စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီရဲ့ စက်တပ်လေထီးနဲ့ ဗုံးသီးကြဲတိုက်ခိုက်မှုကြောင့် ရှင်ပြုအလှူလုပ်မယ့် မိသားစုထိခိုက်ကာ ၁၂နှစ်အရွယ် ကလေးငယ် ၁ယောက်အပါအဝင် ၃ယောက်သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူ ၃ယောက်ရှိခဲ့ကြောင်း Chaung U Revolution ထံက သိရပါတယ်။

မေလ ၁၀ရက်၊ ဒီနေ့ နေ့လယ်ပိုင်းမှာ ချောင်းဦးမြို့နယ်၊ အနိမ့်ကျေးရွာကို မုံရွာနမခတက် Paramotor စက်တပ်လေထီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အသက်၁၂နှစ်အရွယ် ကလေးငယ်၁ယောက်နဲ့ အသက် ၃၀အရွယ် အမျိုးသား၂ယောက် သေဆုံးခဲ့ပြီး အသက်၅နှစ်အရွယ်ကလေး၁ယောက်အပါအ၀င် ထိခိုက်ဒဏ်ရာရရှိသူ ၃ယောက်ရှိခဲ့ကြောင်း သိရပါတယ်။
သေဆုံးသူ ၃ယောက်ထဲမှာ ရှင်ပြုအလှူပြုလုပ်မယ့် အလှူ့ဒါယိကာနဲ့ မောင်ရှင်လောင်းသားအဖပါဝင်ပြီး အလှူ့ဒါယိကာမနဲ့ နားထွင်းသမီးငယ်တို့လည်း ထိခိုက်ဒဏ်ရာ ကိုယ်စီရရှိခဲ့တယ်လို့ Chaung U Revolution က ထုတ်ပြန်ပါတယ်။

ရှင်ပြုနားသအလှူကို ဘုန်းကြီးကျောင်းမှာ မကျင်းပခင်တစ်ရက်အလို အလှူအဝင်နေ့မှာပဲ အကြမ်းဖက်စစ်ကောင်စီက အခုလို ဗုံးသီးတွေ ကြဲချတိုက်ခိုက်ခဲ့တာကြောင့် အလှူရှင်မိသားစုထိခိုက်ခဲ့တာ ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပုံစာ – စစ်ကောင်စီ၏ စက်တပ်လေထီးဖြင့် ဗုံးသီးကြဲချခံရသည့် နေအိမ်မြင်ကွင်း
ဓာတ်ပုံ – Chaung U Revolution News
0 Shares:
You May Also Like
Read More

မြန်မာ့သမိုင်းမှာ အာဏာသိမ်းမှု ဆိုးကျော့သံသရာကိုသာ ဖော်ဆောင်တဲ့ စစ်တပ်ကို ပြည်သူတွေ အယုံမလွယ်ဖို့ NUCC နဲ့ NUG တိုက်တွန်းသတိပေး

စစ်ကောင်စီက ဖိတ်ခေါ်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးမှုဟာ PDF နဲ့ တိုင်းရင်းသားလက်နက်ကိုင်အင်အားစုတွေကြားမှာ သပ်လျှိုသွေးခွဲတဲ့ လုပ်ရပ်သာဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံ ကောင်စီ(NUCC) နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တို့က ပူးတွဲအသိပေးကြေညာချက်တစ်ရပ် ထုတ်ပြန်လိုက်ပါတယ်။
Read More

စစ်ကိုင်းတွင် အကြမ်းဖက်စစ်တပ်နှင့် ကာကွယ်ရေးတပ်တို့ တိုက်ပွဲဖြစ်၊ စစ်သား ၃ ဦး သေပြီး တော်လှန်ရေးရဲဘော် ၁ ဦး ကျဆုံး

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်ထဲကို စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်နဲ့ ကာကွယ်ရေးတပ်တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး နှစ်ဖက် သေဆုံးမှုရှိခဲ့တယ်လို့ Thunderbird People’s Defense Force - မိုးကြိုးငှက်အဖွဲ့ - စစ်ကိုင်းက အောက်တိုဘာ ၁၃ရက် ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

၂၀၂၅ ဒီဇင်ဘာလထဲမှာ ရွေးကောက်ပွဲကိုကျင်းပနိုင်အောင် လုံခြုံရေးကို အထူးဂရုစိုက်ဖို့ မင်းအောင်လှိုင်က မှာကြား

အခုနှစ် ဒီဇင်ဘာလထဲမှာ နိုင်ငံတစ်ဝန်းမှာ ရွေးကောက်ပွဲကျင်းပနိုင်ဖို့ လုံခြုံရေးကို အထူး ဂရုစိုက်ဖို့ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကပြောကြားလိုက်ပါတယ်။
Read More

ကြို့ပင်ကောက်မှာ စစ်ကောင်စီရဲ့ သတင်းပေးနဲ့ လမ်းပြဒလန်တွေ ဆက်တိုက် ရှင်းလင်းခံနေရ

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်က ကျေးရွာတွေမှာ စစ်ကောင်စီရဲ့ သတင်းပေးနဲ့ လမ်းပြဒလန်တွေကို ရှင်းလင်းမှုတွေ ဆက်တိုက်လုပ်ဆောင်လုပ်ခဲ့တယ်လို့ Dragon Brothers (GBK-PDF) က ထုတ်ပြန်လာပါတယ်။
Read More

KNU မူတြော်ခရိုင် (၁၁) ကြိမ်မြောက် ကရင်လူငယ်အစည်းအရုံးကွန်ဂရက်မှာ ခရိုင်လူငယ်ခေါင်းဆောင်တွေ မဲပေးရွေးချယ်ခဲ့

ကရင်အမျိုးသားအစည်းအရုံး - KNU တပ်မဟာ ၅ နယ်မြေ မူတြော်ခရိုင်မှာ (၁၁) ကြိမ်မြောက် ကရင်လူငယ်အစည်းအရုံး ကွန်ဂရက်အစည်းအဝေးကို ဇန်နဝါရီလ ၁၄ ရက်ကနေ ၁၅ ရက်နေ့အထိ နှစ်ရက်ကြာ လူသောမြို့နယ်၊ ပေးကေးကျေးရွာအုပ်စုမှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ဝက်လက်နယ် အရှေ့တောင်ခြမ်းကို စစ်အုပ်စု လေကြောင်း ဗုံးကြဲ၍ လသားအရွယ် ကလေးတစ်ဦးအပါ လေး​ဦး သေဆုံး

စစ်ကိုင်းတိုင်း၊ ဝက်လက်နယ်အရှေ့တောင်ခြမ်းကို အကြမ်းဖက်စစ်အုပ်စုက လေကြောင်းဗုံးကြဲလို့ လသားအရွယ်ကလေးတစ်‌ ယောက်အပါအဝင် လေးယောက် သေဆုံးသွားတယ်လို့ ဝက်လက်နယ်ခံ ကိုဖေဖော်ဝါရီဝမ်းက ပြောပါတယ်။