဟု AA ထုတ်ပြန်၊ အလင်းဝင်လက်နက်ချသူများလည်း ရှိဟု ဆို

မကွေးတိုင်း၊ ငဖဲမြို့နယ်၊ နတ်ရေကန်ဗျူဟာကုန်းကနေ ကစဥ့်ကလျား ထွက်ပြေးနေတဲ့ အကြမ်းဖက်စစ်ကော်မရှင်တပ်သားတွေကို ဆက်တိုက်ဆိုသလို ဖမ်းဆီးရမိတာတွေရှိပြီး အလင်းဝင် လက်နက်ချသူတွေလည်း ရှိတယ်လို့ အာရက္ခတပ်တော် AA က မနေ့က ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

ရှေ့တန်းမှ ပြန်လာသည့် 96 Soldiers – အညာ​တပ်ခွဲမှ ရဲဘော်များကို ပြည်သူတွေ ကြိုဆို… (ဓာတ်ပုံသတင်း)

ရှေ့တန်းစစ်ဆင်ရေးကနေ ပြန်လာတဲ့ 96 Soldiers - အညာ​တပ်ခွဲက ရဲဘော်တွေကို တပ်ဖွဲ့စိုးမိုးနယ်မြေအတွင်းရှိ ဒေသခံပြည်သူတွေ သောင်းသောင်းဖျဖျ ကြိုဆိုခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ထီးလင်းမြို့နယ်မှာ လူထုအသိပညာပေး လူ့အခွင့်အရေးဟောပြောပွဲ ပြုလုပ်…

မကွေးတိုင်း၊ ထီးလင်းမြို့နယ်ရှိ ကျေးရွာတစ်ခုမှာ ပြီးခဲ့တဲ့ ဩဂုတ်လက လူ့အခွင့်အရေးနဲ့ပတ်သက်တဲ့ အသိပညာပေးဟောပြောပွဲတစ်ခု ပြုလုပ်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

အုတ်ဖိုမှာ တော်လှန်ရဲဘော် ၁ ဦးရဲ့ အဖေကို စစ်ကောင်စီ သတ်ဖြတ်သွား

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ ဂွေချောင်းရွာက ပြည်သူ ၄ ယောက်ကို စစ်ကောင်စီတပ်တွေက အကြောင်းမဲ့ ဖမ်းဆီးခေါ်ဆောင်သွားပြီး အဲဒီထဲက ဦးသိန်းသန်းဌေး (၄၁) နှစ် ဆိုသူကို ရိုက်နှက်ကာ သတ်ဖြတ်သွားခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။